နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သန်လျင်ဖန်ချက်စက်ရုံ အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

 

ဖန်ထည်ပစ္စည်း ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၄


ရန်ကုန်တိုင်းဒေသကြီး  သန်လျင်မြို့နယ် ရှိ    မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သန်လျင်ဖန်ချက်စက်ရုံ   အဆင့်မြှင့်တင် ဖွင့်လှစ်ခြင်း   အခမ်းအနားအား   ယနေ့ နံနက်ပိုင်းတွင်              ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     တက်ရောက်ဖွင့်လှစ် သည်။

 


အခမ်းအနားသို့            နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ           ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်၊   ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး       ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်    တိုင်းမှူး၊ မြို့တော်ဝန်နှင့် မြန်မာစီးပွားရေး ကော်ပို ရေးရှင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ  တက်ရောက်ကြသည်။

 


ဦးစွာ        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  အဖွဲ့ဝင်၊  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု  ကော်မရှင်ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊               စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာချာလီ သန်းနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ  ဒုတိယ  ဗိုလ်ချုပ်ကြီး  ညိုစောတို့က ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ကြသည်။    ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က      သန်လျင်ဖန်ချက်စက်ရုံ ဆိုင်းဘုတ်အား        စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးပြီး အခမ်းအနားတက်ရောက်လာကြ သူများနှင့်အတူ              အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။ 

 


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်  အခမ်းအနားတက်ရောက်လာကြသူ များသည်  စက်ရုံအတွင်း   လှည့်လည် ကြည့်ရှုကြသည်။   ထို့နောက်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က  ဖန်ချက်မီးဖို (FURNACE) အား   စက်ခလုတ်နှိပ်မီးညှိ   ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်း      ဆက်လက်လှည့်လည် ကြည့်ရှုကြသည်။

 


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်     အဖွဲ့ဝင်များသည်      ဖန်ချက်စက်ရုံ (Documentary Video) အားကြည့်ရှု ကြပြီး      နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က ဖန်ပုလင်းများ     သုံးစွဲမှုဖြင့်    သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို             လျှော့ချနိုင် ကြောင်း၊ ယခုကဲ့သို့ ဖန်ထည်ပစ္စည်းများ ကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ် နိုင်ခြင်းကြောင့်      ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်  ဖြစ်သဖြင့်   နိုင်ငံခြားငွေ သုံးစွဲမှုကို  လျှော့ချနိုင်ကြောင်း၊ ပြည်တွင်း အလုပ်အကိုင်           အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်သဖြင့်          အောင်မြင်အောင် ဆောင်ရွက်သွားရမည်          ဖြစ်ကြောင်း မှာကြားသည်။

 


ယင်းနောက်           မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့်       စက်ရုံတည်ဆောက်ရေး တာဝန်ရှိသူတစ်ဦးတို့က      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်ထံ  စက်ရုံဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ          ပေးအပ်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က     စက်ရုံတည် ဆောက်ရေး           တာဝန်ရှိသူတစ်ဦးအား ဂုဏ်ပြုသစ်သီးခြင်းကို ပေးအပ်သည်။

 


မြန်မာနိုင်ငံ၏   ဖန်ချက်လုပ်ငန်းကို ပုဂံခေတ်တွင်        အစောဆုံးတွေ့ရှိရပြီး ဖန်ချက်ပညာသည်    ကုန်းဘောင်ခေတ် နှောင်းပိုင်းကာလများတွင် များစွာအဆင့် အတန်းမြင့်မားခဲ့သည်ကို               တွေ့ရှိရ ကြောင်း၊ ယခု မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊   သန်လျင်   ဖန်ချက်စက်ရုံအား
၁၉၆၇ ခုနှစ်တွင်  စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး အဆင့်ဆင့် တိုးချဲ့ထုတ်လုပ်မှု များ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဖန်ပုလင်းအသုံးပြုမှုအတွက် ပြည်ပမှဖန် ပုလင်းများ  တင်သွင်းနေရမှုကို  လျှော့ချ နိုင်ရန်အတွက် ၂၀၁၈ ခုနှစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် စက်ရုံ အဆင့်မြှင့်တင်မှုအား     ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊    ယခု      အဆင့်မြှင့်တင် တည်ဆောက်ထားသည့်             သန်လျင် ဖန်ချက်စက်ရုံမှ တစ်ရက်လျှင် ဖန်တန် ချိန်  ၃၀၀ ကို  ထုတ်လုပ်နိုင်ပြီး   ပျမ်းမျှ ပုလင်း   အလုံးရေလေးသိန်းကျော်အား  ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့်      နိုင်ငံ အတွက်လိုအပ်သည့်    ဖန်ပုလင်းများကို  ပြည်တွင်း၌  လုံလောက်စွာ   ထုတ်လုပ် ပေးနိုင်တော့မည်ဖြစ်ကြောင်း    သတင်း ရရှိသည်။


သတင်းစဉ်