
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို
နေပြည်တော် မေ ၁၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည့် ကျိုင်းတုံ မြို့ သီလဓမ္မကုန်းသာတောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ် ဆရာတော်နှင့် ခရီးစဉ် တွင် လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် နှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ် ဝတ္ထု ကံတော်ရှိ အဘယရာဇမုနိရုပ်ပွား တော်မြတ်ကြီးနှင့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ် ကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဖူးမြော်ကြည်ညို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အဘယရာဇမုနိ ရုပ်ပွားတော်မြတ် ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူ ပူဇော်ကြပြီး စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော် ကာ စေတီတော်လိုဏ်အတွင်း စကျင်ကျောက်များဖြင့် ထုဆစ် ပူဇော်ထားရှိသည့် ဗုဒ္ဓဝင်များကို လှည့်လည်ကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ် တော် View Point နေရာမှ ကျိုင်းတုံဒေသ ရှုခင်းများကို ကြည့်ရှုကြပြီး သီလဓမ္မ ကုသိုလ် ဖြစ်ဆေးခန်းဆောင်ရွက်ထားရှိမှု နှင့် သီလဓမ္မ ဆေးရုံတော် တည်ဆောက်နေမှု အခြေအနေ များကို ကြည့်ရှုကာ တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား သည်။
ဆီမီးများကပ်လှူပူဇော်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်းရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးသို့ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားတော် မြတ်အားဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူ ပူဇော်ကြသည်။
အလှူငွေများလှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် မဟာဗောဓိစေတီတော်မြတ် ကြီး ဘက်စုံထိန်းသိမ်းဆောင်ရွက် ရန်အတွက် စုပေါင်းအလှူတော်ငွေ များကို ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ကြည်က လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် သတ္တသတ္တာဟမဟာ ဗောဓိ စေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဖူးမြော်ကြည်ညိုကာ စေတီတော် ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုကြ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓ မြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဖွားပွင့်ဟောစံ သံဝေဇနိယလေး ဌာနတို့အား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။
လိုအပ်သည်များ
မှာကြား
ထို့နောက် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော် အတွင်း တည်ထားကိုးကွယ်မည့် လောကသရဖူဘုရားကြီး တည် ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိ ကြပြီး
တည်ထားကိုးကွယ်ရန် အတည် ပြုနေရာ ဆောင်ရွက်ထားရှိမှု၊ ကျောက်ထုတ်လုပ်ရေး စက်ရုံမှ ဘုရား တည်ဆောက်ရေးအတွက် ကျောက်များ ထုတ်လုပ်ထားရှိမှု၊ လောကသရဖူဘုရားကြီး၏ ပုံတူ ပုံစံငယ်လျာထား ပူဇော်ထားရှိမှု အခြေအနေများကို ကြည့်ရှုပြီး ဝစီပိတ် ဆရာတော်ကြီး၏ မိန့်ကြားမှုများအပေါ် လိုအပ် သည်များ တင်ပြလျှောက်ထားကာ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင် ရွက်နေမှု တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
အဆိုပါ ကျိုင်းတုံမြို့ အရှေ့ တောင်ဘက် ၁၅ မိုင်ခန့်အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း၌ အဘယ ရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရ ဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေ ရန်နှင့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများ လာရောက်ခြင်း ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ဦးစွာတည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသနှင့် အနီး ဝန်းကျင်မှ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများအနေဖြင့် အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂယာရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး ကို ဒေသအတွင်း၌ပင် ရည်စူး ဖူးမြော်နိုင်စေရန် ရည်ရွယ်၍ ဝစီပိတ်ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင် ပဓာနကမကထပြုကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် အမှူးပြုသည့် စေတနာရှင် အလှူရှင်များ၊ ဒေသခံတိုင်းရင်း သားပြည်သူများ၏ စုပေါင်း လှူဒါန်းမှုများဖြင့် တည်ဆောက် ပူဇော်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခု ဆက်လက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသနှင့် ကျိုင်းတုံ ဒေသအတွင်း သာသနာတော် ထွန်းကားပြန့်ပွားရေး လုပ်ငန်း များကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်