နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းအား လက်ခံတွေ့ဆုံ

 

 မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုနှင့် တရုတ်နိုင်ငံမှ 
ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး

 

နေပြည်တော် နိုဝင်ဘာ  ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်      တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန  အာရှရေးရာ အထူးကိုယ်စားလှယ်  မစ္စတာ စွန်းဂေါ်ရှန်းအား  ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေ ဖြင့်   ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်  ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက် လှမ်းနိုင်ရေး  ဆောင်ရွက်နေမှုအခြေအနေ၊  မြန်မာနိုင်ငံနှင့်  အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့၏ ဆက်ဆံရေးအခြေအနေ၊  မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုနှင့်  တရုတ်နိုင်ငံမှ   ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်း   ဖလှယ်ဆွေးနွေးခဲ့ကြ သည်။
အဆိုပါတွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်  တာဝန်ရှိသူများ   တက်ရောက်ကြပြီး   တရုတ် ပြည်သူ့သမ္မတနိုင်ငံ   နိုင်ငံခြားရေးဝန်ကြီးဌာန   အာရှရေးရာအထူး ကိုယ်စားလှယ်နှင့်အတူ    အဖွဲ့ဝင်များ    တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                  
 သတင်းစဉ်