
နေပြည်တော် မေ ၂၆
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သည် သက်တော်(၉၄)နှစ်၊ သိက္ခာတော် (၇၄) ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော် မူခဲ့သည်။
ဖူးမြော်ကြည်ညို
ဆရာတော်ဘုရားကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်း တိုက်၌ ပူဇော်ထားလျက်ရှိရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာ တော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသအား ဖူးမြော်ကြည်ညိုပြီး ဗန်းမော် ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနားကျင်းပပြုလုပ် မည့်အခြေအနေများကို လျှောက်ထား ဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား လာရောက် ဖူးမြော်ကြမည့် ရန်ကုန်မြို့မှ ကြွရောက် လာသည့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီး ပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြု သည့် ဆရာတော်၊ သံဃာတော်များအား ခရီးဦးကြိုဆိုသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သန်လျင်မင်းကျောင်းဆရာတော် ကြီးအား ဆရာတော်ဘုရားကြီးသည် သက်တော်ရှည် ဆရာတော်ကြီးဖြစ်သည့် အပြင် ၂၀၁၀ ပြည့်နှစ်မှစ၍ ပျံလွန်တော် မူသည့်တိုင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ၁၃ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဖြစ် ယခုကဲ့သို့ နှစ်ရှည်လများ တာဝန် ထမ်းဆောင်ခြင်းသည် ပထမဦးဆုံး အကြိမ် ဖြစ်ပါကြောင်း၊ ထိုသို့ တာဝန် ထမ်းဆောင်ခဲ့ချိန်တွင်လည်း သာသနာ့ အကျိုးကို စွမ်းစွမ်းတမံဖြင့် ထမ်းဆောင် ခဲ့ပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်း အနားကို နိုင်ငံတော်အဆင့်အခမ်းအနား ဖြင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ပူဇော် သွားနိုင်ရေး စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါ ကြောင်း၊ ၂၀၁၀ ပြည့်နှစ်မှစ၍ သာသနာ့ ဦးသျှောင် တာဝန်များကို ထမ်းဆောင်ခဲ့ သည့် ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ရခြင်းသည် သာသနာ တော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် များစွာကြေကွဲ ဝမ်းနည်းမိပါကြောင်း၊ ဆရာတော်ဘုရား ကြီး၏ ရုပ်ကလာပ်တော်အား လာရောက် ဖူးမြော်ကြည်ညိုကြမည့် ရဟန်း၊ ရှင်လူ၊ မိဘပြည်သူများ အဆင်ပြေစေရေး အတွက်လည်း စနစ်တကျစီစဉ်သွားမည် ဖြစ်ပါကြောင်းဖြင့် တင်ပြလျှောက်ထား ပြီး ဆရာတော်ကြီး၏ ဩဝါဒခံယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
အလှူငွေများ ပေးအပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ မိသားစုများမှလှူဒါန်းသည့် အလှူငွေ များကို ပေးအပ်လှူဒါန်းရာ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူသည်။
ဆက်လက်ပြီး မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ် ကြီး စိုးမင်းဦးတို့က ဆရာတော်ဘုရားကြီး ၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်း အနား ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာစီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ ပေးအပ်လှူဒါန်းသည့် အလှူငွေများ၊ စုပေါင်းအလှူငွေများကို ပေးအပ်လှူဒါန်း ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မစိုးရိမ်တိုက်သစ် ပဓာန နာယကဆရာတော်ထံမှ အနုမောဒနာ တရားကို နာယူကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြ သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုခဲ့ကြသည်။
အဆိုပါ ဗန်းမော်ဆရာတော်ဘုရား ကြီး အလောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်းဒေသ ကြီး၊ တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၌ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက်တို့မှ ဖွားမြင်တော်မူခဲ့ ကြောင်း၊ ၁၃၀၄ ခုနှစ်၊ ဝါဆိုလဆန်း(၈)ရက်၊ တနင်္လာနေ့တွင် မန္တလေးတိုင်းဒေသ ကြီး၊ တောင်သာမြို့နယ်၊ ဆင်မင်းကျေးရွာ၊ ဆင်မင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၀ ပြည့်နှစ်၊ တပို့တွဲလဆန်း ၁၀ ရက်၊ တနင်္လာနေ့တွင် တောင်သာမြို့နယ်၊ ရဘဲကျေးရွာ၊ ရဘဲ ကျောင်းတိုက် ဗဒ္ဓသိမ်၌ ကံမြဲကံဦး ကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတ (ဦးပွား) ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာ နုဂ္ဂဟကိုခံယူကာ မြင့်မြတ် သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ ကြောင်း၊ ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို သင်ယူဆည်းပူး ခဲ့ပြီး ၁၃၁၅ ခုနှစ်တွင် “ပရိယတ္တိသာသန ဟိတဓမ္မာစရိယ၊ ဝဋံသကာ၊ BA (မန်း တက္ကသိုလ်)၊ သာသနဓဇသိရီ ပဝရဓမ္မာ စရိယဘွဲ့” ၁၃၁၈ ခုနှစ်တွင် “ပါဠိသိရော မဏိ” ဘွဲ့၊ ၁၃၇၈ ခုနှစ်တွင် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ် ရေးဗဟိုအဖွဲ့မှ ဆက်ကပ်သောဂုဏ်ထူး ဆောင် ဓမ္မပါရဂူ (D.Litt) ဘွဲ့၊ ၂၀၀၃ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ ဆက်ကပ်သော Doctor of Letters (D.Litt) ဘွဲ့၊ ၂၀၁၆ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၊ Sehan University မှ ဆက်ကပ်သောဘာသာရေး အတွေးအခေါ် ဘာသာရပ်ဂုဏ်ထူးဆောင် (Ph.D) ပါရဂူဘွဲ့တို့ကို ရရှိတော်မူခဲ့ ကြောင်း၊ ဆရာတော်သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ စသောသံဃာ့ အဖွဲ့အစည်း ဖွဲ့စည်းနိုင်ရန် မူလသံဃာ့ ဝန်ဆောင် ၆၆ ပါးအဖွဲ့၌ ပါဝင်၍ မန္တလေး တိုင်းဒေသကြီးအတွင်း လှည့်လည် ဟောပြောပြီး သာသနာပြုတာဝန်များကို ထမ်းဆောင်ခဲ့ခြင်း၊ ပထမအကြိမ်မှ ဆဋ္ဌမ အကြိမ် ၂၀၁၀ ပြည့်နှစ်၊ မတ်လအထိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ မတ်လမှ ဇူလိုင်လအထိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် အဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လမှ ယနေ့အထိ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ် လည်းကောင်း သာသနာ့ တာဝန်များကို ဆောင်ရွက်တော်မူခဲ့ ကြောင်း။
ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခဲ့သော သာသနဓုရာ ဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလ န ဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋ ကတ္တယဆေကဂုဏ်၊ လဇ္ဇီပေသလ သိက္ခာ ကာမဂုဏ် ပရဟိတာဝဟဂုဏ်၊ သာသန ဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ် စသည် တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက” ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်း ခဲ့ပါကြောင်း၊ ဆရာတော်ဘုရားကြီး သည် သာသနာတော်အကျိုးကို သယ်ပိုး ဆောင်ရွက်တော်မူလျက်ရှိစဉ် သက်တော် (၉၄) နှစ်၊ သိက္ခာတော်(၇၄)ဝါ အရ မြန်မာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသ ပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ် ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဋ္ဌအဖြစ် ၁၃ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့် သာသနာ့ဦးသျှောင် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ခြင်းသည် သာသနာတော် နှင့် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ပြီး ဆရာတော်ဘုရား ကြီး၏ အန္တိမ အဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်