နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွန့်နှင့် စည်သူဗိုလ

နေပြည်တော်  ဒီဇင်ဘာ  ၅


နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊      နိုင်ငံတော် ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့်        ဦးမောင်မောင်အုန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ် ရေး ဦးစီးချုပ်ရုံးမှ     တပ်မတော် အရာရှိကြီးများ၊    ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်  တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဟောင်း)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက   ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွန့်နှင့် စည်သူ ဗိုလ်ကလေးတင့်အောင်    တို့ကို သွားရောက်တွေ့ဆုံ၍   ကျန်းမာ ရေးဆိုင်ရာ  အခြေအနေများအား ရင်းရင်းနှီးနှီး   မေးမြန်းအားပေး စကားပြောကြားသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်  ဗဟန်း မြို့နယ်  သံလွင်လမ်းရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ဟောင်း) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၏နေအိမ်သို့ သွားရောက် ၍     ရင်းရင်းနှီးနှီး  နှုတ်ဆက်ပြီး ကျန်းမာရေးအခြေအနေများအား မေးမြန်းအားပေးစကားပြောကြား သည်။ 


ယင်းနောက်    အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့်   ကောင်စီအဖွဲ့ ဝင်၊     တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု       ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် မိတ်ဆက်ပေးပြီး    ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍     လိုအပ်ချက်များ ရှိပါက           အချိန်တိုအတွင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ တပ်မတော်ဆေးရုံများတွင် လိုအပ် သည့် ဆေးကုသမှုများခံယူနိုင်ရေး တို့အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး ကာ  အားဖြည့်ငှက်သိုက်များနှင့် တပ်မတော်စက်ရုံထုတ်စားသောက် ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်သည်  မရမ်းကုန်းမြို့ နယ်ရှိ နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဝန်ကြီး ချုပ်(ဟောင်း)၊       ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွန့်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံ၍ ကျန်းမာရေး  အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြား သည်။



ထို့နောက်     အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသူများနှင့်  တစ်ဦး ချင်း မိတ်ဆက်ပေးပြီး  ကျန်းမာ ရေးအခြေအနေများနှင့် ပတ်သက် ၍  လိုအပ်ချက်များအား  အချိန် နှင့်တစ်ပြေးညီ  ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေး၊     တပ်မတော် ဆေးရုံများတွင်     ဆေးကုသမှု များ     ခံယူနိုင်ရေးတို့အတွက်   တာဝန်ရှိသူများနှင့်      ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ    အားဖြည့်      ငှက်သိုက်များနှင့်         တပ်မတော်          စက်ရုံထုတ် စားသောက် ဖွယ်ရာ      ပစ္စည်းများ ပေးအပ်သည်။ 
ယင်းနောက်       မြန်မာနိုင်ငံ၏ နိုင်ငံရေး       ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊   နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ် တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားပူဇော်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ နှင့်ပတ်သက်၍ တင်ပြခဲ့ပြီး ကျန်းမာ ရေးဆိုင်ရာများနှင့် ပတ်သက်၍ ရင်းနှီးနွေးထွေးစွာ  အားပေးစကား ပြောကြားခဲ့သည်။


သွားရောက်ကြည့်ရှု


ဆက်လက်၍     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ ဝင်များနှင့်အတူ  ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ  SSC အထူးကုဆေးရုံ ကြီးတွင် တက်ရောက်ဆေးကုသ မှု     ခံယူလျက်ရှိသည့်   စည်သူ ဗိုလ်ကလေး        တင့်အောင်အား သွားရောက်ကြည့်ရှုပြီး ကျန်းမာ ရေးအခြေအနေများနှင့် ပတ်သက် ၍ မိသားစုများကို မေးမြန်းကာ ကျန်းမာရေး       ကုသမှုအတွက် ထောက်ပံ့ငွေများ၊       အားဖြည့် ငှက်သိုက်များနှင့်   တပ်မတော် စက်ရုံထုတ်   စားသောက်ဖွယ်ရာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။ 
သတင်းစဉ်