နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE) သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

နေပြည်တော်  ဇွန်   ၁၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ  မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (UAE)  သံအမတ်ကြီးအဖြစ်    ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Mutaz Abdullah    Abdulijaleel Mohamed  AI  Faheem  သည် ယနေ့နံနက်   ၁၀   နာရီတွင်    နေပြည်တော်ရှိ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။                                              

ထို့နောက် နှစ်နိုင်ငံအကြား သံတမန်    ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊           လေကြောင်း တိုက်ရိုက်ပျံသန်းမှုများ   တိုးချဲ့ ဆောင်ရွက်ရေးဆိုင်ရာ   ကိစ္စရပ် များ၊ နှစ်နိုင်ငံအကြား ခရီးသွား ကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့်အခြား ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများ      တိုးမြှင့်ရေးကိစ္စရပ်များ၊ နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်   ပြည်သူများ လိုလားသည့်   ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်       ခိုင်ခိုင် မာမာရှိစေရေး  ဆောင်ရွက်လျက် ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊    လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေး       ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု    အခြေအနေ များ၊  ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နေရပ်စွန့်ခွာသူများကို     မြန်မာ-ဘင်္ဂလားဒေ့ရှ်  နှစ်နိုင်ငံ သဘော တူညီချက်များနှင့်အညီ         စိစစ် ဆောင်ရွက်လျက်ရှိမှုအခြေအနေ များနှင့် စပ်လျဉ်းပြီး    ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

 

မှတ်တမ်းတင်ဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   မြန်မာ နိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(UAE) သံအမတ်ကြီးတို့သည်   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


အဆိုပါ  သံအမတ်ခန့်အပ်လွှာ ပေးအပ်ပွဲသို့    ကောင်စီတွဲဖက် အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ် နှင့်    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်   နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်       ဦးဝဏ္ဏဟန်တို့   တက်ရောက်ခဲ့ကြကြောင်း  သတင်း ရရှိသည်။                        

သတင်းစဉ်