နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWA အား လက်ခံတွေ့ဆုံ

 

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ ဆွေးနွေး

 

နေပြည်တော်  နိုဝင်ဘာ  ၁၃


နိုင်ငံတော်            စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည်  မြန်မာနိုင်ငံအမျိုးသား ပြန်လည်   သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏   အထူးကိုယ်စား လှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWA အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ   တပ်မတော်ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့  တွေ့ဆုံဆွေးနွေးရာတွင်  နှစ်နိုင်ငံ            ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏    နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု   အခြေအနေ၊  နိုင်ငံ တော်အစိုးရနှင့်  တပ်မတော်အနေ ဖြင့်   ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို   အကောင်အထည်ဖော်          ဆောင်ရွက်နေမှု    အခြေအနေနှင့်  ဂျပန်နိုင်ငံမှ  ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊  နှစ်နိုင်ငံ ပူးပေါင်း  ဆောင်ရွက်မှုများ    တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့်  ပတ်သက်၍  ခင်မင်ရင်းနှီးစွာ    အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။

 


တွေ့ဆုံပွဲ    အခမ်းအနားသို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ    ကောင်စီတွဲဖက်အတွင်းရေး မှူး   ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦး  ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ    ဂျပန်အစိုးရ၏    အထူး ကိုယ်စားလှယ်နှင့်    နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့်အတူ      နီပွန် ဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် Mr.Yuji MORI နှင့်  အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                

သတင်းစဉ်