
နေပြည်တော် မေ ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့ရှောင်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖ များ၊ ဒေသခံတိုင်းရင်းသားပြည်သူ များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေး မှုအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာသို့ရောက်ရှိကြရာ ရပ်မိ ရပ်ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်း သား ကျောင်းသူများက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြ သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ထို့နောက် ကျိုင်းတုံမြို့ မြို့ရှောင်လမ်းအား ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုး သန့်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျိုင်းတုံမြို့ မြို့ရှောင်လမ်း ကမ္ပည်းမော်ကွန်းကျောက်စာတိုင် အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးသည်။
အမွှေးနံ့သာရည်ပက်ဖျန်း
ဆက်လက်၍ ခရီးစဉ်တွင် လိုက်ပါလာသည့် ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ကောင်စီဝင် များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ကမ္ပည်း မော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကြ သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများသည် ကျိုင်းတုံမြို့ မြို့ရှောင်လမ်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘင်ခရာ တီးဝိုင်းနှင့် ပန်းဖွားအကအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာအကအဖွဲ့ များ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ကျိုင်းတုံမြို့ မြို့ရှောင် လမ်းပိုင်းအား လိုက်လံကြည့်ရှု စစ်ဆေးပြီး ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်း သား ကျောင်းသူများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ကာ မြို့ ရှောင်လမ်းတစ်လျှောက် မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ကုန်စည်စီးဆင်းမှုမြန်ဆန်
အဆိုပါမိတ္ထီလာ-တောင်ကြီး- ကျိုင်းတုံ - တာချီလိတ် လမ်း ကြောင်းပေါ်ရှိ ကျိုင်းတုံမြို့ မြို့ ရှောင်လမ်းအား ကျိုင်းတုံမြို့ အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရေးနှင့် ကုန်စည် စီးဆင်းမှုများ ပိုမိုမြန်ဆန်ချောမွေ့ စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါမြို့ရှောင် လမ်းသည် အကျယ် ၂၃ ပေ၊ လမ်း အရှည် ၆ မိုင်ရှိ ကတ္တရာ - ကွန်ကရစ်အမျိုးအစားဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်