နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIKHOUN အား လက်ခံတွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIKHOUN နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   မေ   ၁၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ၏  မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်  H.E. Mr. Alounkeo KITTIKHOUN   နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး  သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။       
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    အတူ ကောင်စီတွဲဖက်   အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး    ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး   ထွန်းထွန်း နောင်၊   ဒေါက်တာ     စိုးဝင်းနှင့် တာဝန်ရှိသူများ  တက်ရောက်ကြ ပြီး  လာအိုနိုင်ငံ  ဝန်ကြီးချုပ်ရုံး ဝန်ကြီး(ငြိမ်း)နှင့် အာဆီယံဥက္ကဋ္ဌ ၏   မြန်မာနိုင်ငံဆိုင်ရာ    အထူး ကိုယ်စားလှယ်နှင့်အတူ အာဆီယံ အတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ၊ AHA Center အမှုဆောင် ဒါရိုက်တာ Mr. LEE YAM MING ၊ မြန်မာနိုင်ငံဆိုင်ရာ   လာအိုနိုင်ငံ သံအမတ်ကြီး H.E. Mr. Heuang-seng KHAMDALAVONG    နှင့် တာဝန်ရှိသူများ  တက်ရောက်ကြ သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့ တွေ့ဆုံရာတွင် အာဆီယံ အဖွဲ့အတွင်း    မြန်မာနိုင်ငံအနေ ဖြင့်      အကောင်းဆုံးပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်  အခြေ အနေများ၊ အာဆီယံအစည်းအဝေး များတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှု အခြေအနေများ၊ အာဆီယံအနေ ဖြင့် မြန်မာနိုင်ငံအတွက် လူသား ချင်းစာနာထောက်ထားမှု  အကူ အညီများ   ပေးအပ်လျက်ရှိမှုနှင့် အကူအညီ   လိုအပ်လျက်ရှိသည့် ပြည်သူများ    လက်ဝယ်ရောက်ရှိ ရေး      အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေ အနေများ၊ ပြည်သူများ၏ လိုလား ချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်    ခိုင်မာစွာ ဖြင့်  ဆက်လက်လျှောက်လှမ်းနိုင် ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည့် အခြေအနေများ၊ လွတ်လပ် ပြီး    တရားမျှတသည့်    ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊    မြန်မာနိုင်ငံနှင့် ပတ်သက်သည့်  အခြေအနေမှန် များကို သိရှိအောင်ဆောင်ရွက်ရန် လိုအပ်သည့်     အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်အညီ အကောင်အထည် ဖော်    ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊     မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့်  အခြေအနေများ ကို   ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး အတွက် အာဆီယံအနေဖြင့် ကူညီ ဆောင်ရွက်ပေးသွားမည့်   အခြေ အနေများ၊ အာဆီယံနှင့် မြန်မာ နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သင့် သည့်အချက်များ  ဆွေးနွေးရန်တို့ နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာ    အထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် AHA Center အမှုဆောင်ဒါရိုက်တာ တို့အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးပုံစံတူ  ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်များကို ပေးအပ် ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း    သတင်းရရှိ သည်။                        

သတင်းစဉ်