နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဗိုလ်ချုပ်ကြီး(ဟောင်း)တို့အား သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာအခြေအနေများ မေးမြန်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်  
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွန့် နှင့် စည်သူဗိုလ်ကလေးတင့်အောင်တို့အား သွားရောက်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာအခြေအနေများ မေးမြန်းအားပေးစကားပြောကြား

 

နေပြည်တော်    ဒီဇင်ဘာ      ၅


နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် သည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်      ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊   ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဦးမောင်မောင်အုန်း၊  ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင်          တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ဟောင်း)၊ အမျိုးသားဒီမိုကရေစီ   အဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးတင်ဦး၊ ဗိုလ်ချုပ်ကြီး(ဟောင်း) ဦးခင်ညွန့်နှင့် စည်သူ ဗိုလ်ကလေး တင့်အောင်တို့ကို         သွားရောက် တွေ့ဆုံ၍     ကျန်းမာရေးဆိုင်ရာ အခြေအနေများအား ရင်းရင်းနှီးနှီး  မေးမြန်းအားပေးစကားပြောကြားသည်။

 


မေးမြန်းအားပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊     နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည်  ဗဟန်းမြို့နယ်      သံလွင်လမ်းရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဟောင်း)   နှင့်   အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နာယက ဗိုလ်ချုပ် ကြီး (ဟောင်း) ဦးတင်ဦး၏နေအိမ် သို့  သွားရောက်၍     ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး   ကျန်းမာရေးအခြေ အနေများအား မေးမြန်းအားပေး စကားပြောကြားသည်။ 

 


 ပစ္စည်းများ ပေးအပ်


ယင်းနောက်   အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့်   ကောင်စီအဖွဲ့ ဝင်၊ တွဲဖက်အတွင်းရေးမှူး၊ ပြည် ထောင်စုဝန်ကြီးများ၊  တပ်မတော် အရာရှိကြီးများနှင့် မိတ်ဆက်ပေး ပြီး ဦးတင်ဦး၏ ကျန်းမာရေးအခြေ အနေများနှင့် ပတ်သက်၍ လိုအပ် ချက်များရှိပါက အချိန်တိုအတွင်း  ဖြည့်ဆည်း  ဆောင်ရွက်ပေးနိုင် ရေး၊ တပ်မတော်ဆေးရုံများတွင်  လိုအပ်သည့် ဆေးကုသမှုများခံယူ နိုင်ရေးတို့အတွက် တာဝန်ရှိသူ များနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးကာ  အားဖြည့်ငှက်သိုက် များနှင့်  တပ်မတော်စက်ရုံထုတ်  စားသောက်ဖွယ်ရာ  ပစ္စည်းများ ပေးအပ်သည်။

 

သွားရောက်တွေ့ဆုံ


ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်  ဝန်ကြီးချုပ်သည်   မရမ်း ကုန်းမြို့နယ်ရှိ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ဝန်ကြီးချုပ်(ဟောင်း) ဗိုလ်ချုပ်ကြီး   (ဟောင်း)    ဦးခင်ညွန့်၏နေအိမ် သို့ သွားရောက်တွေ့ဆုံ၍ ကျန်းမာ  ရေးအခြေအနေများကို ရင်းရင်း နှီးနှီး မေးမြန်းအားပေးစကားပြောကြားသည်။

 


တစ်ဦးချင်း  မိတ်ဆက်ပေး


ထို့နောက်     အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသူများနှင့် တစ်ဦး ချင်း  မိတ်ဆက်ပေးပြီး   ကျန်းမာ ရေးအခြေအနေများနှင့် ပတ်သက် ၍ လိုအပ်ချက်များအား အချိန်နှင့်  တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး၊ တပ်မတော်ဆေးရုံများ တွင် ဆေးကုသမှုများ ခံယူနိုင်ရေး တို့အတွက်  တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း   ဆောင်ရွက် ပေးကာ အားဖြည့်ငှက်သိုက်များ နှင့်      တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာ  ပစ္စည်းများ ပေးအပ်သည်။ 

 

အားပေးစကားပြောကြား


ယင်းနောက်   မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေ အနေများ၊ နေပြည်တော်  ဒက္ခိဏ သီရိမြို့နယ်ရှိ   ဗုဒ္ဓဥယျာဉ်တော် တွင်          တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားပူဇော်ရေးလုပ်ငန်း  ဆောင်ရွက်နေမှု အခြေအနေများ နှင့်    ပတ်သက်၍   တင်ပြခဲ့ပြီး ကျန်းမာရေးဆိုင်ရာများနှင့်   ပတ် သက်၍            ရင်းနှီးနွေးထွေးစွာ အားပေးစကားပြောကြားခဲ့သည်။

 


သွားရောက်ကြည့်ရှု


ဆက်လက်၍  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်သည်  အဖွဲ့ဝင် များနှင့်အတူ ဗဟန်းမြို့နယ် ရွှေဂုံ တိုင်ရှိ SSC အထူးကုဆေးရုံကြီး တွင် တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသည့် စည်သူ ဗိုလ်ကလေး တင့်အောင်အား    သွားရောက် ကြည့်ရှုပြီး   ကျန်းမာရေးအခြေ အနေများနှင့်ပတ်သက်၍ မိသားစု များကို မေးမြန်းကာ  ကျန်းမာရေး ကုသမှုအတွက် ထောက်ပံ့ငွေများ၊ အားဖြည့်          ငှက်သိုက်များနှင့် တပ်မတော်စက်ရုံထုတ် စားသောက် ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်