‌နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၊ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်

 

မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာအများဆုံး ကိုးကွယ်ကြသော်လည်း ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ၊ 
ခရစ်ယာန်ဘာသာဝင်များနှင့် အခြားဘာသာဝင်များလည်းရှိပြီး ရှေးယခင်ကတည်းကပင် အတူတကွစုစည်းနေထိုင်ခဲ့ကြ

 

နေပြည်တော်  ဒီဇင်ဘာ  ၅ 


နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီး ချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင် လှိုင်သည်  ယနေ့မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံချစ် ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်း နှင့်      အလုပ်အမှုဆောင်များ အား   ရန်ကုန်တိုင်းစစ်ဌာနချုပ် ကုန်းမြင့်သာရှိ     ဇေယျာသီရိ ဗိမာန်၌  ရင်းရင်းနှီးနှီး တွေ့ဆုံပြီး စားသောက်ဖွယ်ရာ     ပစ္စည်းများ ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊   ဒေါ်အေးနုစိန်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး     ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော် ဝန်     ဦးဗိုလ်ဌေးနှင့်   တာဝန်ရှိ သူများ၊ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)    ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ် ကြသည့်   ဗုဒ္ဓဘာသာအသင်းမှ ဦးဆန်းထွန်း၊     ဟိန္ဒူဘာသာ အသင်းမှ   ဦးဇော်ဇော်နိုင်၊   ခရစ် ယာန်ဘာသာအသင်းမှ ဦးမိုးဇင်၊ အစ္စလာမ်ဘာသာ      အသင်းမှ ဦးအောင်ဇော်ဝင်းတို့နှင့်   အလုပ် အမှုဆောင်များ၊     တရုတ်ဘုံ ကျောင်းများမှ    ကိုယ်စားလှယ် ဦးအောင်ချိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော် ဝန်ကြီးချုပ်က တွေ့ဆုံနှုတ်ဆက် စကားပြောကြားရာတွင် ရန်ကုန် မြို့သို့    ရောက်ရှိနေစဉ်အတွင်း အခါအခွင့်သင့်သဖြင့်    ဘာသာ ပေါင်းစုံအဖွဲ့အစည်းများမှ တင်ပြ လိုသည့်ကိစ္စရပ်များအား သိရှိနိုင် ရန်နှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များ ဖြည့်ဆည်း  ပေးနိုင်ရေးအတွက်        ဘာသာ ပေါင်းစုံ   ချစ်ကြည်ညီညွတ်ရေး အဖွဲ့(ဗဟို)ဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်များကို ယခုကဲ့သို့ တွေ့ဆုံ ရခြင်းဖြစ်ကြောင်း         ဦးစွာ ပြောကြားပြီး တက်ရောက်လာကြ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊  ပြည်ထောင်စု ဝန်ကြီးများနှင့်   မိတ်ဆက်ပေး သည်။

 


လုံးဝသွေဖည်သွားမည်မဟုတ်


ဆက်လက်၍      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့ အနေဖြင့်     နိုင်ငံ၏      ဖြစ်ပေါ် လာသည့်    အခြေအနေများအရ နိုင်ငံတော်တာဝန်များကို ခေတ္တ ဝင်ရောက် တာဝန်ထမ်းဆောင်နေ ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေ ဖြင့်    စစ်မှန်သည့်    ဒီမိုကရေစီ နှင့်  ဖက်ဒရယ်ကို  အခြေခံသည့် ပြည်ထောင်စုကို  လျှောက်လှမ်း နေခြင်းဖြစ်ပြီး         ပြည်သူများ ရွေးချယ်ထားသည့် လမ်းကြောင်း ဖြစ်သဖြင့်    လုံးဝသွေဖည်သွား မည်   မဟုတ်ကြောင်း၊   နိုင်ငံရေး တာဝန်အား   ဝင်ရောက်တာဝန် ထမ်းဆောင်ခဲ့ရခြင်းသည် မိမိတို့ က    ဖန်တီးဆောင်ရွက်ခဲ့ခြင်း မဟုတ်ကြောင်း၊   ၂၀၂၀  ပြည့်နှစ် ပါတီစုံဒီမို    ကရေစီအထွေထွေ ရွေးကောက်ပွဲမတိုင်မီ     ကာလ အတွင်း  လွပ်လပ်၍   မျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊   နိုင်ငံ ရေးတွင်    ရိုးသားမှုရှိစေရေးနှင့် နိုင်ငံရေးအရ  လက်စားချေခြင်း များ  မပြုလုပ်စေရေးအတွက် မိမိ အနေဖြင့် အမြဲမပြတ် တိုက်တွန်း ပြောကြား ဆောင်ရွက်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီ     အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ်များ က သမ္မတရွေးချယ်ခြင်း၊ အစိုးရ အဖွဲ့ ဖွဲ့စည်းခြင်းများကို ဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊   သမ္မတ မှတစ်ဆင့်       တရားသူကြီးများ ခန့်အပ်ခြင်းများကို   ဆောင်ရွက် ရခြင်းဖြစ်သဖြင့်    အထွေထွေ ရွေးကောက်ပွဲတွင် မျှတမှုရှိစေရေး သည်    နိုင်ငံအတွက်     လွန်စွာ အရေးကြီးခြင်းပင် ဖြစ်ကြောင်း၊ ၂၀၂၀   ပြည့်နှစ်     အထွေထွေ ရွေးကောက်ပွဲ   ပြုလုပ်ချိန်တွင် မသမာမှုများ  ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိ တို့အနေဖြင့် ယခုကဲ့သို့ နိုင်ငံတော် တာဝန်များကို        ဝင်ရောက် ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။

 


နိုင်ငံ့အရေးကိစ္စများ
စုပေါင်းအားဖြင့် ဆောင်ရွက်ရမည်


မည်ကဲ့သို့ပင်ဖြစ်စေ   မိမိတို့ အနေဖြင့်   ပြည်သူများရွေးချယ် ထားသည့်   ပါတီစုံ   ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်  လျှောက် လှမ်းရမည်ဖြစ်ကြောင်း၊    ဒီမို ကရေစီနှင့် ဖက်ဒရယ်ကို အခြေခံ သည့်   ပြည်ထောင်စုကို   တည် ဆောက်ရာတွင် ယခုတက်ရောက် လာကြသည့်    ဘာသာပေါင်းစုံ အဖွဲ့၏ ကူညီဆောင်ရွက်မှုများ လည်း  လိုအပ်ကြောင်း၊   နိုင်ငံ့ အရေးကိစ္စများ ဆောင်ရွက်ရာတွင် အားလုံးပါဝင်သော စုပေါင်းအား ဖြင့် ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးအရ အချင်းချင်း သဘောထားကွဲလွဲမှု များရှိနိုင်သော်လည်း   အများစု ၏   ဆန္ဒသဘောထားကို   လက်ခံ ဆောင်ရွက်ရန်      လိုသကဲ့သို့ အနည်းစု၏   ဆန္ဒသဘောထား ကိုလည်း   ထည့်သွင်းစဉ်းစား၍ ဆင်ခြင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး လျှောက် လှမ်းမှုတွင်  အဆင်ပြေချောမွေ့ စေရန်အတွက် မိမိတို့က ဝိုင်းဝန်း ဆောင်ရွက်နေခြင်းပင်     ဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန် တွင်လည်း       အားလုံးပူးပေါင်း ၍      ဆောင်ရွက်မည်ဆိုပါက အကောင်းဆုံး အခြေအနေဖြစ်ပေါ် လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ တွင်      ဗုဒ္ဓဘာသာ     အများဆုံး 
စာမျက်နှာ ၅ သို့
 

 

စာမျက်နှာ ၄ မှ
ကိုးကွယ်ကြသော်လည်း   ဟိန္ဒူ ဘာသာဝင်များ၊ အစ္စလာမ်ဘာသာ ဝင်များ၊    ခရစ်ယာန်ဘာသာဝင် များနှင့်    အခြားဘာသာဝင်များ လည်းရှိပြီး   ရှေးယခင်ကတည်း ကပင် အတူတကွ စုစည်းနေထိုင် ခဲ့ကြပြီး  ဘာသာတရားအလိုက် ကိုးကွယ်နေကြသည့်     ဓလေ့ ထုံးတမ်းစဉ်လာများပင်       ဖြစ် ကြောင်း၊ မိမိအနေဖြင့် ဘာသာ ရေးနှင့် ပတ်သက်၍ အစွန်းရောက် မှုများမရှိအောင်     အမြဲတိုက်တွန်း ပြောကြားလျက်ရှိကြောင်း၊ မိမိတို့ အားလုံးသည် နိုင်ငံအတွင်းကာလ ရှည်ကြာစွာ  အတူတကွနေထိုင်လျက်ရှိသူများဖြစ်သဖြင့် အားလုံး က နိုင်ငံတော်အတွက် တူညီသည့် စိတ်ဖြင့် အတူတကွဆောင်ရွက်ကြ ရန်လိုကြောင်းဖြင့်     ပြောကြားသည်။    

 


ဆွေးနွေးပြောကြား


ထို့နောက်  ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဟိန္ဒူဘာသာ အသင်းမှ ဦးဇော်ဇော်နိုင်၊ အစ္စလာမ် ဘာသာအသင်းမှ ဦးအောင်ဇော် ဝင်း၊ ခရစ်ယာန်ဘာသာအသင်းမှ    ဦးမိုးဇင်၊  တရုတ်ဘုံကျောင်းများမှ   ကိုယ်စားလှယ်    ဦးအောင်ချို တို့က  ဆွေးနွေးတင်ပြကြရာတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့ကို ယခုနှစ် စက်တင်ဘာ လတွင် သာသနာရေးနှင့်ယဉ်ကျေး မှု ဝန်ကြီးဌာန၏  ခွင့်ပြုချက်နှင့် အညီ    အသစ်ပြန်လည်ဖွဲ့စည်း  ဆောင်ရွက်ခဲ့သည့်    အခြေအနေ နှင့် ဆက်လက်ဆောင်ရွက်လျက် ရှိ သည့်    အခြေအနေ၊     ဘာသာ အလိုက် ပြုလုပ်သည့် ဘာသာရေး ပွဲတော်များ၊  ကိုဗစ်-၁၉    ရောဂါ ကာကွယ် ထိန်းချုပ်  ကုသရေး လုပ်ငန်းများတွင် ကူညီထောက်ပံ့ မှုများ၊ နိုင်ငံတကာနှင့် ဆက်သွယ် ဆက်ဆံမှုများ စသည့် ကဏ္ဍများ တွင်     ဘာသာပေါင်းစုံစုပေါင်း ၍  နိုင်ငံသားကောင်းပီသစွာဖြင့် တတ်စွမ်းသည့်ဘက်မှ  ပူးပေါင်း ကူညီ     ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေ၊ နိုင်ငံတော်မှ ပေးအပ် လာသည့် ဘာသာရေးနှင့် လူမှုရေး ဆိုင်ရာ   တာဝန်များကို  ကျေပွန် အောင်    ထမ်းဆောင်သွားမည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ  တတိယလှိုင်း     ဖြစ်ပေါ်ခဲ့သည့် ကာလအတွင်း နိုင်ငံတော်အစိုးရ ၏ လမ်းညွှန်ချက်နှင့်အညီဘာသာ ရေးဆိုင်ရာ       ပွဲတော်များကို     စည်းကမ်းစနစ်တကျဖြင့် အောင် မြင်စွာ  ကျင်းပနိုင်ခဲ့သည့်   အခြေ အနေ၊  နိုင်ငံအတွင်း  မည်သည့် ဘာသာတရားကို ကိုးကွယ်သည် ဖြစ်စေ  ဘာသာရေးအရ လုံခြုံမှု၊ ရိုသေမှုများကို ဖော်ဆောင်ပေးနိုင် ရေး  ကောင်းမွန်သည့်  ရည်ရွယ် ချက်များဖြင့်     ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက်     အဖွဲ့ကြီး၏ ရည်ရွယ်ချက်များကို အောင်မြင် စွာ     အကောင်အထည်ဖော်နိုင် ရေး ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။

 


အဖွဲ့အား ပြန်လည်ဖွဲ့စည်း
ထို့နောက်      သာသနာရေး နှင့်      ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဆွေးနွေးပြောကြားရာတွင် မိမိတို့ နိုင်ငံ၏   ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)  ခုနှစ်တွင်    ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာနှင့် အခြားနတ်ကိုးကွယ် မှုများကိုလည်း    ကိုးကွယ်ရာ ဘာသာဟူ၍ အသိအမှတ်ပြုသည် ဟု  ပါရှိပါကြောင်း၊   ထို့ကြောင့် ဘာသာပေါင်းစုံတို့၏    လိုအပ် ချက်များကို    တတ်စွမ်းသရွေ့ ဖြည့်ဆည်း  ဆောင်ရွက်ပေးရန် မိမိတို့ဝန်ကြီးဌာန၌  တာဝန်ရှိပါ ကြောင်းဖြင့် ပြောကြားပြီး ဘာသာ ပေါင်းစုံ   ချစ်ကြည်ညီညွတ်ရေး အဖွဲ့အား ပြန်လည်ဖွဲ့စည်းဆောင် ရွက်ခဲ့ရာတွင်    လိုအပ်သည်များ    ဆောင်ရွက်ပေးခဲ့မှုနှင့်   လိုအပ် ချက်များ တင်ပြထားရှိမှုကိုလည်း ကဏ္ဍများအလိုက် ဖြေရှင်းဆောင် ရွက်ပေးလျက်ရှိသည့် အခြေအနေ များနှင့်ပတ်သက်၍    ဆွေးနွေး ပြောကြားသည်။ 

 


ယင်းနောက်     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ နိုင်ငံတော်       ဝန်ကြီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ     ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးစိန်သန်း၊ ဟိန္ဒူဘာသာ အသင်းမှ   ဦးဇော်ဇော်နိုင်၊ အစ္စ လာမ်ဘာသာအသင်းမှ ဦးအောင် ဇော်ဝင်း၊    ခရစ်ယာန်ဘာသာ အသင်းမှ     ဦးမိုးဇင်၊   တရုတ်ဘုံ ကျောင်းများမှ   ကိုယ်စားလှယ် ဦးအောင်ချိုတို့က   လက်ခံရယူကြသည်။

 


ထို့နောက်         နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး ပြောကြားမှုများနှင့်  ပတ်သက်၍  တိုင်းပြည်၏ အားသည် ပြည်တွင်း မှာသာရှိပြီး ပြည်တွင်း၏ စည်းလုံး ညီညွတ်မှုအားသည် အခိုင်အမာ ဆုံး    ဖြစ်ပါကြောင်း၊   ထို့ကြောင့် မိမိအနေဖြင့် ပြည်တွင်းစီးပွားရေးကိုအားပေးပြီး   ပြည်သူများ၏ လူမှုဘဝ   တိုးတက်ရေးအတွက် အားပေး    ဆောင်ရွက်လျက်ရှိ ကြောင်း၊    ဘာသာအားလုံး၏ ရည်ရွယ်ချက်သည် ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်းနှင့် စည်းလုံး ညီညွတ်ခြင်းတို့ပင် ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှု    မရှိပါက အခက်အခဲများနှင့်    ရင်ဆိုင်ကြရ မည်ဖြစ်ကြောင်း၊ သာယာဝပြော ခြင်းမှာ    ပြည်သူများ၏   လူမှု ဘဝ   တိုးတက်မှုရှိရန်ပင်ဖြစ်ပြီး ငြိမ်းချမ်းမှုရှိသည့် နိုင်ငံအားလုံး သည်      ဖွံ့ဖြိုးတိုးတက်မှုရှိပြီး အဆိုပါ   နိုင်ငံများအားလုံးတွင် ပြည်သူများသည် လူမှုစီးပွားဘဝ တိုးတက်အောင်   ဆောင်ရွက်နိုင် ကြသည်ကို      တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက်  မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက်    အားလုံးတူညီသည့် စိတ်ဆန္ဒများဖြင့် ဆောင်ရွက်ကြ ရန်လိုကြောင်း။

 


အချိန်နှင့်တစ်ပြေးညီဆောင်ရွက်


ကိုဗစ် - ၁၉   စတင်ဖြစ်ပွားမှု နှင့်  ပတ်သက်၍  ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင်     ထိခိုက်မှု နည်းပါးခဲ့သော်လည်း   တတိယ လှိုင်းဖြစ်ပေါ်ခဲ့ချိန်တွင်       ရောဂါ ကူးစက်မှုနှုန်း မြန်ဆန်၍ ဖြစ်ပွား မှု မြင့်တက်ခဲ့သဖြင့် ထိခိုက်ဆုံးရှုံး ခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ ရောဂါ ကူးစက်မှုနှုန်းများ မြင့်တက် ခဲ့ချိန်၌ “ပြည်တွင်း၏ အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့် အတိုင်း ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများက မိမိတို့ဆောင် ရွက်နိုင်သည့် လမ်းကြောင်းများမှ ရရာ နည်းလမ်းများဖြင့် ပြည်သူ များ၏    ပူးပေါင်းပါဝင်      ကူညီ ဆောင်ရွက်ခဲ့မှုများ၊ မှန်ကန်သည့် ဦးဆောင်မှုများဖြင့်    ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကြောင့်အခက် အခဲများကြားမှ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုသည်   ယခုအချိန်တွင် များစွာ    လျော့နည်းလာခဲ့ပြီဖြစ် ကြောင်း၊    ကိုဗစ်-၁၉   ‌ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်မှု၊      အဖွဲ့အစည်း အသီးသီး၏ ပူးပေါင်းဆောင်ရွက် မှုများကြောင့်  ယခုကဲ့သို့ရောဂါ ကူးစက်မှုနှုန်းများ  ကျဆင်းလာ ခြင်းဖြစ်သည့်အတွက် အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊  ရောဂါ ကူးစက်မှုကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံ များအားလုံး   စီးပွားရေးဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ ယန္တရားများ     တုံ့ဆိုင်းသွားခဲ့ရ ကြောင်း၊   အလားတူ     ရောဂါ ကာကွယ်၊    ထိန်းချုပ်၊    ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်     ဆေးဝါးပစ္စည်း များ ဝယ်ယူရေးအတွက်လည်း နိုင်ငံတော်၏      ဘဏ္ဍာငွေများ များစွာသုံးစွဲရကြောင်း၊ ပြည်သူ များ၏ အသက်ထိခိုက်ဆုံးရှုံးမှုများ နည်းပါးစေရေးအတွက်    လိုအပ် သည့် ဘဏ္ဍာငွေများအား ခွင့်ပြု ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့နှင့် သက်ဆိုင်ရာ  တာဝန်ရှိသူများက    အချိန်နှင့် တစ်ပြေးညီ        ဆောင်ရွက်ခဲ့ကြ ကြောင်း။

 


အရေးပါသည့်ကဏ္ဍတွင်ပါဝင်

ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှုန်းများ        ကျဆင်းသွားသည့် အတွက်   နိုင်ငံတော်၏  တုံ့ဆိုင်း သွားသည့်   ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရန်လိုကြောင်း၊ ယခု ဘာသာပေါင်းစုံအဖွဲ့ကြီး    အနေ ဖြင့်   အရေးပါသည့်ကဏ္ဍတွင် ပါဝင်၍   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်   အဓိက မောင်းနှင်အား တစ်ခုအဖြစ်   ဆောင်ရွက်သွားနိုင် ပါကြောင်း၊          အားလုံးညီညီ ညွတ်ညွတ်ဖြင့်            သက်ဆိုင်ရာ နယ်ပယ်အလိုက်   ဆောင်ရွက်ကြ ရန်လိုကြောင်း၊ နိုင်ငံတိုးတက်ရေး အတွက် အလုပ်လုပ်ရန်လိုအပ်ပြီး နိုင်ငံ၏  အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သည့်   စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကို အခြေခံသည့် ကုန်ထုတ်လုပ် မှုလုပ်ငန်းများကို   အားပေးရမည် ဖြစ်ကြောင်း၊  အဆိုပါ     ကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်ရာတွင်         အသိပညာ အတတ်ပညာများဖြင့်  ဆောင်ရွက်မည်ဆိုပါက    လုပ်ငန်း များ    ပိုမိုအောင်မြင်လာနိုင်မည် ဖြစ်ကြောင်း၊   ထို့ကြောင့်    မိမိတို့ ပတ်ဝန်းကျင်ရှိ   လုပ်ငန်းဆောင် ရွက်နေသူများအား       တိုက်တွန်း အားပေး   ဆောင်ရွက်ကြရန်လို ကြောင်း၊     လူငယ်များ   စီးပွားရေး တိုးတက်အောင်   ဆောင်ရွက်နိုင် ရေးအတွက်      သက်ဆိုင်သည့် အတတ်ပညာများ      ရရှိအောင် သင်ကြားပေးရမည် ဖြစ်ကြောင်း၊ အခြေခံပညာဖြစ်သည့်  အတန်း ပညာများကိုလည်း   တတ်ကျွမ်း အောင်   သင်ကြားပေးရမည်ဖြစ် ကြောင်း၊ ကမ္ဘာပေါ်ရှိ တိုးတက် ကြီးပွားလျက်ရှိသည့်   နိုင်ငံများ သည်  စာပေပညာတတ်ကျွမ်းမှု ရှိသည့် နိုင်ငံများပင်ဖြစ်ကြောင်း။

 


စေတနာအပြည့်ဖြင့် ကြိုးပမ်း


နိုင်ငံကောင်းအောင်   ဆောင် ရွက်ရာတွင်      နိုင်ငံတော်အပေါ် သစ္စာရှိရန်လိုကြောင်း၊   နိုင်ငံသူ နိုင်ငံသားအားလုံး    နိုင်ငံကောင်း အောင် စေတနာထား၍ ဝိုင်းဝန်း ဆောင်ရွက်    ကြစေလိုကြောင်း၊ ထို့ကြောင့် ဘာသာပေါင်းစုံ  အဖွဲ့ အစည်းများအနေဖြင့်လည်း မိမိ တို့  ပတ်ဝန်းကျင်ရှိ အင်အားစုများ ကို   စွမ်းအားပြည့်ဆောင်ရွက်နိုင် ရေး၊  အသိပညာ    အတတ်ပညာ များကို  ရှာဖွေဆောင်ရွက်နိုင်ရေး လှုံ့ဆော်ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊   မိမိတို့နိုင်ငံ    ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသိပညာ အတတ်ပညာနှင့်    ပြည့်စုံသည့် အနာဂတ်   မျိုးဆက်သစ်များ ပေါ်ထွက်လာရန်များစွာ လိုအပ်ပါ ကြောင်း၊   တိုင်းပြည်နှင့်   လူမျိုး အကျိုးစီးပွားအတွက်    မိမိတို့ လုပ်ဆောင်နေရသည့်  ကဏ္ဍများ တွင်  စေတနာအပြည့်ဖြင့် ဝိုင်းဝန်း ကြိုးပမ်း  ဆောင်ရွက်ကြစေလို ကြောင်း၊ မိမိတို့နိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည်မှာ ၂၀၂၃ ခုနှစ်တွင် ၇၅ နှစ်   စိန်ရတုနှစ်သို့ပင်   ရောက်ရှိ တော့မည်ဖြစ်ကြောင်း၊  ဖြတ်သန်း လာသည့်           ကာလများတွင် ကြုံတွေ့ခဲ့ရသည့် သင်ခန်းစာ များကို အသုံးချ၍ နိုင်ငံ့ကောင်းရာ ကောင်းကျိုးတို့ကို     ဝိုင်းဝန်း ကြိုးပမ်း  ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ဘာသာရေးအဖွဲ့အစည်း များဖြစ်သော်လည်း  ဘာသာရေး ကို   အခြေမခံဘဲ  နိုင်ငံ့အရေးနှင့် အမျိုးသားရေးကို    အခြေခံ၍ တိုင်းပြည်အကျိုးစီးပွား  တိုးတက် ရေးအတွက်  ဝိုင်းဝန်းဆောင်ရွက် ကြမည်ဆိုပါက  ပိုမိုကောင်းမွန်နိုင် မည်ဖြစ်ပြီး    တိုင်းပြည်ကောင်း အောင် ဘယ်လိုလုပ်မလဲဆိုသည့် စိတ်ဆန္ဒသည် အဓိကဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်   ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဒုတိယဥက္ကဋ္ဌ        ဟိန္ဒူဘာသာ အသင်းမှ ဦးဇော်ဇော်နိုင်က ဟိန္ဒူ ရိုးရာ        ဂုဏ်ပြုမင်္ဂလာပဝါနှင့် မင်္ဂလာပန်းကုံးတို့ကို       ဂုဏ်ပြု ဝတ်ဆင်ပေးသည်။

 


ယင်းနောက်       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည်     တက်ရောက်လာကြ သည့်   ဘာသာပေါင်းစုံအသင်းမှ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အား ရင်းရင်းနှီးနှီး     နှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်