နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) နှင့် မြန်မာ့ဆေးဝါးစက်ရုံ (အင်းစိန်) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

စက်စွမ်းအားပြည့်လည်ပတ်၍ ပြည်တွင်းလိုအပ်ချက်ကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်

 

နေပြည်တော်    နိုဝင်ဘာ   ၁၁


နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီ   ဥက္ကဋ္ဌ၊    နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်    ကောင်စီ တွဲဖက်အတွင်းရေးမှူး     ဒုတိယ ဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊     ပြည် ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်သန်းဦး၊    ဒေါက်တာ ချာလီသန်း၊  ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ    တပ်မတော် အရာရှိကြီးများ၊   ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး       ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဗိုလ် ဌေးနှင့်  အဖွဲ့ဝင်များ  လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော် ချည်မျှင်နှင့်      အထည်စက်ရုံ (သမိုင်း) နှင့် မြန်မာ့ဆေးဝါးစက်ရုံ  (အင်းစိန်)   တို့သို့    သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ  ဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်အား     တပ်မတော် ချည်မျှင်နှင့်        အထည်စက်ရုံ (သမိုင်း)    စက်ရုံ   အစည်းအဝေး ခန်းမတွင်   စက်ရုံမှူး    ဦးခိုင်ရွှေ က   စက်ရုံသမိုင်း     အကျဉ်းနှင့်   လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှု    အခြေအနေ၊ စက်ရုံမှ ချည်မျှင်များ၊  အဝတ်အထည်နှင့်   အသုံးအဆောင်    ပစ္စည်းများအား    အရည်အသွေး ပြည့်မီစွာဖြင့် ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ် ၍ တပ်မတော်၏    လိုအပ်ချက်များနှင့်    ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေ၊ တိုင်းရင်းသားများ နှင့် ကျေးလက်နေပြည်သူလူထု ဝယ်ယူသုံးစွဲနိုင်မည့်  ပစ္စည်းများ    ထုတ်လုပ်ရောင်းချနိုင်ရေး       စီစဉ် ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ သင်္ကန်းများအား ဝိနည်းတော်နှင့်အညီ    ထုတ်လုပ်ရောင်းချနိုင်ရေး ဆရာတော်ကြီးများ၏ ဩဝါဒများခံယူ၍ ဆောင်ရွက် လျက်ရှိမှုအခြေအနေ၊    စက်ရုံ  သန့်ရှင်းသပ်ရပ်ရေး၊ လုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ  ဆောင်ရွက်ထားရှိမှု   အခြေအနေ၊    ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ 

 


အထူးဂရုပြုဆောင်ရွက်


ရှင်းလင်းတင်ပြမှုများအပေါ်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့်အထည် ထုတ်လုပ် သုံးစွဲမှုတွင်   လိုအပ်ချက်များရှိသဖြင့်  ပြည်တွင်း၌ စက်ရုံများ       တည်ဆောက်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်ပသွင်းကုန်များ  လျှော့ချရန်အတွက်  ပြည်တွင်းစက်ရုံများမှ လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ စက်များစွမ်းအားပြည့် လည်ပတ်နိုင် ရေးအတွက်   စက်များ  ကြံ့ခိုင်မှုရှိရန်  လိုအပ်သဖြင့် ထိန်းသိမ်းမှုများအား စဉ်ဆက်မပြတ် ပြုလုပ်နေရန် လိုအပ်ကြောင်း၊ ထို့ကြောင့် စက်ရုံသန့်ရှင်းရေးနှင့်  စက်ပစ္စည်းများ ကြံ့ခိုင်မှုရှိပြီး ယိုယွင်းမှုမရှိစေရေး အသေးစိတ်မှအစ ထိန်းသိမ်းဂရုပြု ဆောင်ရွက်ကြ ရန်လိုကြောင်း၊    စက်ရုံအတွင်း   လေဝင်လေထွက် ကောင်းမွန်မှုမရှိခြင်းသည် ဝန်ထမ်းများ၏ ကျန်းမာ ရေးထိခိုက်မှုကို      ဖြစ်စေနိုင်ပြီး      လုပ်ငန်းခွင်တွင်  လုပ်အားများ ဆုံးရှုံးမှုရှိစေနိုင်ကြောင်း၊ ယခုကာလ သည်   ကိုဗစ်-၁၉  ရောဂါ  ဖြစ်ပွားနေသည့်ကာလ ဖြစ်သဖြင့်    ဝန်ထမ်းများ   ကျန်းမာရေးကောင်းမွန်  စေရေးကို အထူးဂရုပြုဆောင်ရွက်ရန်လိုကြောင်း။

 


ထုတ်လုပ်ရောင်းချ


ကျေးလက်နေပြည်သူများနှင့်   တိုင်းရင်းသား ပြည်သူတို့၏ အသုံးအဆောင် အဝတ်အထည်ပစ္စည်း များအား  ပြည်တွင်း၌  လုံလောက်စွာ ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး ဆောင် ရွက်ပေးရန်လိုကြောင်း၊ ဥပမာအားဖြင့် မျက်နှာသုတ် ပဝါ၊ စွပ်ကျယ်၊ စောင်၊ ခြင်ထောင်များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမြတ်ကို အဓိကမထားဘဲ ပြည်သူ များ ဈေးနှုန်းသက်သာစွာရရှိရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊    စက်စွမ်းအားပြည့်      လည်ပတ်၍ ပြည်တွင်းလိုအပ်ချက်ကို   တတ်စွမ်းသရွေ့ ဖြည့် ဆည်းဆောင်ရွက်ပေးခြင်းဖြင့်     ပြည်ပသွင်းကုန် များကို  လျှော့ချနိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် အဝတ်အထည်များအား  အရည်အသွေး ပြည့်မီစွာဖြင့်  အဆင့်အတန်းမီထုတ်လုပ်၍  ပြည်တွင်းဈေးကွက် တွင်   ရောင်းချနိုင်ရန်လိုကြောင်း၊   အဝတ်အထည် များအား   အရောင်အသွေးစုံလင်စွာဖြင့်   ဈေးကွက် အတွင်း လူကြိုက်များသည့် ပုံစံအမျိုးအစားအလိုက်  ထုတ်လုပ်ရောင်းချသွားရန်လိုကြောင်း။

 


ကူညီဆောင်ရွက်ပေးရမည်


အခြားဈေးကွက် လိုအပ်ချက်ရှိသည့် ဟိုတယ် သုံးပစ္စည်းများနှင့် ပုဂ္ဂလိကသုံးပစ္စည်းများကိုလည်း  အရည်အသွေးပြည့်မီစွာ  ထုတ်လုပ်၍   ဈေးကွက် ရရှိရေး စဉ်းစားဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့  လုပ်ငန်းအောင်မြင်တိုးတက်စေရေးအတွက် သုတေ သနပြုလုပ်ငန်းများအား ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်း ခန့်ရှိပြီး  ပြည်တွင်း၌  ချည်ထည်အသုံးအဆောင် များနှင့်   အဝတ်အထည်ပစ္စည်းများ များစွာလိုအပ် လျက်ရှိကြောင်း၊  ချည်ထည်များ  ထုတ်လုပ်နိုင်ရန် အဓိကအကျဆုံးဖြစ်သည့်    ဝါစိုက်ပျိုးမှုများအား  တိုးချဲ့ဆောင်ရွက်ရန်နှင့်    စိုက်ပျိုးသည့်      ဝါများ အထွက်နှုန်း     တိုးတက်အောင်    ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊      ဝါများ   အထွက်နှုန်း တိုးအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဝါစိုက်တောင်သူ များ၏ လူမှုစီးပွားဘဝ တိုးတက်မည်ဖြစ်သကဲ့သို့  ပြည်တွင်းလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင်း၊ ဝါထွက်ကုန်များမှတစ်ဆင့် ဝါဂွမ်း ကိုသာမက ဝါစေ့ဆီနှင့် ဝါကြိတ်ဖတ်များကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊   အဆိုပါ   ဝါထွက် ကုန်ဖြစ်သည့် ဝါစေ့ဆီမှစားဆီနှင့်  စက်သုံးဆီများ၊  ဝါကြိတ်ဖတ်များအား တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်း များကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံအတွက် များစွာ     အကျိုးဖြစ်ထွန်းစေမည်    ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဝါစိုက်ပျိုးမှု တိုးတက်စေရေး  ဝါစိုက်တောင်သူများအား နိုင်ငံတော်မှ ကူညီဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊    ချည်မျှင်နှင့်   အထည် စက်ရုံများသည် နိုင်ငံအတွက် လွန်စွာအကျိုးရှိသည့်  စက်ရုံများဖြစ်သဖြင့်      နိုင်ငံ့လိုအပ်ချက်များအား ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်းသက်သာ စွာဖြင့်    အဝတ်အထည်များအား  အသုံးပြုနိုင်ရေး စနစ်တကျ   စဉ်းစားသုံးသပ်   ဆောင်ရွက်ကြရန်လို ကြောင်း   မှာကြားပြီး  လိုအပ်သည်များ   ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ခင်းကျင်းပြသထားသည့်  စက်ရုံထုတ် အဝတ်အထည်ပစ္စည်းများကို ကြည့်ရှုသည်။

 


ကြည့်ရှုစစ်ဆေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း     ချည်မျှင်နှင့်   အထည်များအား အဆင့်ဆင့် ထုတ်လုပ်နေမှု  အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် တာဝန်ရှိ သူများ၏  တင်ပြချက်များအပေါ်  လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ စက်ရုံဝန်ထမ်း များအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

 


အဆိုပါ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း)  မှ  ချည်မျှင်ညို၊  တက်ထရက်   ပိတ်ညို၊ စွပ်ကျယ်ပိတ်ညို၊    ပဝါ   ပိတ်ညို၊    သင်္ကန်းများ၊ တက်ထရက်ပိတ်ရောင်စုံ၊   စွပ်ကျယ်   ပိတ်ရောင်စုံ၊ ပဝါရောင်စုံ၊  တီရှပ်မျိုးစုံ၊ စပို့ရှပ်မျိုးစုံ၊ နိုင်လွန်တာ ဖက်တာများ၊    ဆေးဂွမ်းလိပ်များ၊    အိပ်ရာခင်း ရောင်စုံတို့အပြင် အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့ကို     အရည်အသွေးပြည့်မီစွာ ထုတ်လုပ်၍    တပ်မတော်၏ လိုအပ်ချက်နှင့် ပြည်တွင်းဈေးကွက်   လိုအပ်ချက်အား    ဈေးနှုန်း သက်သာစွာဖြင့်  ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။ 

 

ရှင်းလင်းတင်ပြ


ဆက်လက်ပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိကြပြီး စက်ရုံမှ ထုတ်လုပ်ထား သည့်   ဆေးပစ္စည်းများအား   ကြည့်ရှုကာ   စက်ရုံ အစည်းအဝေးခန်းမတွင် စက်ရုံမှူး  ဦးသောင်းဦးက  စက်ရုံသမိုင်းအကျဉ်း၊    စက်ရုံဖွဲ့စည်းမှု၊    စက်ရုံမှ ဆေးဝါးများ ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေ၊    မြွေဆိပ်ဖြေဆေးများ     အဆင့်ဆင့် ထုတ်လုပ်နေမှု  အခြေအနေ၊  စက်ရုံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် (6 M) ဆိုင်ရာ စိစစ် သုံးသပ်ချက် အခြေအနေ၊ နည်းပညာမြင့် စက်များ  တပ်ဆင်အသုံးပြုလျက်ရှိမှု အခြေအနေ၊ ကုန်ကြမ်း ရရှိ၊   သုံးစွဲမှုအခြေအနေ၊  ဆေးဝါးများ  ထုတ်လုပ်  ရာတွင် လိုက်နာဆောင်ရွက်လျက်ရှိသည့် နည်းစဉ်၊ ပတ်ဝန်းကျင်      ထိန်းသိမ်းကာကွယ်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ပုဂ္ဂလိကဆေးဝါးစက်ရုံ များအား   ကူညီဆောင်ရွက်ပေးနေမှုနှင့်   ပြည်ပမှ တင်သွင်းလျက်ရှိသည့် ဆေးဝါးများအား အစားထိုး နိုင်ရေးအတွက် စက်ရုံမှ ထုတ်လုပ်သွားမည့် အခြေ အနေနှင့် ပြည်တွင်း၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ဆေး ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

 


ထုပ်ပိုးမှုပုံစံများကောင်းမွန်ရန်လို


ရှင်းလင်းတင်ပြမှုများအပေါ်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က  ဆေးထုတ်လုပ်မှုနှင့်  ပတ်သက်၍   မြန်မာ့ဆေးဝါး စက်ရုံ (အင်းစိန်) သည် ကောင်းမွန်သည့် သမိုင်း ကြောင်းများရှိသည့်   ဆေးဝါးထုတ်လုပ်ရေး  စက်ရုံ ဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံနှင့် ပတ်သက်သည့်  သမိုင်းကြောင်းမှတ်တမ်းများအား   စနစ်တကျဖြင့် ထိန်းသိမ်းထားရှိရန်   လိုအပ်ကြောင်း၊   ဆေးဝါး ထုတ်လုပ်ရာတွင် အမြတ်ရရှိမှုကို အဓိကမထားဘဲ  နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် ဦးစားပေး    စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ ဆေးဝါးများထုတ်လုပ်ရာတွင်  ဆေးများ၏  အရည် အသွေးပြည့်မီရန် လိုအပ်သကဲ့သို့ ထုပ်ပိုးမှုပုံစံများ ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ပြည်သူများ အမှန် တကယ်   လိုအပ်သည့်ဆေးဝါးများ  ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရန်လိုကြောင်း။

 


စက်ပစ္စည်းများအား ထပ်မံဖြည့်ဆည်း


မိမိတို့အနေဖြင့်   တစ်နိုင်ငံလုံး   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား နိုင်ငံတော်အစိုးရမှ  အပြည့်အဝ    ဆောင်ရွက်ပေးနိုင်ရေးအတွက်   အစီ အစဉ်ရေးဆွဲ၍        စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါးထုတ်လုပ်ရေးအတွက်       ကုန်ကြမ်းများ လုံလောက်စွာရရှိရေးနှင့်  စက်ရုံမှထုတ်လုပ်သည့် ဆေးဝါးများအား ဖြန့်ဖြူးနိုင်ရေး ဈေးကွက်သုတေ သနပြု ဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများ၏   ကျန်းမာရေးအခြေအနေများအား သုတေသနပြုလုပ်၍ လိုအပ်သည့် ဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း၊  စက်ရုံအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး  လုပ်ငန်းများအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ   စနစ်တကျဖြင့်   ထိန်းသိမ်း ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်ပမှတင်သွင်းလျက် ရှိသည့်ဆေးဝါးများအား ဈေးကွက် သုတေသနပြုလုပ်  ဆောင်ရွက်၍   ပြည်ပတင်သွင်းမှု  လျှော့ချနိုင်ရေး အတွက် စက်ရုံမှ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့်  လိုအပ်သည့် စက်ပစ္စည်းများအား ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 


ပြည်ပငွေ သုံးစွဲမှုကိုလျှော့ချနိုင်မည်


ကိုဗစ်-၁၉  ကာကွယ်ဆေး  ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဆေးစတင်ထုတ်လုပ်နိုင်သည့် အချိန်မှ စ၍ ပြည်သူများအတွက် လိုအပ်ချက်များ ပြည့်မီစွာ  ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ ထုတ်လုပ်သည့်  ဆေးဝါးများ၏  အရည်အသွေးနှင့်  ဈေးနှုန်းများသည် ပြည်ပဈေးကွက်ဖြင့် ယှဉ်နိုင်ရန် လိုကြောင်း၊ အခြားအရေးကြီး ဆေးဝါးများမှအပ ပြည်ပမှ   တင်သွင်းသည့်ဆေးနှင့်   မိမိတို့   စက်ရုံမှ ထုတ်လုပ်သည့်   အမျိုးအစားတူ  အခြေခံဆေးဝါး များ၏   ဈေးနှုန်းများကို   နှိုင်းယှဉ်၍   ခိုင်မာသည့် ဈေးနှုန်း၊    ဈေးကွက်အဖြစ်   ရပ်တည်နေအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက် များအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်၍ ပြည်ပမှ  တင်သွင်းမှုကိုလျှော့ချနိုင်ပါက ပြည်ပငွေ  သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။

 


အသိအမှတ်ပြုချီးကျူး


နိုင်ငံအတွက်အကျိုးရှိသည့်   စက်ရုံဖြစ်သဖြင့်  ပြည်တွင်းလိုအပ်ချက်များအား       လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မိမိတို့ထုတ်နိုင်သည့်  ဆေးဝါးများအား        တိုးမြှင့်ထုတ်လုပ်သွားရန်လို ကြောင်း၊ ပြည်တွင်း  ပုဂ္ဂလိက  ဆေးဝါးစက်ရုံများ ကိုလည်း အားပေးကူညီမှုများ ဆောင်ရွက်ပေးသွား ရန်လိုကြောင်းဖြင့်မှာကြားပြီး   ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားမှုကာလအတွင်း ယခု မြန်မာ့ဆေးဝါးစက်ရုံ  (အင်းစိန်)  မှ  ဝန်ထမ်းများအနေဖြင့်  နားရက်မရှိ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်၏ ကျန်းမာရေး အခန်းကဏ္ဍကို   များစွာအထောက်အကူပြုခဲ့သည့် အတွက်လည်း အသိအမှတ်ပြု ချီးကျူးပါကြောင်းဖြင့် ပြောကြားသည်။

 


ချီးမြှင့်ငွေများပေးအပ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  စက်ရုံအတွင်းရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာန၊   ပဋိဇီဝဆေးဝါး  ထုတ်လုပ်ရေးဌာန၊  အရည်အသွေး ထိန်းသိမ်းရေးဌာန၊     ဆေးဝါးထုတ်လုပ်မှုဌာနတို့ အတွင်း    လှည့်လည်ကြည့်ရှု၍   ကောင်းမွန်သည့် ထိန်းသိမ်းထားသိုမှု  ကျင့်စဉ်နှင့်အညီ   ကုန်ကြမ်း၊ ကုန်ချောနှင့်  ထုပ်ပိုးပစ္စည်းများ သိုလှောင်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံမှူးနှင့် တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများပေးအပ်သည်။

 


ဆေးဝါး ၁၉၅ မျိုး ထုတ်လုပ်ဖြန့်ဖြူးပေး


အဆိုပါ    မြန်မာ့ဆေးဝါးစက်ရုံ  (အင်းစိန်)  ကို ၁၉၅၄ ခုနှစ် ဧပြီ ၂၃ ရက်တွင် စတင်တည်ဆောက် ခဲ့ပြီး ၁၉၅၇ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် တည်ဆောက် ပြီးစီးခဲ့ကာ ၁၉၅၈ ခုနှစ် ဧပြီ  ၂၃ ရက်တွင်  စက်ရုံ  ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊     ၁၉၅၄   ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်   ဦးနုက   အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူပေးခဲ့ပြီး စက်ရုံတည်ဆောက် ပြီးစီးခဲ့သည့် ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဟောင်း ဦးဝင်းမောင်  ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊   စက်ရုံအနေဖြင့်  ခေတ်အဆက်ဆက် နိုင်ငံတော်မှ လိုအပ်သည့် ဆေးဝါးများကို ထုတ်လုပ် ပေးနိုင်ခဲ့သည့်       သမိုင်းမှတ်တမ်းကောင်းရှိသည့် ဆေးဝါးစက်ရုံကြီးတစ်ခုဖြစ်ပြီး လက်ရှိတွင်လည်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO Guidelines အတိုင်း တိကျစွာလိုက်နာကာ ပြည်သူများအတွက် အရည် အသွေး ကောင်းမွန်ယုံကြည်စိတ်ချရသည့် ဆေးဝါး  အမယ်ပေါင်း  ၁၉၅  မျိုးကို  ထုတ်လုပ်ဖြန့်ဖြူးပေး လျက်ရှိကြောင်းနှင့် နိုင်ငံတော်၏ ကျန်းမာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်     တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း     သတင်းရရှိသည်။                                             

သတင်းစဉ်