နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် အောက်တိုဘာ ၃၁


(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ  အခမ်းအနားကို       ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC–II) ညီလာခံခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏    ဇနီး ဒေါ်ကြူကြူလှ၊     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီး ဒေါ်သန်းသန်းနွယ်၊    ကောင်စီ တွဲဖက်  အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်      ဇနီးများ၊ ပြည်ထောင်စုအဆင့်  ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု        ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်  တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း  စစ်ဌာနချုပ် တိုင်းမှူး၊    ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့်         ဆပ် ကော်မတီတို့မှ ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့်          ပြည်နယ် ဝန်ကြီးများ၊  အကဲဖြတ်ပညာရှင် ကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊  အထောက်အကူပြု များ၊  ဆုရရှိကြသည့်   ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကို မောင်နှမ များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ      ရိုးရာယဉ်ကျေးမှုအက အဖွဲ့များနှင့်     တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ          နိုင်ငံတော် ဝန်ကြီးချုပ်က           အမှာစကား ပြောကြားရာတွင်  (၂၄)  ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးကို မူလထားရှိသည့် ရည်မှန်း ချက်အတိုင်း    ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ပြည့်ပြည့်စုံစုံဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ် ပါကြောင်း၊   အမျိုးသားယဉ်ကျေး မှု   အမွေအနှစ်များကို  ထိန်းသိမ်း စောင့်ရှောက်     မြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားညီအစ်ကို မောင်နှမ များအကြား သွေးစည်းချစ်ကြည်မှု ပိုမိုရရှိအောင်   ကြိုးစားနိုင်ကြပါ စေကြောင်းနှင့်   ရရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုကို  အခြေခံပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ် ကို   မြင့်မားအောင်   ကြိုးပမ်း စွမ်းဆောင်နိုင်သူများဖြစ်ကြပါစေ ကြောင်း  ဆုမွန်ကောင်းတောင်း ရင်း နှုတ်ခွန်းဆက်သပါကြောင်း။


အလွန်နက်နဲ     သိမ်မွေ့ပြီး အဆင့်အတန်း    မြင့်မားလှသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာ ရပ်များကို   ဖော်ထုတ်ထိန်းသိမ်း ခြင်းနှင့်အတူ မျိုးဆက်သစ်လူငယ် မောင်မယ်များအကြားတွင်  ရိုးရာ ယဉ်ကျေးမှုကို   မြတ်နိုးလေးစား လာကြစေရန်၊ မိမိနိုင်ငံ မိမိလူမျိုး ၏   အကျိုးစီးပွားကို  ကာကွယ် စောင့်ရှောက်     မြှင့်တင်လိုသည့် ဇာတိမာန်နှင့်    မျိုးချစ်စိတ်များ အစဉ်ထာဝရ         ရှင်သန်နိုးကြား ထက်မြက်နေစေရန်          စသည့် ရည်ရွယ်ချက်များနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အဆို၊  အက၊  အရေး၊ အတီးပြိုင်ပွဲကြီးများကို ၁၉၉၃ ခုနှစ်မှစတင်ပြီး ၂၀၁၆ ခုနှစ်အထိ (၂၂)ကြိမ်တိုင် ကျင်းပခဲ့ပါကြောင်း။


မင်္ဂလာရှိစွာကျင်းပနိုင်ခဲ့


ထို့နောက် ငါးနှစ်ကျော်ကာလ ရပ်တန့်ခဲ့ရသည့်        မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      အစိုးရ လက်ထက် ၂၀၂၂ ခုနှစ်တွင် (၂၃)ကြိမ်မြောက်   ပြိုင်ပွဲကြီးအဖြစ် ပြန်လည်စတင်          ကျင်းပခဲ့ပါ ကြောင်း၊ ယခုနှစ်ဆိုပါက ဒုတိယ မြောက်အနေဖြင့် (၂၄)ကြိမ်အဖြစ် အောင်မြင်စွာကျင်းပခဲ့ပြီး  ဖြစ်ပါ ကြောင်း၊   ထို့ကြောင့်   ယခုလို ကောင်းမြတ်သည့်   အချိန်အခါ သမယတွင်  ဆုချီးမြှင့်ပွဲ   အခမ်း အနားကို မင်္ဂလာရှိစွာ ကျင်းပနိုင် ခဲ့ခြင်း ဖြစ်ပါကြောင်း။


၂၀၂၂ ခုနှစ်တွင် (၂၃)  ကြိမ် မြောက်အဖြစ် ပြန်လည်ကျင်းပရာ ၌ ဗဟိုအဆင့် ပြိုင်ပွဲဝင်အင်အား သည် ကြိုတင်မျှော်မှန်းထားသည် ထက်   ပိုမိုပြီး  ယှဉ်ပြိုင်နိုင်ခဲ့သည် ကို   တွေ့ရှိခဲ့ရပါကြောင်း၊   အဆိုပါ ကာလသည် ကိုဗစ်-၁၉ ရောဂါ၏ အငွေ့အသက်များ  ကျန်ရှိနေဆဲ အချိန်အခါဖြစ်သော်လည်း မူလ မျှော်မှန်းထားသည်ထက်      ပိုမို သာလွန်သည့်  ပြိုင်ပွဲဝင်အင်အား များနှင့်    ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊   အဆိုပါ   အချက်ကို လေ့လာ   ထောက်ရှုခြင်းအားဖြင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးကို အကြောင်းကြောင်းကြောင့်       ရပ်နားထားခဲ့ရသော်လည်း ယခု ပြိုင်ပွဲကြီးကို         အလေးထား မျှော်လင့်ကြသည့် သမ္ဘာရင့်ဝါရင့် ပညာရှင်ကြီးများနှင့် မျိုးဆက်သစ် အနုပညာရှင် မြောက်မြားစွာရှိနေ ကြသည်ကို  တွေ့ရှိနိုင်ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် (၂၃)ကြိမ်မြောက် အဖြစ်  ကျင်းပပြီးစီးသွားခဲ့သည့် ပြိုင်ပွဲကြီးတွင် ဗဟိုအဆင့်ပြိုင်ပွဲ ဝင် အင်အားသည် ၁၈၃၈ ဦး ရှိခဲ့ပါ ကြောင်း၊ ယခုနှစ် (၂၄)  ကြိမ် မြောက် ဗဟိုအဆင့်တွင် ပြိုင်ပွဲဝင် အင်အား ၂၃၀၆  ဦးရှိသည့်အတွက်
ယခင်နှစ်ကထက်  ၄၆၈ ဦး    ပိုမို ပါဝင်လာသည်ကို      တွေ့ရသဖြင့် ဝမ်းသာအားရဖြစ်မိပါကြောင်း။


ဝင်ရောက်ယှဉ်ပြိုင် 


ပြိုင်ပွဲဝင်    ဘာသာရပ်များ အနေဖြင့် အဆိုပြိုင်ပွဲတွင်  အမျိုး အစား(၃)မျိုး၊   အကပြိုင်ပွဲတွင် အမျိုးအစား(၈)မျိုး၊ အရေးပြိုင်ပွဲ တွင်  အမျိုးအစား (၄)မျိုး၊ အတီး ပြိုင်ပွဲတွင် အမျိုးအစား(၁၃)မျိုး၊ စုစုပေါင်းပြိုင်ပွဲအမျိုးအစား(၂၈)မျိုးကို   ကျင်းပပေးခဲ့ပါကြောင်း၊ အဆိုပါ ပြိုင်ပွဲများတွင် ဝါသနာရှင် (ပထမတန်း) အဆင့်၊  ဝါသနာရှင် (ဒုတိယတန်း) အဆင့်၊ အဆင့်မြင့် ပညာအဆင့်၊         အခြေခံပညာ (အသက် ၁၅ နှစ်ပြည့်မှ ၂၀ နှစ် အတွင်း) အဆင့်၊  အခြေခံပညာ (အသက် ၁၀ နှစ်ပြည့်မှ ၁၅ နှစ် အတွင်း) အဆင့်ဆိုပြီး အဆင့် (၅)ဆင့် သတ်မှတ်ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြခြင်းဖြစ်ပါကြောင်း။
ပြီးခဲ့သည့်နှစ်က   ရွှေတံဆိပ် ဆွတ်ခူးရရှိသူ ၁၈၁ ဦး၊ ငွေတံဆိပ် ဆွတ်ခူးရရှိသူ  ၁၄၃  ဦး၊  ကြေး တံဆိပ်ဆွတ်ခူးရရှိသူ  ၁၂၁  ဦး၊ နှစ်သိမ့်ဆုရရှိသူ ၅၆ ဦးနှင့် အထူး ဆု ရရှိသူ နှစ်ဦး စုစုပေါင်း ၅၀၃ဦး ရှိခဲ့ပါကြောင်း၊   ယခုနှစ်ပြိုင်ပွဲ တွင်        ဆုအရေအတွက်သည် ရွှေတံဆိပ် ၁၇၁ ဦး၊   ငွေတံဆိပ် ၁၅၆ ဦး၊ ကြေးတံဆိပ် ၁၅၆ ဦးနှင့် နှစ်သိမ့်ဆုနှင့် အထူးဆုများချီးမြှင့် ပေးမည်ဖြစ်သည့်အတွက် ယမန် နှစ်ကထက်    ဆုအရေအတွက်  ပိုမိုချီးမြှင့်ပေးသွားမည်    ဖြစ်ပါ ကြောင်း။


ပြုစုပျိုးထောင်ပေးလျက်ရှိ


ယနေ့         အချိန်အခါတွင် နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီ       အစိုးရအနေဖြင့် အနာဂတ်    နိုင်ငံတော်အတွက် တည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်သွေးစည်းမှု၊ နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဘက်ပေါင်းစုံ က ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အခြားတစ်ဖက်မှလည်း နိုင်ငံတော်၏အနာဂတ်ကို ဖန်တီး ကြမည့်   လူငယ်များကို   ဗလ ငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံတော် ၏   သားကောင်းရတနာ၊   သမီး ကောင်းရတနာ   မျိုးဆက်သစ်များ ဖြစ်လာစေရန်   ပြုစုပျိုးထောင် ပေးလျက်ရှိပါကြောင်း။
ကာယဗလ၊    ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံ နေရန်အတွက်  ပြုစုပျိုးထောင်ရာ တွင်   ရိုးရာယဉ်ကျေးမှု   ဓလေ့ ထုံးတမ်းများကို   အခြေခံသည့် အနုသုခုမ   ပညာရပ်များသည် အခြေခံကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်ကို   ထပ်ဆင့် ပြောကြားလိုပါကြောင်း။
ထို့ပြင် မြန်မာ့ဂီတ၊ မြန်မာ့ အကနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ    ဆက်လက် ထွန်းကား     ပြန့်ပွားလာသည် နှင့်အမျှ   လူငယ်များ၏  စိတ်ပိုင်း ဆိုင်ရာများတွင်   အမျိုးသားရေး လမ်းကြောင်းမှန်အတိုင်း    ဖွံ့ဖြိုး 
တိုးတက်စေရေး        အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး အမျိုးသားရေး   ကိုယ်ခံစွမ်းအား များ မြင့်မားလာမည်ဖြစ်သည်ကို ပြောကြားလိုပါကြောင်း။


တိုက်တွန်းပြောကြား


ယခုကဲ့သို့   ကိုယ်စီရရှိခဲ့ကြ သည့်  အောင်မြင်မှုများ၊  အပြန် အလှန်       ချစ်ကြည်ခိုင်မြဲသည့် မေတ္တာတရားများကို  အခြေခံပြီး မိမိတို့၏      နေရပ်ဒေသများကို ပြန်လည်ရောက်ရှိကြသည့်အခါ မိမိတို့ဒေသအကျိုး၊ နိုင်ငံတော် အကျိုး၊ နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးကို ကျရာအခန်းကဏ္ဍများ မှနေပြီး  ဆတက်ထမ်းပိုးတိုး၍ သယ်ပိုးနိုင်ကြပါစေကြောင်း၊ စည်းလုံးညီညွတ်စွာဖြင့် သာယာ လှပသည့်   ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ကြ       ပါစေ ကြောင်း       တိုက်တွန်းပြောကြား သည်။
ပေးအပ်ချီးမြှင့်
ထို့နောက်   ဆုများ ပေးအပ် ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ          နိုင်ငံတော် ဝန်ကြီးချုပ်က  ကချင်၊  ကယား၊ ကရင်၊  ချင်း၊  မွန်၊  ရခိုင်နှင့်  ရှမ်း ပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ အကအဖွဲ့များကို  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရှမ်းတိုင်းရင်း သားရိုးရာ အကအဖွဲ့က ရှမ်းရိုးရာ အကဖြင့်  စုပေါင်းကပြဖျော်ဖြေ တင်ဆက်ကြသည်။


ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်


ဆက်လက်၍   အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို  ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီးက  မဟာဂီတ အဆိုပြိုင်ပွဲ   ဝါသနာရှင်အဆင့် ပထမတန်းနှင့်        ဒုတိယတန်း (အမျိုးသမီး) ပြိုင်ပွဲတို့တွင် ဆုရရှိ ကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီးနှင့် ကောင်စီဝင်တို့၏ ဇနီးတို့ က မဟာဂီတအဆိုပြိုင်ပွဲ အဆင့် မြင့်  ပညာအဆင့်၊  အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)၊     အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅နှစ်အတွင်း) (အမျိုးသမီး) ပြိုင်ပွဲများတွင် ဆုရ ရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ် နှင့်    ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များက  မဟာဂီတအဆိုပြိုင်ပွဲ  ဝါသနာရှင် အဆင့် (ပထမတန်း)၊ ဝါသနာရှင် အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက်၁၀ နှစ်မှ ၁၅ နှစ်အတွင်း)(အမျိုးသား)ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို လည်းကောင်း၊   ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲ ဝါသနာရှင် အဆင့်(ပထမတန်း)၊ ဝါသနာရှင် အဆင့် (ဒုတိယတန်း)၊ အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း)(အမျိုးသား) ပြိုင်ပွဲများတွင်  ဆုရရှိကြသူများ ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ် နှင့်      ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များနှင့် ကောင်စီဝင်များ၏       ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ က   ခေတ်ဟောင်း /  ကာလပေါ် အဆိုပြိုင်ပွဲ     ဝါသနာရှင်အဆင့် (ပထမတန်း)၊  ဝါသနာရှင်အဆင့် (ဒုတိယတန်း)၊  အဆင့်မြင့်ပညာ အဆင့်၊         အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅နှစ်အတွင်း)(အမျိုးသမီး) ပြိုင်ပွဲ၊   အမျိုးဂုဏ်၊   ဇာတိဂုဏ် မြှင့်တင်ရေး   တေးသီချင်းအဆို ပြိုင်ပွဲ ဝါသနာရှင်အဆင့် (ဒုတိယ တန်း)နှင့်  အဆင့်မြင့်ပညာအဆင့် (အမျိုးသား) ပြိုင်ပွဲများတွင် ဆုရရှိ ကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ကြသည်။


ဖျော်ဖြေတင်ဆက်


ထို့နောက်  ခေတ်ဟောင်း/ကာလပေါ်   အဆိုပြိုင်ပွဲအခြေခံ ပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)  (အမျိုးသမီး) ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စား ပြု       မခင်ရတနာမိုးမြင့်က “ရွာသာယာ” သီချင်းဖြင့် သီဆို ဖျော်ဖြေတင်ဆက်သည်။
ယင်းနောက်           ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့်ပြည်ထောင်စု ဝန်ကြီးများက       အကပြိုင်ပွဲ ဝါသနာရှင်အဆင့် (ပထမတန်း)၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အဆင့်မြင့်ပညာအဆင့်၊ အခြေခံ ပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ အခြေခံပညာ အဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း)ပြိုင်ပွဲများတွင် ဆုရရှိသူ များနှင့် ပံ့ပိုးဆိုင်း ဆုရရှိသူများကို လည်းကောင်း၊ ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲ၊   ကွက်စိပ်ပြိုင်ပွဲ၊   ကဗျာ လွတ်ပြိုင်ပွဲ၊   ရှမ်းတိုင်းရင်းသား ရိုးရာအကပြိုင်ပွဲများတွင်  ဆုရရှိ သူများနှင့် ပံ့ပိုးဆိုင်းဆုရရှိကြသူ များကိုလည်းကောင်း  ဂုဏ်ပြုဆု တံဆိပ်နှင့်  ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍      အကပြိုင်ပွဲ၊ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ  ၁၅ နှစ်အတွင်း)   ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရရှိသည့်        ကရင် ပြည်နယ်ကိုယ်စားပြု မမေစနိုးက ကပြဖျော်ဖြေသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးများက အရေးပြိုင်ပွဲတွင် ဆုရရှိကြသူများကို   ဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ချီးမြှင့်သည်။


သီဆိုဖျော်ဖြေ


ယင်းနောက်      အရေးပြိုင်ပွဲ၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) ပြိုင်ပွဲ၌ ရွှေ တံဆိပ်ဆုရရှိသည့်  ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြု မဟန်စုစုစံ က   “ဝါကျွတ်ခါမီ  တူရာသီ” တေးသီချင်းဖြင့်   သီဆိုဖျော်ဖြေ သည်။
ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီးများက စောင်းအတီးပြိုင်ပွဲ၊ စန္ဒရားအတီးပြိုင်ပွဲ၊   ဆိုင်းအဖွဲ့ လိုက် အတီးပြိုင်ပွဲ၊ ဆိုင်းတစ်ဦး ချင်းပြိုင်ပွဲတို့တွင်    ဆုရရှိကြသူ များကို ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။
ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စစ်ကိုင်း၊  တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့်  ဧရာဝတီတိုင်းဒေသ ကြီးတို့မှ   ယဉ်ကျေးမှုအကအဖွဲ့ များကို   ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။
ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးများ၊         နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊         မြန်မာနိုင်ငံ အမျိုးသား       လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊   ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ         အဆင့်မြင့် တပ်မတော်  အရာရှိကြီးများက ဒိုးပတ်အတီးပြိုင်ပွဲ၊ အိုးစည်အတီး ပြိုင်ပွဲ၊         တယောအတီးပြိုင်ပွဲ၊ နှဲပြိုင်ပွဲ၊ ပလွေပြိုင်ပွဲ၊ မယ်ဒလင် အတီးပြိုင်ပွဲ၊    ပတ္တလားအတီး ပြိုင်ပွဲ၊ ဂီတာအတီးပြိုင်ပွဲနှင့် ဒုံမင်း အတီးပြိုင်ပွဲတို့တွင်   ဆုရရှိကြသူ များကို  ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။


ဆက်လက်၍    စောင်းအတီး ပြိုင်ပွဲ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) ပြိုင်ပွဲ တွင်   ရွှေတံဆိပ်ဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး  ကိုယ်စား ပြု    မရှင်းသဒ္ဒါထက်အောင်က တီးခတ်ဖျော်ဖြေသည်။
ထို့နောက်    ကောင်စီတွဲဖက် အတွင်းရေးမှူးက တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ အသက်အကြီး ဆုံး၊         အသက်အငယ်ဆုံးနှင့် မသန်စွမ်းပြိုင်ပွဲဝင်       ရှစ်ဦးကို အထူးဆုများ    ပေးအပ်ချီးမြှင့် သည်။
ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊   ဒုတိယ၊  တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် အဖွဲ့များနှင့် ကြိုးဆွဲအဖွဲ့ထူးချွန်ဆု၊ ဆိုငိုပြော အဖွဲ့ထူးချွန်ဆု၊ ဇာတ်ပို့ဆိုင်းအဖွဲ့ ထူးချွန်ဆုနှင့် ဇာတ်ညွှန်းဆု ရရှိ သူများကို  ဂုဏ်ပြုဆုတံဆိပ်များ နှင့်    ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟော် သဓာ ဇာတ်တော်ကြီးပြိုင်ပွဲတွင် ပထမ၊   ဒုတိယ၊  တတိယနှင့် နှစ်သိမ့်ဆုရရှိသည့်     အဖွဲ့နှင့် ဇာတ်သရုပ်ဆောင် ထူးချွန်ဆုရရှိ သည့်   မဟော်သဓာမင်းသားဆု၊ အမရာမင်းသမီးဆု၊    ကေဝဋ် ပုဏ္ဏားဆု၊ နှစ်ပါးသွားဆု၊ ဇာတ်ညွှန်း ဆု၊ ပံ့ပိုးဆိုင်းဆုနှင့် ဒါရိုက်တာဆု ရရှိသူများကို ဂုဏ်ပြုဆုတံဆိပ် များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။  

 
ရင်းရင်းနှီးနှီးနှုတ်ဆက်


ထို့နောက်        ဆုချီးမြှင့်ပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ က အခမ်းအနား တက်ရောက်လာ ကြသူများကို        ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို ၊ အက ၊ အရေး၊ အတီးပြိုင်ပွဲတွင်  ဆုတံဆိပ်ရရှိမှု များမှာ  ရန်ကုန်တိုင်းဒေသကြီးမှ ၁၄၃ ဆု၊ မန္တလေးတိုင်းဒေသကြီးမှ ၈၁ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၅၆ ဆု၊ ကရင်ပြည်နယ်မှ  ၃၁ ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၂ ဆု၊ ပဲခူးတိုင်းဒေသကြီးမှ ၄၀ ဆု၊ မွန် ပြည်နယ်မှ ၃၂ ဆု၊ ရခိုင်ပြည်နယ် မှ ၁၇ ဆု၊ တနင်္သာရီတိုင်းဒေသကြီး မှ ၁၉ ဆု၊ ကချင်ပြည်နယ်မှ ၁၉ ဆု၊   ကယားပြည်နယ်မှ  ၁၆  ဆု၊ ရှမ်းပြည်နယ်မှ   ၁၅  ဆု၊  ချင်း ပြည်နယ်မှ ၁၄ ဆုနှင့် မကွေးတိုင်း ဒေသကြီးမှ  ၁၆ ဆု   ရရှိခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်