နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

နေပြည်တော် ဇွန်  ၁၁


နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီ       ဥက္ကဋ္ဌ       နိုင်ငံတော် ဝန်ကြီးချုပ်           ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ထံ    မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ် ကြီးအဖြစ်   ခန့်အပ်ရန်   သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mrs. Ponnamperuma Arachige Prabashini  Ponnam-peruma သည် ယနေ့နံနက် ၁၀ နာရီ  ၄၅ မိနစ်တွင် နေပြည်တော် ရှိ          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌   ၎င်း၏   သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။


ရင်းရင်းနှီးနှီးဆွေးနွေး


ထို့နောက် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ဆိုင်ရာ ကိစ္စရပ်များ၊  မြန်မာနိုင်ငံမှ ရဟန်းသံဃာများနှင့်  သာသနာ့ နွယ်ဝင်သီလရှင်များ သီရိလင်္ကာ နိုင်ငံတွင်  ပညာသင်ကြားလျက်ရှိ မှုနှင့် သီရိလင်္ကာနိုင်ငံရှိ ထေရ်ကြီး ဝါကြီး    ဆရာတော်ကြီးများအား မြန်မာနိုင်ငံမှ        သာသနာတော် ဆိုင်ရာ        ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လျက်ရှိမှု   အခြေအနေ များ၊          ခရီးသွားလုပ်ငန်းများ တိုးတက်ရေးအတွက်   ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ    ကိစ္စရပ် များ၊ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုများ   မြှင့်တင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ၊          ဆေးဝါး ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ   ကိစ္စရပ် များနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စ ရပ်များတွင်  ပူးပေါင်းဆောင်ရွက် မှုများ  တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ    သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးတို့သည်  စုပေါင်း မှတ်တမ်းတင်        ဓာတ်ပုံရိုက်ကြ သည်။


အဆိုပါ  သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲသို့   ကောင်စီတွဲဖက် အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊  ဒုတိယဝန်ကြီးချုပ် နှင့်    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်        နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်         ဦးဝဏ္ဏဟန်တို့  တက်ရောက်ခဲ့ကြကြောင်း  သတင်း ရရှိသည်။                  

သတင်းစဉ်