နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်   ဇွန်    ၈
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား  (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။                                                    
အဆိုပါ       အခမ်းအနားသို့ နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အတူ      ကောင်စီတွဲဖက် အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ် ကြီး    တင်အောင်စန်း၊    ဒုတိယ ဗိုလ်ချုပ်ကြီး   ညိုစော၊ မန်းငြိမ်း မောင်၊ ခွန်စံလွင်၊    ပြည်ထောင်စု ဝန်ကြီးများ၊   ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ         အဆင့်မြင့် တပ်မတော်           အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဆောက်လုပ်ရေး     ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊        ဂျပန်တံတား တည်ဆောက်ရေး အင်ဂျင်နီယာ အဖွဲ့   Nippon Koei ကုမ္ပဏီမှ တာဝန်ရှိသူများ၊    ဌာနဆိုင်ရာ တာဝန်ရှိသူများ   တက်ရောက်ကြ သည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များသည်  အခမ်းအနားပြုလုပ်မည့် နေရာသို့ ရောက်ရှိကြရာ   တာဝန်ရှိသူများ က    ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်        ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ဖွင့်ပွဲ အခမ်းအနားကို      စတင်ကျင်းပ ပြုလုပ်ရာ  ဆောက်လုပ်ရေးဝန်ကြီး ဌာန           ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား          အမှတ်-၃) တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
  လွှဲပြောင်းပေးအပ်
ယင်းနောက်     ပဲခူးမြစ်ကူး တံတား(သန်လျင်တံတားအမှတ်- ၃) တည်ဆောက်ခြင်း Docum-entary Movie   ကို   တင်ပြပြီး တံတားတည်ဆောက်ခြင်း ဆိုင်ရာ စာရွက်စာတမ်းများကို    ဂျပန် တံတားတည်ဆောက်ရေး အင်ဂျင် နီယာအဖွဲ့ Nippon Koei ကုမ္ပဏီ မှ Mr. Togo က ဆောက်လုပ်ရေး ဝန်ကြီးဌာန       တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်     ဦးကျော် ကောင်းချိုထံသို့          လွှဲပြောင်း ပေးအပ်သည်။ 
ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ ပဲခူး မြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်လှစ်ခြင်းအထိမ်း အမှတ် လက်ဆောင်ကို ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဂါရဝပြုပေးအပ်သည်။
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   ပဲခူး မြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃)  ဖွင့်လှစ်ခြင်းအထိမ်း အမှတ်အဖြစ်       အမှာစကား ပြောကြားရာတွင်   ယနေ့သည် မြန်မာပြည်သူလူထု၏ လူမှုစီးပွား ဘဝ      ပိုမိုမြင့်မားလာစေရေး အတွက်     အရေးပါသည့်    ပဲခူး မြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃)ကို အောင်မြင်စွာ တည် ဆောက်ဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူဖွယ်ရာနေ့       တစ်နေ့ဖြစ် သကဲ့သို့ မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့်  ရန်ကုန်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် သာမကဘဲ    မြန်မာပြည်သူများ အားလုံးအတွက်ပါ   ကျက်သရေ မင်္ဂလာအပေါင်းနှင့်   ပြည့်စုံသည့် နေ့တစ်နေ့ဖြစ်ကြောင်း။
ခိုင်ခံ့လှပထည်ဝါစွာ   တည်ဆောက်ခဲ့
ရန်ကုန်တိုင်း      ဒေသကြီး သာကေတမြို့နယ်နှင့်    သန်လျင် မြို့တို့ကို   ဆက်သွယ်ထားသည့် အရှည် ၈,၆၃၈(ရှစ်ထောင့်ခြောက် ရာသုံးဆယ့်ရှစ်) ပေရှိသည့် ပဲခူး မြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) လေးလမ်းသွားတံတား သစ်ကြီးကို ဂျပန်နိုင်ငံအပြည်ပြည်   ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)မှ သက်သာသည့် ချေးငွေဖြင့်   အကောင်အထည် ဖော်          ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ယခုတံတားကို  အခြား တံတားဒီဇိုင်းများနှင့်   မတူစေဘဲ ရန်ကုန်မြို့၏   အထင်ကရ အမှတ် အသား(Landmark)   ဖြစ်စေရန် အတွက် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)ဖြင့် ခိုင်ခံ့ လှပထည်ဝါစွာ   တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း။

ယခုတံတားကြီး တည်ဆောက် နိုင်ရန်အတွက်   ၂၀၁၇   ခုနှစ်တွင် ချေးငွေသဘောတူစာချုပ်  ချုပ်ဆို ခဲ့ပြီး   ၂၀၁၉   ခုနှစ်တွင်   စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁   ခုနှစ်တွင်   နိုင်ငံရေးအခြေ အနေများကြောင့်   တံတားတည် ဆောက်ရေးလုပ်ငန်း၊    ချေးငွေ ကိစ္စရပ်များ     တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ် ညှိနှိုင်းချက်များအရ ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊   သို့သော်   ရန်ပုံငွေ သုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာခြင်းကြောင့်       နိုင်ငံတော်မှ ကျပ် ၄၆ ဘီလီယံကျော်ထည့်ဝင် ကျခံပြီး  တံတားကြီးတည်ဆောက် ပြီးစီးရေး    ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ယခုအခါ တံတားကြီးကို အောင်မြင်စွာ  တည်ဆောက်နိုင်ခဲ့ ပြီဖြစ်ကြောင်း။ 
လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အရေးကြီး
မိမိတို့          နိုင်ငံတစ်ဝန်းတွင် အေးအတူပူအမျှ          လက်တွဲပြီး မှီတင်းနေထိုင်ကြသည့်  တိုင်းရင်း သား     ညီအစ်ကိုမောင်နှမများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့်    နိုင်ငံတော်    ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး      ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေး     ကဏ္ဍ သည် အလွန်အရေးကြီးကြောင်း၊ လမ်းပန်း             ဆက်သွယ်ရေး ကောင်းမွန်လာရေးအတွက် ပထဝီ အနေအထားအရ သဘာဝအတား အဆီးဖြစ်သည့်       နေရာများတွင် တံတားများ    တည်ဆောက်ပေး ခြင်း၊   လမ်းများကို    ရာသီမရွေး သွားလာနိုင်အောင်      ဖောက်လုပ် ခြင်းနှင့်    အဆင့်မြှင့်တင်ခြင်းများ ကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊    ထို့အပြင် မြို့ပြဒေသများသာမက     ဝေးလံ ခေါင်ပါးသည့်  နယ်စပ်ဒေသများပါ မကျန်  အချိုးညီညီ   ဖွံ့ဖြိုးတိုးတက် စေရေးအတွက်  လမ်းများ အဆင့် မြှင့်တင်ပေးခြင်း၊   လမ်းကွန်ရက် များ     တိုးချဲ့ခြင်းတို့ကို   အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း။
ရန်ကုန်မြို့သည်  မြန်မာနိုင်ငံ ၏   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်   အဓိက      မြို့တော်ကြီး တစ်မြို့ဖြစ်သကဲ့သို့      ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ    လူဦးရေတိုးပွားလာမှုတို့ ကြောင့်    တစ်နေ့တာသွားလာ သည့်  ယာဉ်အစီးရေသည်လည်း သိသိသာသာ  တိုးမြင့်လာသည် ကို   တွေ့ရကြောင်း၊  ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်‌ကြောသွားလာမှု စနစ်တကျ ဖြစ်စေရေးအတွက်      ခုံးကျော် တံတားများ တည်ဆောက်ခြင်းနှင့် လေးလမ်းသွား   မြစ်ကူးတံတား ကြီးများ   တည်ဆောက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်း များကြောင့်    လက်ရှိဖြစ်ပေါ်နေ သည့် ယာဉ်ကြောပိတ်ဆို့နေမှုကို လျှော့ချနိုင်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာမည်ဖြစ်သည့်အတွက် ပြည်သူလူထု၏ စီးပွားရေး၊ လူမှု ရေးနှင့်    ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်      ဖြစ် ကြောင်း၊  နိုင်ငံတော်အစိုးရအနေ ဖြင့်    နိုင်ငံတော်၏    အမျိုးသား အကျိုးစီးပွားများ ဖြစ်ပေါ်လာစေ ရန်   မပြတ်သော သတိ၊    မလျော့ သော   ဝီရိယများနှင့်   ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နိုင်ငံရေး၊   စီးပွားရေး၊    လူမှုရေး စသည့်ကဏ္ဍများတွင်        အခွင့် အလမ်းကောင်းများ     ပိုမိုရရှိလာ မည်ဟူသည့် အကြောင်းကိုလည်း ပြောကြားလိုကြောင်း။
လူမှုစီးပွားဘဝ  တိုးတက်လာမည်
ယခုအခါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား     အမှတ်- ၃) လေးလမ်းသွား  တံတားသစ်ကြီး ကို         ဖွင့်လှစ်လိုက်ပြီဖြစ်သည့် အတွက် သန်လျင်တံတားအမှတ် (၁)တွင်    ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်း ပေးနိုင်တော့မည် ဖြစ်သည့်အပြင် သီလဝါ   အထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီး       ပြည်တွင်း၊ ပြည်ပ     စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့်    ရန်ကုန်မြို့ အပါအဝင်   ရန်ကုန်တောင်ပိုင်း ခရိုင်        မြို့နယ်များဖြစ်သည့် သန်လျင်၊   ကျောက်တန်း၊  ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏  လူမှု စီးပွားဘဝ  တိုးတက်လာမည်ဖြစ် ကြောင်း၊   နောင်အခါတွင်  အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမ ကြီးကို  အသုံးပြုပြီး ဘားအံမြို့-မြဝတီမြို့အထိ ဆက်စပ်သွားလာ နိုင်တော့မည်   ဖြစ်သည့်အတွက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့၏    ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်း နိုင်ငံများနှင့်ပါ   ဆက်သွယ်မှု  ပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း။
ယခုကဲ့သို့ လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်လာခြင်းနှင့်အတူ သီလဝါအထူးစီးပွားရေးဇုန်  ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏   စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော “တိုးတက်ကောင်းမွန် လာသည့်   စီးပွားရေးမောင်းနှင် အားကို    မဏ္ဍိုင်ပြု၍   MSME စက်မှုလုပ်ငန်းများကို  အားပေး ဆောင်ရွက်ကာ     ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးနှင့်        ပြည်တွင်း ထုတ်ကုန်များကို နိုင်ငံတွင်းဖူလုံမှု  မှသည် ပြည်ပသို့ တင်ပို့နိုင်သည် အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဟူသည့် အချက်များကို အကောင် အထည်ဖော်   ဆောင်ရွက်နိုင်ရန် အတွက် အထောက်အကူများစွာ ပြုစေမည်ဖြစ်ကြောင်း။
ထိန်းသိမ်းစောင့်ရှောက်
ယခုတံတားကြီး တည်ဆောက် ပြီးစီးခြင်းနှင့်အတူ ဒေသခံပြည်သူ များ၏    လူမှုစီးပွားဘဝသာမကအလုပ်အကိုင်အခွင့်အလမ်းများပွင့်လန်းလာပြီး  ခရီးသွားပြည်သူ များလွယ်ကူလျင်မြန်စွာ ဖြတ်သန်း သွားလာနိုင်ပြီ    ဖြစ်သောကြောင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက်   တာဝန်ရှိသူများက ကြံ့ခိုင်ရေး      ကောင်းမွန်အောင် ပြုပြင်          ထိန်းသိမ်းရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်း များအတိုင်း   တိကျစွာလိုက်နာ ပြီး   ရေရှည်ကို  မျှော်မှန်းကာ ဆောင်ရွက်ကြရန်          လိုသကဲ့သို့ ဒေသခံများကလည်း   ဝိုင်းဝန်း ထိန်းသိမ်း    စောင့်ရှောက်ပေးကြ ရန်        တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်      ဝန်ကြီးချုပ်သည် တံတား   တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည့် တည်ဆောက်ရေး အင်ဂျင်နီယာအဖွဲ့အား   သစ်သီး ခြင်းနှင့်  လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်       ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)အား ဖဲကြိုးဖြတ် ဖွင့်လှစ်မည့်နေရာသို့ ရောက်ရှိကြပြီး  ကောင်စီတွဲဖက် အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ် ကြီး   ရဲဝင်းဦး၊    ကောင်စီဝင်များ ဖြစ်ကြသည့်        ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်      ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ် ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး  ဦးမျိုးသန့်နှင့် ရန်ကုန် တိုင်းဒေသကြီး      ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က      ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က     ပဲခူး မြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃)    ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်     ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေး သည်။   ဆက်လက်၍    ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီ ဝင်များနှင့်    တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာ  ရည်များ ပက်ဖျန်းပေးကြသည်။ 
ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား  တက်ရောက်လာကြသူများ သည်           ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား       အမှတ်-၃) ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ဆက်လက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်      ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား    အမှတ်-၃) ကမ္ပည်းမော်ကွန်း     ကြေးပြား ဖွင့်လှစ်မည့် တံတားအလယ်တိုင် (Pylon)သို့        ရောက်ရှိကြပြီး နိုင်ငံတော်စီမံ       အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ကမ္ပည်းမော်ကွန်း ကြေးပြား ကို   စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်များ    ပက်ဖျန်း ပေးကာ   ကောင်စီတွဲဖက်အတွင်း ရေးမှူး၊      ကောင်စီဝင်များနှင့် တာဝန်ရှိသူများက     ကမ္ပည်း မော်ကွန်းကြေးပြားကို     အမွှေး နံ့သာရည်များ     ပက်ဖျန်းပေးကြ သည်။ 
ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး      ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်    ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)အား ဖြတ်သန်းကြည့်ရှု၍ တည်ဆောက် ပြီးစီးမှု       အခြေအနေများကို စစ်ဆေးခဲ့ပြီး  တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်    လိုအပ် သည်များ မှာကြားသည်။  
အဆိုပါ  ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား     အမှတ်-၃) တည်ဆောက်ရေး     စီမံကိန်းကို ဂျပန်နိုင်ငံ    အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ( JICA)နှင့် မြန်မာနိုင်ငံ၊ စီမံကိန်း နှင့်      ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စီမံကိန်း အကောင်အထည်ဖော်  ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်၍ စီမံကိန်းလုပ်ငန်း အဆင့်အလိုက်       အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တံတား အရှည်အနေဖြင့်   မြစ်ကူးတံတား အပိုင်း   ၆၆၆၃  ပေ၊   ခုံးကျော် တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိ၍ တံတားအကျယ် ၇၅ ပေဖြစ်ကာ   လေးလမ်းသွား တံတားဖြစ်ပြီး    တစ်ဖက်လျှင် Safe Zone ၅ ပေစီပါရှိသည်။ တံတား၏    ရေလမ်းကင်းလွတ် အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်း ကင်းလွတ်အကျယ်မှာ  ၇၃၅  ပေ ဖြစ်၍ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ် ကာ  တံတားခံနိုင်ဝန်မှာ    ယာဉ် တစ်စီးချင်း ၇၅ တန်ဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခဲ့
ယခုကဲ့သို့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)    ကို  အောင်မြင်စွာ တည်ဆောက်ပြီးစီး ခဲ့သည့်အတွက်     သန်လျင်တံတား အမှတ်-၁ တွင်  ဖြစ်ပေါ်လျက်ရှိ သည့် ယာဉ်ကြောပိတ်ဆို့မှုများ အား     ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး   သီလဝါ   အထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ  စီးပွားရေးလုပ်ငန်းများ  တိုးပွား လာမှုကြောင့် ရန်ကုန်မြို့  အပါ အဝင်    ရန်ကုန်တောင်ပိုင်း   ခရိုင် မြို့နယ်များဖြစ်သည့်       သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏     လူမှုစီးပွားဘဝ တိုးတက်လာမည်    ဖြစ်ကြောင်း၊  သီလဝါ   အထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာ မည်သာမက    အရှေ့- အနောက် စီးပွားရေး     စင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်သော ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည် နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်း နိုင်ငံများနှင့်ပါ      ဆက်သွယ်မှု ပိုမို   ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ အဆင့်မြင့်        နည်းပညာဖြင့် ဆောက်လုပ်ထားသည့်   တံတား ဖြစ်သည့်အတွက် မြန်မာအင်ဂျင် နီယာများအနေဖြင့်        တံတား တည်ဆောက်ခြင်း ခေတ်မီနည်း ပညာနှင့် အတွေ့အကြုံများ ရရှိခဲ့ ပြီး      ကျွမ်းကျင်လုပ်သားများ လည်း ပေါ်ထွက်လာခဲ့ကြောင်းနှင့် အလုပ်အကိုင်  အခွင့်အလမ်းများ လည်း ပိုမိုရရှိစေခဲ့သည့်    အကျိုး ကျေးဇူးများရရှိခဲ့ကြောင်း သတင်း ရရှိသည်။                 သတင်းစဉ်