နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ် ဒုတိယအကြိမ် နိုင်ငံအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်၍ လင်းလွန်းပင်အား ဦးဆောင်စိုက်ပျိုးပေး

 

နေပြည်တော်  ဇူလိုင်    ၂၈


၂၀၂၃ ခုနှစ် ဒုတိယအကြိမ် နိုင်ငံအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ပရိဝုဏ်တော်အတွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်၍   လင်းလွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီ အတွင်းရေးမှူးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်  ဇနီးများ၊   ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊   ဒုတိယ ဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာ ထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်  ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်နှင့်  အခြေခံပညာကျောင်းများမှ ကျောင်းသား   ကျောင်းသူများ၊   တာဝန်ရှိသူများ တက်ရောက်ကြသည်။


အမှာစကားပြောကြား


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ဥယျာဉ် စိမ်းလန်းစိုပြည်သာယာပြီး ဘုရားဖူးလာ ရဟန်းရှင် လူပြည်သူများ    စိတ်ကြည်လင်အေးချမ်းစေရေး၊ သစ်တောသယံဇာတများ   ရေရှည်တည်တံ့ပြီး   ဇီဝ မျိုးစုံမျိုးကွဲများ ပေါများကြွယ်ဝစေရေး၊   ရာသီဥတု သာယာမျှတစေရေးနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာစေရေးအတွက် ရည်ရွယ်၍ ယခုသစ်ပင်စိုက် ပွဲတော်ကို ကျင်းပခြင်းဖြစ်ပါကြောင်း။ 
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာ ပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံး ကျောက်သားစစ်စစ် ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူပင်ဖြစ်ပါကြောင်း၊ ယခု ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတွင် မြန်မာ နိုင်ငံ၏ ဂုဏ်ယူဖွယ်ရာဗုဒ္ဓရုပ်ပွားတော်မြတ်တည်ရှိ သည့် ဥယျာဉ်ဝင်းအတွင်း စိမ်းလန်းစိုပြည်စေရေး အတွက်   လင်းလွန်းပင်၊   လုမ္ဗိနီအင်ကြင်းပင်နှင့်  ကံ့ကော်ပင်  စသည့် သစ်မျိုး ၁၇ မျိုး၊ အပင်ပေါင်း၂၁၈၁ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း။


အထိမ်းအမှတ်အပင်ဖြစ်


ယနေ့စိုက်ပျိုးရာတွင် ပါဝင်သည့် လင်းလွန်းပင် သည်  တဖုဿနှင့် ဘလ္လိက   ကုန်သည်ညီနောင်ကို ပထမဆုံးသော   အနုမောဒနာတရား  ဟောကြားပြီး ပထမဦးဆုံး ဆံတော်ပေးအပ်သည့်နေရာဖြစ်သကဲ့သို့ သရဏဂုံနှစ်ပါးစတင်ရာနေရာ၏ အထိမ်းအမှတ် အပင် ဖြစ်ပါကြောင်း၊ အလားတူ လုမ္ဗိနီအင်ကြင်းပင် သည်လည်း မြတ်ဗုဒ္ဓဖွားတော်မူရာနေရာ၏ အထိမ်း အမှတ်အပင်ဖြစ်ပါကြောင်း။


ပွင့်တော်မူပြီးသည့်    နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားရှင်များသည် ဥယျာဉ်၊ သစ်တောများရှိ ဗောဓိပင်ရင်းများ၌ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊  ထို့ကြောင့်   သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းသည်  ဗုဒ္ဓသာသနာတော်   ထွန်းလင်း ပွင့်လန်းစေရေးကောင်းမွန်မြင့်မြတ်သည့် အစဉ်အလာ နှင့် အထောက်အပံ့ကောင်း တစ်ခုဖြစ်ပါကြောင်း။


ဗုဒ္ဓ၏အဆုံးအမတရားတော်၌ ထာဝရကုသိုလ် (၆)ပါးရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တော များထိန်းသိမ်းခြင်းသည်   ထာဝရကုသိုလ်တစ်ပါး ဖြစ်ပါကြောင်း၊  သစ်ပင်စိုက်ပျိုးခြင်းသည်    ဇရပ် တန်ဆောင်း၊ ဂူ၊ ကျောင်း၊ ပြာသာဒ်ဆောက်လုပ် လှူဒါန်းခြင်းနှင့် အခြားထာဝရကုသိုလ်များကဲ့သို့ပင် တူညီသည့်ကုသိုလ်ကို ရရှိခံစားနိုင်ပြီး အသက်ရှည် ကျန်းမာသည့် ကုသိုလ်အကျိုးထူးတို့ကိုလည်း ရရှိနိုင် ပါကြောင်း။


ထို့ကြောင့်လည်း  မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း၌ ဗောဓိညောင်ပင်၊ ကျည်းပင်၊ လင်းလွန်းပင်၊ လုမ္ဗိနီအင်ကြင်းပင်အစရှိသည့်    ဗုဒ္ဓသာသနာနှင့် ဆက်စပ်နေသည့်အပင်မျိုးများအပါအဝင် သစ်ပင်မျိုး များစွာကို   စိုက်ပျိုးပြုစုထိန်းသိမ်းထားပါကြောင်း၊ “ဘုရားကျောင်းကန် စေတီရံလည်း သစ်ပင်ရှိမှ  ပနံ ရလိမ့်”ဟုဆိုသည့်အတိုင်း မြန်မာနိုင်ငံ၏ ဂုဏ်ယူ ဖွယ်ရာ ဗုဒ္ဓရုပ်ပွားတော်မြတ်တည်ရှိသည့် ဥယျာဉ်ဝင်း အတွင်း စိမ်းလန်းသာယာစေရေး ယခုကဲ့သို့ပြည်သူ များနှင့်ပူးပေါင်းပြီး သစ်ပင်များ ဆက်လက်စိုက်ပျိုး သွားမည်ဖြစ်ပါကြောင်း။


ရေရှည်တည်တံ့စေရေးထိန်းသိမ်းကြရမည်


သစ်တောများ          တည်ရှိရှင်သန်နေခြင်းသည် “အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုး စီးပွားနှင့်  အနာဂတ်၏ဖွံ့ဖြိုးမှု”   ဖြစ်သည့်အတွက် စနစ်တကျပြုစုထိန်းသိမ်းရန်  အလွန်အရေးကြီးပါ ကြောင်း၊ တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်ပြီး စိုက်ပျိုး သမျှ အောင်မြင်အောင်ပြုစုထိန်းသိမ်းကြရမည်ဖြစ် ပါကြောင်း၊ သစ်ပင်သစ်တောများကို စိုက်ပျိုးပြုစုခြင်း  သာမက သဘာဝသစ်တောသယံဇာတများကိုလည်း ရေရှည်တည်တံ့စေရေး   ထိန်းသိမ်းကြရမည်ဖြစ်ပါ ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင်   နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို  သစ်တောကြိုးဝိုင်းများ၊    ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းနိုင်ရေးနှင့် ၁၀ ရာခိုင် နှုန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် ရည်မှန်းချက်များပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လည်း     မှာကြားလိုပါ ကြောင်း။


နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စားရေရိက္ခာဖူလုံပြီး ကျန်းမာပျော်ရွှင်ရေးအတွက် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည်  အလွန် အရေးကြီးပါကြောင်း၊ ဗုဒ္ဓဥယျာဉ်တော်ကြီး စိမ်းလန်း သာယာစိုပြည်ရေး၊  သစ်ပင်သစ်တောများ   ရေရှည် တည်တံ့စေရေးအတွက်   ဘက်စုံကဏ္ဍစုံမှ   ရှုမြင် သုံးသပ်ပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုသစ်ပင် စိုက်ပျိုးပွဲတော်မှသည်  နိုင်ငံအဝန်း ကျေးလက်မြို့ပြ များအားလုံး  စိမ်းလန်းစိုပြည်သာယာစေရေး၊  မိမိ ပတ်ဝန်းကျင်နှင့် ကမ္ဘာမြေငြိမ်းချမ်းသာယာစေရေး၊ ထာဝရကုသိုလ်ရယူနိုင်ရေး    သစ်ပင်သစ်တောများ ကို   စိုက်ပျိုးထိန်းသိမ်းကြရမည်   ဖြစ်ကြောင်းကို တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က လင်းလွန်း ပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေး သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအတွင်း ရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့်   အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ တာဝန် ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုး ပေးကြသည်။


လှည့်လည်ကြည့်ရှုအားပေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ၂၀၂၃ ခုနှစ် ဒုတိယအကြိမ်  နိုင်ငံအဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများ က ပျိုးပင်များအား  တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။


သတင်းစဉ်