
နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီအဖွဲ့ဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီးမောင်မောင် ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အနီးစခန်းရှိ RVK Myanmar Co.Ltd သို့ ငှားရမ်း ဆောင်ရွက်ထားသည့် မြန်မာ့ စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း စက်ရုံ(ပြင်ဦးလွင်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ စက်ရုံအစည်းအဝေး ခန်းမတွင် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး ဆန်းဦးက စက်ရုံသမိုင်း အကျဉ်း၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်၏ (ASEAN OSHNET) အား ၂၀၁၈ ခုနှစ်တွင် စတုတ္ထဆုရရှိခဲ့မှုနှင့် ၂၀၂၀ ပြည့် နှစ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ရာ Excellent Award ဆုကို မြန်မာနိုင်ငံကိုယ်စားရရှိခဲ့မှုအခြေအနေ၊ စက်ရုံအတွင်း ဌာနအလိုက် ဝန်ထမ်းများ ခန့်အပ်ထားရှိမှု အခြေအနေ၊ စက်ရုံမှ ဆေးဝါးများ နှစ်အလိုက် ထုတ်လုပ်ခဲ့မှုနှင့် ပြင်ပဌာနများသို့ ကူညီဆောင်ရွက် ပေးနေမှု အခြေအနေ၊ ဆေးများ အရည်အသွေးပြည့်မီစွာ ထုတ် လုပ်နိုင်ရေး အရည်အသွေး စစ်ဆေးမှုများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံအတွက် အဓိက လိုအပ်သည့် ဆေးဝါးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့် ဆေးဝါး များအား သုတေသနပြု၍ ပြည့်မီ စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက် ရန်၊ ဆေးဝါးများထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြည်တွင်းလိုအပ် ချက်ရှိသည့် ဆေးဝါးများအနက်မှ မိမိတို့ပြည်တွင်း၌ ထုတ်လုပ်နိုင် သည့် ဆေးဝါးများပြည့်မီအောင် ပြည်တွင်း၌ စွမ်းအားပြည့် ထုတ် လုပ်နိုင်ရေးအတွက် ဈေးကွက် လိုအပ်ချက်အား သုတေသန ပြုလုပ်၍ဆောင်ရွက်ရန်၊ အရည် အသွေးပြည့်မီသော ကုန်ကြမ်း များ အသုံးပြု၍ အရည်အသွေး ပြည့်မီသည့် ဆေးဝါးများ ထုတ် လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ မိမိတို့ နိုင်ငံတွင်း အဖြစ်အများဆုံး ရောဂါများကို သုတေသနပြု၍ လိုအပ်သည့်ဆေးဝါးများ ထုတ် လုပ်နိုင်ရေးနှင့် ပြည်သူများ အတွက် အဓိကအထောက်အကူ ပြု အကျိုးပြုသည့် ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း လူ့အသက်ထက် အရေးကြီးသည်မှာ မရှိဟူသော မူဝါဒအတိုင်း လိုအပ်သည့် ဆေးဝါးများကို ပြည်ပနိုင်ငံများမှ တင်သွင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ချိန်တွင် အခက်အခဲများ ဖြစ်ပေါ် ခဲ့ခြင်းကြောင့် ပြည်တွင်း၌ လိုအပ်သည့် အခြေခံဆေးဝါးများ ကို ပြည့်မီအောင် ထုတ်လုပ်ရန် မှာကြားပြီး တာဝန်ရှိသူများအား လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကို မေးမြန်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သည် စက်ရုံမှ ထုတ်လုပ်ထားသည့် ဆေးဝါးများအား ကြည့်ရှု၍ စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စက်ရုံအတွင်းရှိ အရည် အသွေးစစ်ဆေးရေးဌာန၊ သောက် ဆေးရည်ဌာန၊ ထိုးဆေးအမှုန့် ထုတ်လုပ်ရေးဌာန၊ ဆေးပြား၊ ဆေးတောင့် ထုတ်လုပ်ရေးဌာန၊ ကုန်ကြမ်း၊ ကုန်ချောထိန်းသိမ်း ရေးဌာနတို့အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးများအရည်အသွေးပြည့်မီစွာဖြင့် ထုတ် လုပ်ဖြန့်ဖြူးခြင်းများကို ဆောင် ရွက်သည့်အပြင် ပြည်သူများ အလွယ်တကူရရှိသုံးစွဲနေကြသည့် စပ်ဆေးများ၏ ဘေးထွက်ဆိုးကျိုး များကိုလည်း ကျန်းမာရေး အသိပညာပေးရန် လိုအပ်သည့် အခြေအနေများနှင့် အခြားလိုအပ် သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါ RVK Myanmar Co.Ltd သို့ ငှားရမ်းဆောင်ရွက် ထားသည့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်၊ မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်းစက်ရုံ (ပြင်ဦးလွင်) မှ အာရုံကြောအားဆေးများ၊ ဆီးချို ရောဂါကုသဆေး၊ သွေးတိုးနှင့် နှလုံးရောဂါ ကုသဆေးများ၊ အကိုက်အခဲပျောက်အရောင်ကျ ဆေး၊ ဗိုက်တာမင် ဘီအုပ်စု အားဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ လက်သန့်ဆေးရည်၊ စွမ်းအင် ဖြည့်ရန်နှင့် အီလက်ထရိုလိုက် ညှိထိန်း ဖျော်ရည်မှုန့်တို့အား ခေတ်မီစက်ကိရိယာများ အသုံးပြု ထုတ်လုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ ဝင်များသည် ပြင်ဦးလွင်ဘူတာသို့ ရောက်ရှိကြပြီး ဘူတာအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထားဌာန အထွေထွေ မန်နေဂျာ (အထက်မြန်မာပြည် အုပ်ချုပ်ရေး) ဦးစိုင်းသော်လင်း၊ ရုံပိုင်ကြီး (အထူးတန်း) ဦးသိန်း ကျော်ဌေးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြ သည်။
ရှေးမူမပျက်ထိန်းသိမ်း
ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်ဘူတာသည် ခရီးသွား များအတွက် အကျိုးရှိသည့် နေရာ တစ်ခုဖြစ်ကြောင်း၊ မန္တလေး- ပြင်ဦးလွင်- နောင်ချိုရထားလမ်း များအား ရထားများ အဆင်ပြေ ချောမွေ့စွာဖြင့် ပြေးဆွဲ၍
ရထားမောင်းချိန်များ လျှော့ချ နိုင်ရေးအတွက် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရထား လမ်းများအား စနစ်တကျ ထိန်းသိမ်းခြင်းများဆောင်ရွက်နေရန်လိုကြောင်း၊ ခရီးသွား များ အဆင်ပြေစေရေးအတွက် ရထားလမ်း ပလက်ဖောင်းများ အား တိုးချဲ့ဆောက်လုပ်ရန် လိုကြောင်း၊ ပြင်ဦးလွင်ဘူတာရုံ အဆောက်အဦသည် ရှေးဟောင်း အဆောက်အဦဖြစ်သဖြင့် ရှေးမူ မပျက်ထိန်းသိမ်း၍ ရေရှည် တည်တံ့အောင် ဆောင်ရွက်ရန် လိုကြောင်းဖြင့် မှာကြားသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ပြင်ဦးလွင်မြို့ ကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိ ကြရာ ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က ကန်တော်ကြီး ရေလှောင်ကန် ရေရှည်တည်တံ့စေရေး အဆင့် လိုက် ပြုပြင်ထိန်းသိမ်း ဆောင် ရွက်နေမှုနှင့်ကန်အတွင်း ရေဝင် ရောက်မှုရှိစေရေးအတွက် ဆောင် ရွက်လျက်ရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကန်တော်ကြီး ရေလှောင်ကန် တည်တံ့စေရေးအတွက် ဆောင် ရွက်ရန် လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ ကန်တော်ကြီး ရေလှောင်ကန်တွင်း ရေဝင်ရောက် မှု နည်းပါးနေသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ယခုနှစ် စက်တင်ဘာလအတွင်း ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ခရီးစဉ်တွင် ကန်တော်ကြီး ရေလှောင်ကန်၏ ရေဝေရေလဲ ကောင်းမွန်စေရေးနှင့် ရေဝင် ရောက်မှုများ များပြားစေရေး အတွက် လမ်းညွှန်မှာကြားချက် အရ သက်ဆိုင်ရာဌာနများမှ ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ ရာ ကန်တော်ကြီးအတွင်းရေဝင် ရောက်မှုမှာ ယခင်နှစ် ကာလတူ တွင် ရေလှောင်ကန်အတွင်း ရေ အမှတ် ၁၁ ပေ သာရှိခဲ့ရာမှ ယခု အခါတွင် ၁၉ ဒသမ ၄ ပေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်