နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၅


မြန်မာနိုင်ငံ၏  ပထမဦးဆုံးသော မီဒီယာဌာနကြီး တစ်ခုဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၏  (၇၈) နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားကို             ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်  တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားရုံးချုပ်၌   ကျင်းပပြုလုပ်ရာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်ချီးမြှင့် ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။


အဆိုပါ အခမ်းအနားသို့   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊  ပြည်ထောင်စုဝန်ကြီးများ နှင့်  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့်     တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ၊  သတင်းမီဒီယာများ၊ အနု ပညာရှင်များနှင့် ဖိတ်ကြားထားသည့်  ဧည့်သည်တော် များတက်ရောက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား    ရန်ကုန်ရုံးမှဝန်ထမ်းများ၊    ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများက     Online  မှတစ်ဆင့် တက်ရောက်ကြ သည်။  


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များအား ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ တာဝန်ရှိသူများ၊  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်းမှ တိုင်းရင်းသား ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။ 


ယင်းနောက်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၈)နှစ်မြောက်   နှစ်ပတ်လည်နေ့အခမ်းအနားကို ပင်မအဆောက်အအုံရှိ  Auditorium  ခန်းမ၌   LED Animation ပြသ၍စတင်ဖွင့်လှစ်သည်။  


ထို့နောက်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ     ဝန်ထမ်းများက     “အားလုံးချစ်သည်   MRTV ”   တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး     မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားမှ  Analogue နှင့် Digital  စနစ်တို့ဖြင့်  ထုတ်လွှင့်နေသည့်  စက်ရုံများ အနက် နေပြည်တော်(ပျဉ်းမနား)၊ ရန်ကုန် (ပြည်လမ်း) နှင့်   မန္တလေးထပ်ဆင့်လွှင့်စက်ရုံသုံးရုံမှ Analogue စနစ်ဖြင့် ရုပ်သံ ထုတ်လွှင့်မှုအစီအစဉ်(Analogue Switch Off – ASO) စတင်ကြောင်း ကြေညာသည်။


စက်ခလုတ်နှိပ်ဖွင့်လှစ်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  DVB-T2  စနစ်တွင်   HD Quality ရုပ်သံ(၂)လိုင်းမှ (၉) လိုင်းတိုးချဲ့၍  ရုပ်သံလိုင်း(၁၁)လိုင်းဖြင့်  အဆင့်မြှင့်တင်ထုတ်လွှင့်မှုနှင့် MRTV DTH Platform တွင် ရုပ်သံ (၇)လိုင်းမှ(၁၂)လိုင်းတိုးချဲ့၍ ရုပ်သံလိုင်း(၁၉)လိုင်း ထုတ်လွှင့်မှုတို့အား စက်ခလုတ် နှိပ်   ဖွင့်လှစ်ပေးသည်။   


ထို့နောက်    “နုပျိုဆန်းသစ်  (၇၈) နှစ်မှသည် ပြည်သူ့အတွက် MRTV” Video Clip ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  အမှာစကားပြော ကြားရာတွင်   မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၏အစ “ရန်ကုန်ရေဒီယို (Rangoon Radio)” က ဟုခေါ်တွင် ခဲ့ရာမှ   အမည်စတင်ပြင်ဆင်ခဲ့သည့်   ၁၉၄၆   ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်ကို မူတည်သတ်မှတ်ပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏  နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အခမ်းအနားများကို  နှစ်စဉ်ကျင်းပခဲ့သည်ကို တွေ့ရှိရကြောင်း။


ဝံ့ဝံ့ကြွားကြွားစိုက်ထူနိုင်


မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (Myanma Radio and Television- MRTV)  သည်    မြန်မာနိုင်ငံတွင် သက်တမ်းမြင့်မားပြီး  အစဉ်အလာနှင့် သမိုင်းကောင်း သည့် နိုင်ငံတော်မီဒီယာဌာနကြီးတစ်ခု ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်တွင်      နိုင်ငံတော်နှင့် ပြည်သူ့ အတွက်   တာဝန်ကျေပွန်ခဲ့သကဲ့သို့    ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့်  နည်းပညာ၊ အတတ် ပညာများနှင့်   လိုက်လျောညီထွေအောင်    ပြုပြင် ပြောင်းလဲလိုက်ပါဆောင်ရွက်နိုင်သည့်     ဌာနကြီး တစ်ခုဖြစ်ခြင်းကြောင့်   ယခုကဲ့သို့   (၇၈) နှစ်ပြည့် မြောက်သည့်    သမိုင်းမော်ကွန်းမှတ်တိုင်တစ်ခုကို မားမားမတ်မတ်ဖြင့်  ဝံ့ဝံ့ကြွားကြွား စိုက်ထူနိုင်ခြင်း ပင်ဖြစ်ကြောင်း။


(၇၈) နှစ်ပြည့်မြောက်သည့်   နှစ်ပတ်လည်နေ့ အခမ်းအနားတွင်  အာဆီယံနိုင်ငံများ၌  “Analogue Switch Off-ASO” ဟုခေါ်သည့် Analogue စနစ်နှင့် ရုပ်သံထုတ်လွှင့်မှုရပ်ဆိုင်းရန်  သဘောတူညီထားကြ သည့်  အစီအစဉ်ထဲမှ  Pilot Project တစ်ခုဖြစ်သည့် နေပြည်တော်၊  ရန်ကုန်နှင့်  မန္တလေးမြို့ကြီး သုံးမြို့ အတွက်   ထုတ်လွှင့်နေသည့်   ထပ်ဆင့်လွှင့်စက်ရုံ သုံးရုံမှ Analogue စနစ် ထုတ်လွှင့်မှုကို စတင်ရပ်ဆိုင်း နိုင်ရန်   ကြေညာပြီး   အဆိုပါမြို့ကြီး သုံးမြို့တွင် ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သည့်   Digital Video Broadcasting – Second Generation Terrestrial (DVB-T2)စနစ်ဖြင့် ထုတ်လွှင့်နေသည့်ရုပ်သံ (၁၈)လိုင်း ထဲတွင် High Definition (HD) Quality နှင့် ရုပ်သံ လိုင်း (၂)လိုင်းသာ  ထုတ်လွှင့်နိုင်ရာမှ ယခုအခါ (၁၁) လိုင်းအထိ အဆင့်မြှင့်တင်ပြီး   တိုးချဲ့ထုတ်လွှင့်နိုင် ရန်၊ နောက်ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သည့် Direct To Home (DTH)  စနစ်ဖြင့် ရုပ်သံလိုင်း (၇) လိုင်းသာ ထုတ်လွှင့်နေရာမှ  ယခုအခါ  ရုပ်သံလိုင်း (၁၉)  လိုင်း အထိ တိုးချဲ့ထုတ်လွှင့်နိုင်ရန်စသည်များကို ဖွင့်လှစ် ဆောင်ရွက်သွားမည်ဟု သိရကြောင်း။


ကျယ်ကျယ်ပြန့်ပြန့်ထုတ်လွှင့်ပေးနေ


MRTV  သည်  Broadcast Media များဖြစ်သည့် TV  နှင့်  Radio  တို့မှ  ထုတ်လွှင့်ရာတွင်  လူတိုင်း လက်လှမ်းမီစွာ  အရှိန်အဟုန်ဖြင့် အသုံးပြုလာကြ သော New Media  ဟုခေါ်ကြသည့် Online Media တွင်လည်း  “MRTV Application” အပါအဝင် Social Media Platform မှ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့် ပေးနေသည်ကိုလည်း တွေ့မြင်နေရကြောင်း။
ယခုအခါတွင်  MRTV  သည်  ပြန်ကြားရေးဝန်ကြီး ဌာန၏ ပြုပြင်ပြောင်းလဲဆောင်ရွက်မှုဖြစ်သော နုပျို သစ်လွင်ပြီး   သွက်လက်ထက်မြက်သည့်၊  ဆန်းသစ် ခေတ်မီသည့်  နိုင်ငံတော်မီဒီယာပုံစံအသစ်နှင့်အညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေပြီဟု ပြောရမည်ဖြစ်ကြောင်း၊ မူလရည်မှန်းချက် ( ၃ ) ရပ် ဖြစ်သည့် သတင်းအချက်အလက်များ ပြန်ကြားပေး ရန်၊   အသိပညာမျှဝေပေးရန်နှင့်  ဖျော်ဖြေပေးရန် တာဝန်များကို  ရုပ်မြင်သံကြားမှ နည်းလမ်းပေါင်းစုံ ဖြင့်        ထုတ်လွှင့်ဆောင်ရွက်ပေးနိုင်သည့်အပြင် နိုင်ငံတော်၏ နေ့ကြီး၊ ရက်ကြီး၊ အခါကြီးနှင့် အခမ်း အနားကြီးများတွင်     ကဏ္ဍစုံမှ   တက်ကြွစွာပါဝင် ဆောင်ရွက်နိုင်ကြသည်ကိုလည်း  တွေ့မြင်ရသည့် အတွက် ကျေနပ်အားရမိကြောင်း။


ထို့ပြင်  နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို  စွန့်စွန့်စားစား  ထမ်းဆောင်နေကြ သည့်  “တပ်မတော်သား” များအတွက်   ရှေ့တန်း စစ်မြေပြင်၊  တပ်စခန်းနေရာများအထိ သွားရောက် ဖျော်ဖြေပြီး   စိတ်ဓာတ်ခွန်အား    မြှင့်တင်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တွင်   တက်ရောက်နေကြ သည့် “နိုင်ငံ့ဝန်ထမ်း” များ အပန်းပြေစေရန် ဖျော်ဖြေ တင်ဆက်ပေးခြင်း၊       အနာဂတ်နိုင်ငံတော်တွင် အားကိုးအားထားပြုရမည့် “လူရည်ချွန်”များ ပျော်ရွှင် လန်းဆန်းတက်ကြွစေရန်     အပန်းဖြေစခန်းများ တွင်   သွားရောက်ဖျော်ဖြေပေးခြင်းစသည့်    ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်ပေးနေသည်ကို    တွေ့မြင်နေရ ကြောင်း။


အလေးထားဝန်ဆောင်မှုပေးနေ


တိုင်းရင်းသားများနှင့်ပတ်သက်၍လည်း  MRTV  အနေဖြင့်    တိုင်းရင်းသားဘာသာစကား (၁၈) မျိုး အပါအဝင်စုစုပေါင်း   ဘာသာစကား  (၂၀)  မျိုးနှင့် ထုတ်လွှင့်နိုင်သည်မှာလည်း  နိုင်ငံတကာအလယ်တွင် ထူးခြားထင်ရှားပြီး ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံးကို    အလေးထားဝန်ဆောင်မှုပေးနေခြင်း ဖြစ်သဖြင့်  ရုပ်သံလွှင့်မီဒီယာအဖွဲ့အစည်းကြီးအဖြစ် ဂုဏ်ယူဖွယ်ရာဖြစ်သည်ကို ပြောကြားလိုကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် နိုင်ငံနဲ့  ပြည်သူလူထုအကျိုးအတွက်    နိုင်ငံတော် တာဝန်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)    အရ    တာဝန်ယူဆောင်ရွက်နေရခြင်းလည်း ဖြစ်ကြောင်း၊   နိုင်ငံတော်ကို    ပြည်သူ့ဆန္ဒနှင့်အညီ “တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာ ဖူလုံ ရေး” ဟူသည့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်နှင့် “စစ်မှန်၍  စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့်     ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့်   ပြည်ထောင်စုတည်ဆောက် ရေး” ဟူသည့် နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရည်မှန်းချက်များ အောင်မြင်ရန် ရှေ့လုပ်ငန်းစဉ် များ၊    ဦးတည်ချက်များ    ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊    ထိုသို့ဆောင်ရွက်ရာတွင်   အရေးကြီး ဆုံးလိုအပ်ချက်မှာ      နိုင်ငံတော်တည်ငြိမ်အေးချမ်း ပြီး      နှောင့်ယှက်ဖျက်ဆီးမှုများမှ     ကင်းဝေးရန် လိုကြောင်း။


သတင်းမှန်များကို ထုတ်လွှင့်ဖော်ပြပေး


အားလုံးသိကြသည့်အတိုင်း  ယနေ့နိုင်ငံတော် တွင် ပြည်တွင်းပြည်ပ သွေးထိုးမြှောက်ပင့်ပေးနေခြင်း များ၊    ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး  နိုင်ငံကိုချောက်ထဲ ရောက်အောင် တွန်းပို့နေသောယုတ်ညံ့သည့်မီဒီယာများ၊  အခြေအနေနှင့်   လက်တွေ့ဖြစ်ပျက်နေမှုများကို အသိဉာဏ်ပညာနှင့်  စဉ်းစားသုံးသပ်ဆောင်ရွက်မှု မရှိသည့် အဖွဲ့အစည်းများ၊  တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကြောင့် နေရာဒေသအချို့တွင် တည်ငြိမ် အေးချမ်းမှုမရှိဘဲ        ပြည်သူများ    ဆင်းရဲဒုက္ခများစွာ ရောက်နေရခြင်းဖြစ်ကြောင်း၊ အဆိုပါအဖျက်အမှောင့် လုပ်ရပ်များသည်    တိုင်းပြည်အတွက်    အန္တရာယ် အလွန်ကြီးခြင်းကြောင့်     ပြည်သူလူထုအားလုံးက သိရှိနားလည်ကြရန်   သတင်းတုသတင်းမှားများကို တုံ့ပြန်ခြင်း၊  သတင်းမှန်များကို ထုတ်လွှင့်ဖော်ပြပေး ခြင်း၊  အသိပညာပေးခြင်းများကို  တိုးမြှင့်ဆောင်ရွက် ပေးသွားကြရန် မှာကြားလိုကြောင်း။


မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားအနေဖြင့် နိုင်ငံ တော်နှင့် ပြည်သူ့အကျိုးအတွက် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ခေတ်အဆက်ဆက် က MRTV   ၏  ဝန်ထမ်းဟောင်းများ    သူ့ခေတ်သူ့ အခါအလိုက်  တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ MRTV ၏ မျိုးဆက်သစ်ဝန်ထမ်းများကလည်း  “ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး  ရေရှည်တည်တံ့ခိုင်မြဲစေရန်” သမိုင်းပေးတာဝန်များကို   သစ္စာရှိရှိဖြင့်    ဝန်ထမ်း ကောင်းများပီသစွာ    ကျေပွန်အောင်   ဆက်လက် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။


နိုင်ငံတော်၏   သမိုင်းကြောင်းနှင့်အတူ  ခေတ် အဆက်ဆက် နိုင်ငံနှင့် ပြည်သူအပေါ်  တာဝန်ကျေပွန် ခဲ့သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြောင်းလဲ တိုးတက်နေသည့် နည်းပညာများနှင့်အညီ  လိုက်ပါ အသုံးပြုပြီး     ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အမြင်သစ်၊     အသွင်သဏ္ဌာန်အသစ်များ     ဖန်တီး ထုတ်လုပ်မှုများနှင့် ပိုမိုဆန်းသစ်တင်ဆက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊    တစ်ဆက်တည်း တွင်  မြန်မာနိုင်ငံ၌အနုပညာရှင်၊ အတတ်ပညာရှင် များစွာမွေးထုတ်ပေးရာ၊ ပန်းပေါင်းစုံဖူးပွင့်လန်းဆန်း ရာ ပန်းဥယျာဉ်ကြီးသဖွယ်ဖြစ်အောင်၊  ပြည်သူတွေ အားကိုးအားထားပြုရသည့်      တိုင်းကျိုးပြည်ပြု ဝန်ဆောင်မှုပြုနေသည့်  မြန်မာနိုင်ငံ၏စတုတ္ထမဏ္ဍိုင် တစ်ခုဖြစ်အောင်     ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း   မှီတင်းနေထိုင်ကြ သည့်    တိုင်းရင်းသားပြည်သူလူထုအားလုံးအပြင် ပြည်ပနိုင်ငံများတွင်   ရောက်ရှိနေကြသည့်   မြန်မာ နိုင်ငံသူ၊   မြန်မာနိုင်ငံသားများနှင့်  အခြားပရိသတ် များအတွက်ပါ    သတင်းအချက်အလက်အပါအဝင် အသိပညာဗဟုသုတ၊ အကြားအမြင်များနှင့် ဖျော်ဖြေ တင်ဆက်မှုများ   မြန်မာနိုင်ငံသူ၊   နိုင်ငံသားများ အတွက်သာမက    ကမ္ဘာ့နိုင်ငံသူ၊   နိုင်ငံသားများ၏ စိတ်နှလုံးတွင်  အစဉ်အမြဲ   မှတ်မှတ်ထင်ထင်ရှိလာ အောင် စွမ်းဆောင်ပေးကြရန် မှာကြားလိုကြောင်း။


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏   (၇၈) နှစ် ပြည့်မြောက်သည့်    နှစ်ပတ်လည်နေ့မှသည်   ရာစု နှစ်ပေါင်းများစွာအထိ ကောင်းခြင်းဂုဏ်သတင်းမွှေးပျံ့ မှုများစွာနှင့်အတူ အောင်မြင်စွာ လျှောက်လှမ်းမှုဖြင့် ဝင့်ထည်တင့်တယ်စွာဖြင့်  ရှင်သန်ရပ်တည်နိုင်ပါစေ ကြောင်းကို  ဆန္ဒပြုဆုမွန်ကောင်းတောင်းပါကြောင်း ဖြင့် ပြောကြားသည်။


ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က    နိုင်ငံတော်အဆင့် အခမ်းအနားကြီးများကျင်းပခဲ့မှုတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှဝန်ထမ်းများက ကဏ္ဍစုံလင်စွာ ပါဝင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုဆုနှင့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားအတွက်  ဂုဏ်ပြုချီးမြှင့်ငွေ များကို  ချီးမြှင့်ပေးအပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။ 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်အား   ပြန်ကြားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏   (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်နှင့်  အမှတ်တရလက်ဆောင် ကို ဂါရဝပြုပေးအပ်သည်။


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှဝန်ထမ်းများ၊     ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး    ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု မြဝတီတေးဂီတအဖွဲ့နှင့်  ပြင်ပအနုပညာရှင်များက မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၏    နိုင်ငံတော်သံစုံ တီးဝိုင်း၊    နိုင်ငံတော်ဆိုင်းဝိုင်းကြီးနှင့်   ခေတ်ပေါ် တေးဂီတအဖွဲ့တို့ဖြင့်  တွဲဖက်၍ ဖျော်ဖြေတင်ဆက်မှု များကို ကြည့်ရှုအားပေးကြသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဖျော်ဖြေတင်ဆက်ခဲ့ ကြသည့်   အနုပညာရှင်များနှင့်   ဖျော်ဖြေရေးအဖွဲ့ များအား ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။ 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွင်း  ပြန်ကြား ရေးနှင့် ထုတ်လွှင့်ရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကို    လိုက်လံကြည့်ရှု၍    ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးနှင့်  ကဏ္ဍအလိုက် တာဝန်ရှိသူ များ၏  ရှင်းလင်းတင်ပြကြမှုများအပေါ်  လိုအပ်သည် များကို မှာကြားသည်။     


မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏  (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်  တည်ခင်း ဧည့်ခံသည့်   လက်ဖက်ရည်ဝိုင်းကို   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများနှင့်အတူ  ရင်းရင်းနှီးနှီး သုံးဆောင်ခဲ့ကြပြီး        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် များသည်     တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။


မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံ ၏  ပထမဦးဆုံးသော  ရေဒီယိုနှင့် ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်ပြီး    ပြန်ကြားပေးရန်၊   အသိပညာပေးရန်၊ ဖျော်ဖြေပေးရန်  ရည်မှန်းချက်များနှင့်အညီ ထုတ်လွှင့် တင်ဆက်လျက်ရှိသည်။ 
၁၉၄၆ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်တွင် ရန်ကုန် ရေဒီယို  (Rangoon Radio) မှ  ဗမာ့အသံ (Burma Broadcasting Services –BBS) အမည်ဖြင့် စတင် အသုံးပြုခဲ့ပြီး ၁၉၈၀ ပြည့်နှစ် နိုဝင်ဘာ(၁)ရက်တွင် ရောင်စုံရုပ်မြင်သံကြားအဖြစ် စတင်ပုံမှန်ထုတ်လွှင့်ခဲ့ သည်။  ယခုအခါ  MRTV HD ၊ MRTV News ၊ MRTV NRC ၊ MRTV Farmers’ ၊ MRTV Parliament ၊ MRTV Sports  ရုပ်သံလိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းအဖြစ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် MITV ရုပ်သံလိုင်း များ  ထုတ်လွှင့်လျက်ရှိပြီး   မြန်မာ့အသံ  ရေဒီယို၊ သပြေရေဒီယို၊  အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် Myanma Radio၊ တိုင်းရင်းသားဘာသာ(၁၇)မျိုး ပါဝင်သည့်  တိုင်းရင်းသားဘာသာ အစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိသည်။ 


ရုပ်သံလိုင်း(၁၉) လိုင်းဖြင့် ထုတ်လွှင့်မည်


 မြန်မာနိုင်ငံအရပ်ရပ်မှ     အများပြည်သူများ အရုပ်၊     အသံအရည်အသွေး     ကောင်းမွန်သည့် အစီအစဉ်များကို       ဖမ်းယူကြည့်ရှုနားဆင်နိုင်ရန် မြန်မာနိုင်ငံတစ်ဝန်း   Analogue  စနစ်ဖြင့်  ရုပ်မြင် သံကြားထပ်ဆင့်လွှင့်  စက်ရုံပေါင်း ၂၅၈ ရုံ ဖွင့်လှစ် ထားရှိပြီး မြန်မာ့အသံ FM ရေဒီယိုလွှင့်စက်များ တိုးချဲ့ တပ်ဆင်ထားသည့်  စက်ရုံ ၈၅ ရုံ၊ Digital စနစ်ဖြင့် ထုတ်လွှင့်သည့် DVB T2 လွှင့်စက် တပ်ဆင်ထားသည့် စက်ရုံပေါင်း ၁၅၅ ရုံဖြင့် Analogue ရုပ်သံလိုင်းနှင့် Digital   ရုပ်သံလိုင်းများကို   အပြိုင်ထုတ်လွှင့်ပေး လျက်ရှိသည်။   ယခုအခါ    အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်   ITU  မှ  CE 06 Agreement အရ အာရှပစိဖိတ်နိုင်ငံများအနေဖြင့် Analogue   TV     ထုတ်လွှင့်မှုရပ်ဆိုင်းခြင်း    ASO လုပ်ငန်းစဉ်ကိုသတ်မှတ်ထားရှိခြင်း၊  မြန်မာနိုင်ငံတွင် Digital ရုပ်သံလိုင်း (၁၈)လိုင်း ဖမ်းယူရရှိနေပြီဖြစ်ခြင်း၊ နိုင်ငံပိုင် DTH Platform မှလည်း Digital ရုပ်သံလိုင်း များ ထုတ်လွှင့်နေပြီဖြစ်ခြင်းတို့ကြောင့် မြန်မာ့အသံ နှင့်  ရုပ်မြင်သံကြားမှ  Analogue  နှင့်  Digital စနစ် တို့ဖြင့်    ထုတ်လွှင့်နေသော    စက်ရုံများအနက် နေပြည်တော်(ပျဉ်းမနား)၊   ရန်ကုန် (ပြည်လမ်း)နှင့် မန္တလေးထပ်ဆင့်လွှင့်   စက်ရုံသုံးရုံ၌    Analogue စနစ်ဖြင့်  ရုပ်သံထုတ်လွှင့်ခြင်းရပ်ဆိုင်းမှုအစီအစဉ် ASO ၏ ပထမအဆင့်အဖြစ် ယနေ့မှစတင်ဆောင်ရွက် ခြင်းဖြစ်ပါသည်။ ကျန်ရှိနေသည့် စက်ရုံများကိုလည်း အဆင့်လိုက်  ရပ်ဆိုင်းနိုင်ရေး စီစဉ်ဆောင်ရွက်သွား မည် ဖြစ်ပါသည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ လက်ရှိထုတ်လွှင့်နေသည့်  DVB T2 စနစ်တွင် HD Qualityဖြင့် MRTV-HDနှင့် MRTV- News  ရုပ်သံလိုင်း (၂)လိုင်းကို ထုတ်လွှင့်နေရာမှ ဌာနပိုင်ရုပ်သံလိုင်းများ နှင့် ဆက်စပ်ရုပ်သံလိုင်းများ  အပါအဝင် (၉)လိုင်း တိုးချဲ့ပြီး  HD Quality  ရုပ်သံလိုင်း (၁၁)လိုင်းဖြင့် အဆင့်မြှင့်တင်      ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ ထို့အပြင်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV DTH Platform    တွင်   ရုပ်သံလိုင်း   (၇) လိုင်းအား ထည့်သွင်းထုတ်လွှင့်နေရာမှ ပုဂ္ဂလိကရုပ်သံလိုင်းများ အပါအဝင် (၁၂)လိုင်း ထပ်မံတိုးချဲ့၍  စုစုပေါင်း ရုပ်သံ လိုင်း (၁၉) လိုင်းဖြင့် ထုတ်လွှင့်သွားမည်ဖြစ်သည်။


နိုင်ငံပိုင်မီဒီယာကြီးတစ်ခုအဖြစ်ရပ်တည်


ယနေ့အချိန်တွင်   သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်၊  ဖျော်ဖြေ ပေးရန် စသည့်  ရည်ရွယ်ချက်များဖြင့် ၁၉၄၆ ခုနှစ်မှ စတင်ရှင်သန်ပေါက်ဖွားလာခဲ့သည့်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV သည် (၇၈) နှစ် တိုင်ခဲ့ပြီဖြစ်ပြီး  ခေတ်အဆက်ဆက်တွင် တိုးတက်ပြောင်းလဲမှုများနှင့် နိုင်ငံပိုင်မီဒီယာကြီးတစ်ခုအဖြစ်    မားမားမတ်မတ် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်