
နေပြည်တော် စက်တင်ဘာ ၂၃
စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်း အမှတ်စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူ ကြူလှတို့ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီ ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ စာတမ်းဖတ်ပွဲတွင် သဘာပတိများအဖြစ် ဆောင်ရွက်ကြမည့် ပညာရှင် များ၊ စာတမ်းရှင်များ၊ ဝန်ကြီးဌာနအသီးသီးမှ အရာ ထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့်ဧည့်သည် တော်များ တက်ရောက်ကြသည်။
ကြည့်ရှုလေ့လာ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် အခမ်းအနားသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်၍ စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ဘဝမှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံများ၊ ရေးသား ပြုစုတော်မူခဲ့သည့် စာပေနှင့် ပေကျမ်းများ၊ ခေတ်ပြိုင်စာဆိုတော်များ၊ စာဆိုတော် ရှင်မဟာ ရဋ္ဌသာရကို ဂုဏ်ပြုရေးသားထားသည့် ဆောင်းပါး များ ခင်းကျင်းပြသထားရှိမှုကို စိတ်ဝင်တစား ကြည့်ရှုလေ့လာပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပြန်လည်ဆွေးနွေး ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အခမ်း အနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှနှင့် တက် ရောက်လာကြသူများသည် စာဆိုတော် ရှင်မဟာ ရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ကပြ ဖျော်ဖြေတင်ဆက်ကြသည့် “ကျေးဇူးသစ္စာ ပန်း အလင်္ကာ” ဂုဏ်ပြုတေးဂီတ ကဇာတ်(ပထမပိုင်း) ကို ကြည့်ရှုအားပေးကြသည်။
ဖတ်ရှုပူဇော်
ဆက်လက်၍ စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ် စာတမ်း ဖတ်ပွဲကို စတင်ကျင်းပပြုလုပ်ရာ သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်များဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာလဲ့လဲ့ဝင်းက ရှင်မဟာရဋ္ဌသာရ (သမိုင်းအမြင်ဖြင့် လေ့လာခြင်း) စာတမ်းကိုလည်း ကောင်း၊ ဦးအမ်းယုမောင် (မောင်လူမွှေး-မြန်မာမှု)က သံဝရပျို့မှ သင်ပုန်းကြီးရေးထုံးသင်ရိုးနှင့် သတ်ပုံ ရေးထုံးစာတမ်းကိုလည်းကောင်း၊ သမိုင်းသုတေသန နှင့်အမျိုးသားစာကြည့်တိုက်များဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါက်တာထွန်းထွန်းဦး က မြန်မာလူမျိုးတို့ လိုက်နာကျင့်သုံးရသော ကျင့်ဝတ်တရားတို့မှ မင်းတို့ ကျင့်ရာသောတရားများ စာတမ်းကို လည်းကောင်း ဖတ်ကြားကြပြီး ပြင်ပပညာရှင် ဦးသူရဇော်က ရဟန်း စာဆိုရှင်မဟာရဋ္ဌသာရ ကို ကဗျာ၊ လင်္ကာရှုထောင့်မှ ဖတ်ရှုပူဇော်သည်။
စာတမ်းများ ဖတ်ကြားမှုအပြီးတွင် တက်ရောက် လာကြသူများ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် စာတမ်းရှင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်း အမှတ်အဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ကျေးဇူးသစ္စာ ပန်းအလင်္ကာ” ဂုဏ်ပြု တေးဂီတ ကဇာတ် (ဒုတိယပိုင်း) ဆက်လက် ကပြဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ကဇာတ်ဖျော်ဖြေတင်ဆက်မှုများ အပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်း အမှတ် စာတမ်းဖတ်ပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည့်ပညာရှင်ကြီးများနှင့် စာတမ်းရှင် များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့် သည်။
မြန်မာတို့၏ စာပေသမိုင်းတွင် ယနေ့ထက်တိုင် အမြတ်တနိုးတန်ဖိုးထား၍ လေ့လာဖတ်ရှုပြီး အတုယူ စံထားရသည့် စာပေပညာရှင်များ အမြောက်အမြား ပေါ်ထွန်းခဲ့ပြီး မြန်မာစာပေသည် ထေရဝါဒဗုဒ္ဓ သာသနာဆိုင်ရာ စာပေကျမ်းဂန်များနှင့် ယှဉ်တွဲ ပေါ်ထွန်းလာခဲ့သကဲ့သို့ စာပေပညာရှင်စာဆိုတော်ကြီးများတွင် ရဟန်းပညာရှင်၊ လူပညာရှိ၊ မင်းမှုထမ်း၊ နန်းတွင်းသူနှင့် သာမန်အရပ်သူအရပ်သားများ လည်း ပါဝင်ခဲ့ကာ ယင်းစာပေပညာရှင်များအနက် အင်းဝခေတ် သက္ကရာဇ် (၈၃၀) က ပေါ်ထွန်းခဲ့သည့် ရှင်မဟာရဋ္ဌသာရသည်လည်း တစ်ပါးအပါအဝင်ဖြစ် သည်။
စာဆိုတော် ရှင်မဟာရဋ္ဌသာရသည် စံထား လောက်သည့် ဂန္ထဝင်မြောက် ပျို့၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ တောလား အစရှိသည့် မြန်မာစာပေ၏ ကြွယ်ဝလှသည့် စာပေပုံသဏ္ဌာန်မျိုးစုံကို လောက ကြောင်း၊ ဓမ္မကြောင်းများနှင့်ယှဉ်၍ ရေးသားစပ်ဆိုခဲ့ သည့် စာဆိုတော်ကြီးတစ်ပါးလည်းဖြစ်ပြီး စာဆိုတော် ရှင်မဟာရဋ္ဌသာရ ရေးသားခဲ့သည့် ကဗျာလင်္ကာများ အနက် မြန်မာနိုင်ငံ စာပေသင်ကြားမှုသမိုင်းတွင် အထင်ကရရှိခဲ့သည့် သင်ကြားမှုနည်းစနစ်တစ်ခုမှာ “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ” “အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင် နေ့တိုင်းဆင်လော့” ဟူသည့် ဆုံးမစာလင်္ကာသွားပင်ဖြစ်၍ ယနေ့အထိ လည်း ခေတ်မီနေဆဲပင်ဖြစ်သည်။ သုဏေယျ- ကြားနာ ခြင်း၊ စိန္တေယျ-ကြံဆခြင်း၊ ပုစ္ဆေယျ-မေးမြန်းခြင်း၊ ဘာသေယျ- ပြောဆိုဆွေးနွေးခြင်း၊ ဝိစာရေယျ-စူးစမ်းဆင်ခြင်ခြင်း၊ လိခေယျ-ရေးမှတ်ခြင်း၊ သိက္ခေ ယျ-လေ့ကျင့်ခြင်း၊ ဓာရေယျ-နှုတ်တက်အာဂုံဆောင် ခြင်းတို့ပင်ဖြစ်ကာ စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ သမိုင်းကြောင်းများကို အခြေခံ၍ ဆရာတော်ကြီး၏ ဘဝတစ်ဆစ် တစ်ရစ်ကောက်ကြောင်းကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန မှ သဘင်တင်ဆက်မှု အသွင်သဏ္ဌာန်ဖြင့် ယနေ့တွင် ဂါရဝထား ဂုဏ်ပြုကာ ကြိုးပမ်းတင်ဆက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဆရာတော်ကြီး၏ ခိုင်မြဲတည်ကြည် သည့် စာပေကျေးဇူးသည် မြန်မာစာပေသမိုင်းအတွက် တုနှိုင်း၍မရနိုင်ဘဲ အလင်္ကာပန်းရနံ့ပမာ ယနေ့ထက် တိုင် သင်းပျံ့နေဆဲဖြစ်သည့်အတွက် “ကျေးဇူးသစ္စာ ပန်းအလင်္ကာ” ဟူသည့် ဂုဏ်ပြုတေးဂီတ ကဇာတ် ဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်