
နေပြည်တော် အောက်တိုဘာ ၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာ သည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ များ၏ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဒီဇယ်စက်ခေါင်းပြင် စက်ရုံ (မလွှကုန်း)စက်ရုံ အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်မြိုင်က မလွှကုန်းယာဒ်ဝင်း၏ နောက်ခံသမိုင်းကြောင်းနှင့် လုပ်ငန်းတာဝန်များ၊ ယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် လက်ရှိပြေးဆွဲလျက်ရှိသည့် ကုန်ရထားများမှ ကုန်တင်ပို့မှု၊ ဒီဇယ်စက်ခေါင်းပြင်စက်ရုံ (မလွှကုန်း)၊ မလွှကုန်းတွဲပြင်အလုပ်ရုံ၊ တံတားပေါင်အလုပ်ရုံ (မလွှကုန်း)၊ ယန္တရားအလုပ်ရုံ(မလွှကုန်း)တို့၏ နောက်ခံသမိုင်း အကျဉ်းများ၊ စက်ရုံ၊ အလုပ်ရုံတစ်ခု ချင်းစီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ
သက်သာချောင်ချိရေးအတွက်
ရထားပို့ဆောင်ရေးစနစ်ကို စနစ်တကျဆောင်ရွက်
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က တိုင်းပြည်၏ ကုန်စည်စီးဆင်းရေးကဏ္ဍတွင် ကုန်ရထားများသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းပို့ဆောင်ရေး ဟူ၍ရှိပြီး ရထားဖြင့် ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ် သက်သာစွာဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်နိုင် သဖြင့် အကျိုးအရှိဆုံး ပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရထားဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် မှုကဏ္ဍမြင့်မားစေရေးအတွက် ကုန်တွဲများကြံ့ခိုင်ရေး ကို ဆောင်ရွက်ရန်လိုသကဲ့သို့ စက်ခေါင်းများလည်း ကောင်းမွန်နေရမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင် ရေး ကုန်ကျစရိတ်သက်သာခြင်းသည် ပြည်သူလူထု ၏ နေ့စဉ်လူမှုစီးပွားဘဝ သက်သာချောင်ချိရေးကို တိုက်ရိုက် အထောက်အကူပြုနိုင်သကဲ့သို့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသဖြင့် ရထားသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန်လို ကြောင်း။
မိမိတို့နိုင်ငံတွင် ရထားများကို အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အတွေ့အကြုံများစွာရှိပြီးဖြစ်ကြောင်း၊ အဆိုပါ အတွေ့အကြုံများကို အကျိုးရှိရှိအသုံးချ၍ ရထား စက်ခေါင်းများ၊ တွဲများ၊ သံလမ်းများကို ကိုယ်တိုင် ထုတ်လုပ်နိုင်ရမည်၊ ခေတ်မီသည့် ရထားသယ်ယူ ပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားအသုံးပြုသည့် မီးရထားစက်ခေါင်း များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရထားသယ်ယူ ပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲပြေးဆွဲ နိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန် လိုကြောင်း၊ ရထားလမ်းများ ကောင်းမွန်မှသာလျှင် ရထားစက်ခေါင်းများ၊ ရထားတွဲများ ကြံ့ခိုင်ကောင်းမွန် မည်ဖြစ်သည့်အတွက် မီးရထားလမ်းများ စနစ်တကျ ရှိပြီး ကြံ့ခိုင်မှုရှိစေရေးအတွက်လည်း ကျောက်ထည့် သွင်းခြင်း၊ ဇလီဖားတုံးများ ထည့်သွင်းခြင်းတို့ကို စံချိန်စံနှုန်းပြည့်မီရန်နှင့် နည်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရထား ခရီးစဉ်ပြေးဆွဲမှု အချိန်ဇယားများကိုလည်း တိကျမှန်ကန်သည့်စနစ်ဖြစ်ရန်လိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒီဇယ်စက်ခေါင်းပြင် စက်ရုံ(မလွှကုန်း)အတွင်း စက်ခေါင်းများ ပြုပြင် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် စက်ခေါင်းများအား ပြုပြင်ရမည့်အဆင့် အလိုက်၊ ထိန်းသိမ်းရမည့်အဆင့်အလိုက် မပျက် မကွက် ဆောင်ရွက်သွားရန်လိုသကဲ့သို့ ရထားစီး ခရီးသည်များအတွက် ဆွဲဆောင်မှုရှိရန်လည်း လိုကြောင်း၊ ရထားလမ်းများ ယခုထက်ပို၍ ကြံ့ခိုင်မှု ရှိစေရေး သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း၊ သက်တမ်းကြာမြင့်ပြီဖြစ်သည့် စက်ရုံ၊ အလုပ်ရုံ များ ဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အသုံးပြုသည့် ကိရိယာပစ္စည်းများ စနစ်တကျရှိ စေရေး တန်ဖိုးထား၍ ထိန်းသိမ်းလုပ်ဆောင်သွား ကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ခရီးတိုနှင့် ရန်ကုန်မြို့ပတ်လမ်း၌ ပြေးဆွဲနိုင်ရေး RBE ရထားတွဲများအား စစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မလွှကုန်းတွဲပြင်အလုပ်ရုံသို့ ရောက်ရှိကြပြီး ဂျပန် နိုင်ငံ West Corporation မှ မြန်မာ့မီးရထားသို့ လှူဒါန်း ထားသည့် RBE အစင်း ၃၀ ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များ ပြန်လည်ဆွေးနွေး မှာကြားသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် RBE ရထားများ အတွင်းပိုင်းအပြင်အဆင်များနှင့် စက်ပိုင်း ဆိုင်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခု ရထားများသည် ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းနှင့် ခရီးတိုပြေးဆွဲနိုင်ရေး ရည်ရွယ်ထားသည့်အတွက် ကြံ့ခိုင်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက် မပြတ် အလေးထားဆောင်ရွက်သွားရန်နှင့် ရထားစီး ခရီးသည်များအဆင့်မီစွာ စီးနင်းအသုံးပြုနိုင်ရေး လိုအပ်သည်များကို မပြတ်စောင့်ကြည့်ဆောင်ရွက် သွားရန် လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မြန်မာ့မီးရထားတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရေနွေးငွေ့သုံး မီးရထား စက်ခေါင်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများ အား ပြန်လည်အသုံးပြုနိုင်ရေး ကြိုးစားဆောင်ရွက် သွားရန်နှင့် စနစ်တကျထိန်းသိမ်းထားရှိရန် လိုအပ် သည်များကို မှာကြားသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ မီးရထားဝန်ထမ်းများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
မလွှကုန်းယာဒ်ဝင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီ က ကုန်တွဲပေါင်း(၉၀၂၁)တွဲကို အသုံးပြု၍ ကုန်စည် သယ်ယူပို့ဆောင်မှုကို လုပ်ဆောင်ခဲ့ပြီး ( ၁၉၄၀-၁၉၄၁)ခုနှစ်တွင် ကုန်တန်ချိန်(၄,၀၃၀,၆၅၃)တန် အထိ အများဆုံးသယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရှိ ရပြီး ကုန်ရထားတွဲဆိုင်းများဖွဲ့ဆင်၍ စေလွှတ်ခြင်း နှင့် လက်ခံခြင်းပြုလုပ်ရာ၌ အဓိကကျသည့် ယာဒ်ဝင်းတစ်ခုဖြစ်သည်။ မြန်မာ့မီးရထားအနေဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍတွင် နိုင်ငံ တော်နှင့် ပြည်သူတို့အားထားနိုင်သည့် ရထား လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ရေး ရည်မှန်းချက် ထား ဆောင်ရွက်လျက်ရှိရာတွင် မလွှကုန်းယာဒ်ဝင်း သည် အဓိကကျသည့် ယာဒ်ဝင်းတစ်ခုဖြစ်ပြီး စက်ခေါင်းများ မွမ်းမံပြုပြင်သည့် ဒီဇယ်စက်ခေါင်းပြင် စက်ရုံ၊ ကုန်တွဲပြင်အလုပ်ရုံများလည်း တည်ရှိရာ နေရာတစ်ခုဖြစ်သည်။ ထို့ပြင် ရထားလမ်းတံတား များ၊ ကားလမ်းခုံးကျော်တံတားများအတွက် လိုအပ် သည့် တံတားပေါင်များ ထုတ်လုပ်ပေးလျက်ရှိသော တံတားပေါင် အလုပ်ရုံနှင့် စက်ယန္တရားကြီးများကို မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် ယန္တရားအလုပ်ရုံများ တည်ရှိရာနေရာလည်း ဖြစ်ကာ နိုင်ငံတော်၏ ခရီးသည်နှင့် ကုန်စည်ပို့ဆောင် ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်းကြောင်း အစဉ်အလာကောင်းစွာဖြင့် အစဉ်အဆက်ဆောင်ရွက် ခဲ့သည့် မလွှကုန်းယာဒ်ဝင်းဧရိယာသည် မြန်မာ့ မီးရထားအတွက် အရေးပါသည့် နေရာတစ်ခုဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်