
နေပြည်တော် မတ် ၁၁
မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြား သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီး များ၊ အဆင့်မြင့်အရာရှိကြီးများ၊ ကျန်းမာရေးနယ်ပယ် အသီးသီးမှ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် ပါမောက္ခ များ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ ဆေးဝန်ထမ်းညွှန်ကြား ရေးမှူး၊ မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် မြန်မာ နိုင်ငံဆေးပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌတို့က မြန်မာ နိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ နိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲ ဒုတိယပိုင်းကို Plenary Hall ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကြီး”ကို “အရည်အသွေး ရှေးရှုကျန်းမာရေးစောင့်ရှောက်မှု” “Quality Care in Medical Practice” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်များမှာ နေပြည် တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျန်းမာရေး နယ်ပယ်အသီးသီးမှ ပညာရှင်များ ချစ်ကြည်ရင်းနှီး မှုရရှိစေရန်နှင့် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်း သင်ကြားရေးနှင့် ကုသရေးကိစ္စရပ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ကျန်းမာရေးကဏ္ဍနယ်ပယ်စုံ မှ ပညာရှင်များပါဝင်ဆင်နွှဲစေခြင်းဖြင့် ခေတ်မီ ဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်နေမှုများနှင့် ပတ်သက်၍ သိရှိနားလည်နိုင်စေရန်၊ ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင်များအနေဖြင့် တိုးတက် ပြောင်းလဲနေသော ဆေးပညာရပ်များအား စဉ်ဆက် မပြတ် လေ့လာဆည်းပူးလိုစိတ်များ ဖြစ်ထွန်းစေရန်၊ ပြည်သူလူထုအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးရာတွင် အထောက်အကူပြုနိုင်စေရန် စသည့်ရည်ရွယ်ချက် များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း။
စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့် အတန်း တိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိသည်ကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံအသီးသီးမှ ပြည်သူအပေါင်း၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ကြီးမားစွာ ရိုက်ခတ် စေခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးနှင့် အဆိုပါရောဂါဆိုးကြောင့် ပေါ်ပေါက်လာခဲ့သည့် လူမှုရေး၊ စီးပွားရေး နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် မိမိ ကိုယ်တိုင်ဦးဆောင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့်
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းပြီး လုပ်ဆောင် သင့်လုပ်ဆောင်ထိုက်သည်များကို အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားပညာရှင်များ အပါအဝင် ကျန်းမာရေးဆိုင်ရာပညာရှင်များ၊ နိုင်ငံ အတွင်းရှိ စေတနာရှင်ပရဟိတအဖွဲ့အစည်းများ၏ စွမ်းအားကို အခြေခံပြီး မိတ်ဆွေနိုင်ငံများ၏ ပံ့ပိုးကူညီမှုများ၊ တိုင်းရင်းသားပြည်သူအပေါင်း၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးမှုများနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကို အခြေအနေတစ်ရပ်အထိ ထိထိရောက်ရောက် အောင်အောင်မြင်မြင် ထိန်းချုပ်၊ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့သည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါကြောင်း။
ထို့အတွက်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြ သူ၊ သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း နှင့် အဆိုပါအောင်မြင်မှုကို နမူနာယူပြီး တိုင်းရင်းသား ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြား ကျန်းမာရေးပြဿနာများကိုလည်း မိမိတို့နိုင်ငံတွင်း ရှိ စုပေါင်းအင်အားဖြင့် ဖြေရှင်းဆောင်ရွက်ပြီး အောင်မြင်စွာကျော်လွှားနိုင်ကြမည်ဟု ယုံကြည်မိပါကြောင်း။
နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးကိုရှေးရှု
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်စဉ်ကတည်း က ရှေ့လုပ်ငန်းစဉ်ကြီး (၅) ရပ်ကို နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးကိုရှေးရှုပြီး ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ် ကာလ နှစ်နှစ်အတွင်းတွင် ရှေ့လုပ်ငန်းစဉ်အမှတ်(၂)အနေဖြင့် “လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက်ဆောင်ရွက် သွားမည်” ဆိုသည့် ဦးတည်ချက်နှင့်အညီ ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့်လည်း ဆက်လက်တာဝန်ယူမည့် ကာလ အတွက် ဦးတည်ချက်မှာ “တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” ဟု ပြောင်းလဲချမှတ်ထားပြီး ကျန်းမာရေးကဏ္ဍအတွက် အားလုံးခြုံငုံပါဝင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးဦးတည်ချက်(၄)ရပ်၊ စီးပွား ရေးဦးတည်ချက်(၄)ရပ်နှင့် လူမှုရေးဦးတည်ချက်(၄) ရပ်တို့နှင့်အညီ ရှေ့လုပ်ငန်းစဉ်များကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
အဓိကအခန်းကဏ္ဍမှ ပါဝင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်များအနက်မှ တတိယအချက်ဖြစ်သည့် “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ် လာရေး” ဦးတည်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး ကာကွယ်ရေး ဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊ နှီးနွှယ် ဆက်စပ်နေသည့် ဌာနဆိုင်ရာများ၊ နိုင်ငံတော် နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကိုလိုလားသည့် စေတနာရှင် ပရဟိတလူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီပံ့ပိုးမှုများ၊ ပြည်သူလူထု၏ ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်မှုစွမ်းအားများနှင့် ဦးတည် ချက်ကို အောင်မြင်မှုရရှိလာသည်အထိ တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွား ကြရမည်ဖြစ်သည်ကို တိုက်တွန်းပြောကြားလို ပါကြောင်း။
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရန်အတွက် ကျန်းမာရေးကဏ္ဍ တစ်ရပ်လုံးဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများဖြစ်သည့် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေး၊ မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုး ရေး၊ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး၊ ကူးစက်ရောဂါနှင့် မကူးစက်ရောဂါများ ကာကွယ် တိုက်ဖျက်ရေး၊ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း၊ ပုံမှန် ကာကွယ်ဆေးများထိုးခြင်း၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်း ကျင် ကျန်းမာရေး၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေးစသည့် ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီပြီး သာတူညီမျှရှိသည့် ကျန်းမာရေးလွှမ်းခြုံမှုစနစ် တစ်ရပ်ဖြစ်လာစေရေး ဆောင်ရွက်သွားရန် မှာကြား လိုပါကြောင်း။
လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ပြည်သူလူထု၏ မျှော်မှန်းသက်တမ်း တိုးတက်မြင့်မား လာစေရေးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက် မှုများကို တိုးမြှင့်ဆောင်ရွက်ပေးရာတွင် ကျန်းမာ ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးပညာရှင်များ၏ လုပ်ဆောင်မှုများသာမက သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ကျန်းမာရေးအသိပညာ တိုးတက်မြင့်မားစေပြီး ကျန်းမာရေးနှင့် ညီညွတ် သည့် လူနေမှုဘဝပုံစံများနှင့် နေထိုင်သွားစေရန် အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွား ကြရန်ကိုလည်း မှာကြားလိုပါကြောင်း။
နှစ်စဉ်ဘတ်ဂျက်များ တိုးမြှင့်လျာထား
ထိုသို့ဆောင်ရွက်ရာတွင် ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါဖြစ်ပွား လာပါက အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှု များ ပေးနိုင်ရေးလုပ်ငန်းများကို မိမိတို့နိုင်ငံ၏ အရင်းအမြစ်များအပေါ်မူတည်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် မူဝါဒများ၊ စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်သူ့ဆေးရုံများအနေဖြင့် အချိန်ပြည့် အရေးပေါ်လူနာများ လက်ခံကုသနိုင်ရေးအတွက် စီမံထားရှိခြင်း၊ လူနာများကို တတ်နိုင်သမျှ ကုန်ကျ စရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲရငွေ လျော့နည်းစေ ရေးတို့အတွက် လိုအပ်သည့်ဆေးဝါးများ၊ ရောဂါ ရှာဖွေခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ပြည်သူများ နေရာထိုင်ခင်း ကောင်းမွန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဆေးကုသမှု ခံယူနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများအား မွမ်းမံ ပြင်ဆင်ခြင်း၊ အသစ်တိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မီဆေးကုသမှုများခံယူနိုင်စေရန် ဆေးဝါးများ၊ ခေတ်မီဆေးပစ္စည်းကိရိယာများ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးခြင်းတို့ကိုလည်း နိုင်ငံတော်အနေဖြင့် နှစ်စဉ်ဘတ်ဂျက်များ တိုးမြှင့်လျာထားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး အတွက် ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ပေး နေသည့်အပြင် ချီးမြှင့်ငွေနှင့် စရိတ်မျိုးစုံကို ခံစားခွင့် ရရှိစေရန်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးနှင့် ဆေးပညာနှီးနွှယ်တကသိုလ် ၁၆ ခု၊ သူနာပြု နှင့် သားဖွားသင်တန်းကျောင်း ၅၃ ကျောင်းတို့ကို ဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို လိုအပ်ချက်နှင့် အညီ ပြုပြင်ပြောင်းလဲပြီး သင်ကြားပေးလျက်ရှိပါ ကြောင်း၊ ယခုဆေးပညာသင်ရိုးညွှန်းတမ်းကို နိုင်ငံ တကာအဆင့်မီဖြစ်စေရန် မျှော်မှန်းရလဒ်အခြေခံ သည့် စုစည်းချိတ်ဆက် သင်ကြားခြင်းစနစ်ကို ပြောင်းလဲသင်ကြားလျက်ရှိပြီး ကျန်းမာရေးပညာရှင် များအကြား ယှဉ်တွဲလေ့လာသင်ယူမှု (Inter-Pro-fessional Education) နှင့် လက်တွေ့ပူးပေါင်း ဆောင်ရွက်တတ်စေရေးတို့ကိုပါ ထည့်သွင်းသင်ကြား ပေးလျက်ရှိသည်ကို သိရပါကြောင်း။
ရွေးချယ်ပြုစုပျိုးထောင်
ဆေးဘက်ဆိုင်ရာပညာများကို အရေအတွက် သာမက အရည်အချင်းကိုပါ အလေးထားပြီး ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာများကိုပါ ထည့်သွင်း သင်ကြားပေးနေသည်ကို သိရသည့်အတွက် ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် များစွာ ကျေနပ်အားရဖြစ်မိပါကြောင်း၊ ထို့ပြင် ဆေး တက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် များကို တက်ရောက်ရန် ဝင်ခွင့်ရွေးချယ်ရာတွင် လည်း ဆေးပညာရပ်ကို အမှန်တကယ် စိတ်ဝင်စား သူများ၊ ဆေးပညာကျင့်ဝတ် လိုက်နာစောင့်ထိန်း မည့်သူများ၊ ကျန်းမာရေးနယ်ပယ်တွင် တာဝန် ထမ်းဆောင်လိုသူများ၊ မေတ္တာစေတနာနှင့် ကျန်းမာ ရေးစောင့်ရှောက်ပေးလိုသူများကိုသာ ရွေးချယ် ပြုစုပျိုးထောင်နိုင်ရေးအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို စနစ်တကျ စိစစ်ရွေးချယ်ပြီး ဝင်ခွင့်ပြုသည့် စနစ်သစ်ကို ၂၀၂၂ ခုနှစ် ပညာသင်နှစ် မှ စတင်ကျင့်သုံးလျက်ရှိပါကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့်လည်း ပြည်သူ လူထုအတွင်း စိတ်ချယုံကြည်စွာ စားသောက်သုံးစွဲ နိုင်မည့် ပစ္စည်းမှန်၊ အမျိုးမှန်၊ အစားအစာနှင့် ဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူး၊ တင်သွင်းရောင်းချ နိုင်စေရန် ကြီးကြပ်ကွပ်ကဲမှုများ၊ ဝန်ဆောင်မှုများ စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသောက်ကုန် နှင့် ဆေးဝါးများကို မြန်ဆန်တိကျမှန်ကန်စွာဖြင့် စစ်ဆေးဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ တိုင်းရင်းဆေးပညာနှင့် ပြည်သူလူထု၏ ကျန်းမာရေး ကို ထိရောက်စွာ စောင့်ရှောက်ပေးနိုင်စေရန်အတွက် မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်းတိုးတက် မြင့်မားလာစေရန်ရည်ရွယ်ပြီး မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာ နှီးနှောဖလှယ်ပွဲများကို (၂၁) ကြိမ်မြောက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်ကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း။
မှတ်တမ်းတင်ဂုဏ်ပြု
ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီး ဌာနအနေဖြင့်လည်း ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်စေမည့် သုတေသနလုပ်ငန်းများ ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည် ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Myancopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ၊ တိုင်းရင်း ဆေးပညာဦးစီးဌာနက ထုတ်လုပ်သည့် ဝိသမအဖျား ရောဂါပျောက်ဆေးနှင့် သက်ဆိုင်သည့် သုတေသန လုပ်ငန်းများ၊ ရောဂါပိုးများ၏ မျိုးရိုးဗီဇပြောင်းလဲမှု နှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့်အပြင် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို (၅၁) ကြိမ်မြောက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် မှတ်တမ်းတင်ဂုဏ်ပြုအပ် ပါကြောင်းလည်း ပြောကြားလိုပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်များ၏ ဦးတည်ချက်များ အောင်မြင် စေရေးဆောင်ရွက်ရာတွင် ကျန်းမာသည့် လူ့စွမ်းအား အရင်းအမြစ်များစွာ လိုအပ်ပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်း တိုးတက်မြင့်မား လာစေရန်နှင့် ပြည်သူတစ်ရပ်လုံးသက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ရေး၊ ရောဂါဘယကင်းဝေး စေရေးအတွက် ဦးတည်ချက်ထားပြီး နေ့ညမပြတ်ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယနေ့ကျင်းပသည့် “မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကြီး” က အဆိုပါ ရည်ရွယ်ချက်များ အောင်မြင်စေရန် ကြီးမားသည့် အထောက်အပံ့တစ်ခု ဖြစ်စေမည်ဟု လေးနက်စွာ ယုံကြည်မျှော်လင့်မိပါ ကြောင်း။
ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲကြီးတွင် ကျန်းမာရေးနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီး က ပြည်တွင်း/ပြည်ပမှ ပါမောက္ခဆရာဝန်ကြီး များ၊ ဆေးဘက်ဆိုင်ရာပညာရှင်များက မိမိတို့၏ တန်ဖိုးကြီးမားသော ဆေးပညာအတွေ့အကြုံများကို အနာဂတ်ကာလတွင် နိုင်ငံတော်၏ ကျန်းမာရေး စောင့်ရှောက်မှုတာဝန်ကို ပခုံးပြောင်းပြီး တာဝန်ယူ ကြမည့် မျိုးဆက်သစ် လူငယ်ဆရာဝန်များ၊ ဆေးပညာရှင်များကို လက်ဆင့်ကမ်းပြီး ပညာအမွေ ပေးအပ်ကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အနာဂတ် ကာလ၌ ဆက်လက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ရောဂါကာကွယ်တားဆီးရေး၊ ကုသရေးနှင့် ပြန်လည်သန်စွမ်းရေးနှင့် သက်ဆိုင် သည့် လုပ်ငန်းကိစ္စရပ်များအတွက် အခြေခံကောင်း များ၊ အတွေးအမြင်သစ်များနှင့် အတွေ့အကြုံကောင်း များ၊ သင်ခန်းစာယူရမည့်အချက်များကို မျှဝေ ရရှိစေမည်ဖြစ်သည့်အတွက် မျိုးဆက်သစ်ကျန်းမာ ရေးပညာရှင်များ၊ ဝန်ထမ်းများအနေဖြင့် ထိထိ ရောက်ရောက် လေ့လာဆွေးနွေးသွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
ကောင်းစွာအသုံးချဆောင်ရွက်နိုင်မည်
ယခုကျင်းပသည့် နှီးနှောဖလှယ်ပွဲကြီးသည် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပထမဦးဆုံး ဦးဆောင်ကြီးမှူးကျင်းပခြင်းဖြစ်သည်ဟု သိရပြီး နောင်အနာဂတ်တွင်လည်း အလားတူဘက်စုံ၊ ကဏ္ဍစုံပါဝင်သည့် ဆေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲများကို ပုံမှန်ကျင်းပပြုလုပ်နိုင်ကြပါစေရန် လည်း ဆန္ဒပြုပြောကြားလိုပါကြောင်း၊ ယခုနှီးနှော ဖလှယ်ပွဲကြီးတွင် ဆေးကုသမှုဆိုင်ရာ၊ ခွဲစိတ်ကုသမှု ဆိုင်ရာ၊ သားဖွားမီးယပ်နှင့် ကလေးရောဂါများ ကုသမှုဆိုင်ရာ၊ အရိုး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများနှင့် ပတ်သက်သည့် ကုသမှု များ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာများ၊ ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာ သင်ယူမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ များကို ပြည်တွင်း/ပြည်ပမှ ပညာရှင်ဆရာဝန်ကြီး များက မိမိတို့သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတင်ပြပြီး တက်ရောက် လာသည့် ဆေးပညာရှင်များကလည်း သိလိုသည်များ ကို အပြန်အလှန် ဆွေးနွေးမေးမြန်းသွားကြမည် ဖြစ်သည့်အတွက် တက်ရောက်လာသူများအားလုံး အသိပညာဗဟုသုတများ များစွာတိုးပွားစေမည့် အပြင် မိမိတို့သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် လည်း ယခုနှီးနှောဖလှယ်ပွဲကြီးမှရရှိသည့် အတွေ့ အကြုံဗဟုသုတကောင်းများကို ကောင်းစွာအသုံးချ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီး ဌာနက ဆောင်ရွက်ပေးနေသည့် အဆင့်မြင့်ကုသရေး လုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မွေးထုတ်နေမှု များ၊ အဆင့်မြင့်ဆေးသုတေသနဆိုင်ရာ စွမ်းဆောင် မှုများ၊ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးရေး၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှုကဏ္ဍများ မြှင့်တင် ဆောင်ရွက်နေမှုများ စသည့်ပြည်သူလူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေမှုများကို သိရှိလာစေမည် ဖြစ်ပါကြောင်း၊ ထို့ပြင်ပြည်သူများ၏ မျှော်မှန်း သက်တမ်း မြင့်မားလာပြီး ပြည်သူများအနေဖြင့် မိမိတို့၏ကိုယ်ပိုင်ငွေကြေးမှ စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျစရိတ်များ သက်သက်သာသာဖြင့် အားလုံး လက်လှမ်းမီသည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ် ဖြစ်ပေါ် လာစေရေး ဆောင်ရွက်နေမှုများကို ပိုမိုပြီးသတိပြု သိရှိစေမည် ဖြစ်ပါကြောင်း။
ထိုသို့သိရှိနိုင်စေရေးအတွက် နှီးနှောဖလှယ်ပွဲ ကြီး၏ အကြိုလှုပ်ရှားမှုများအဖြစ် ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သော မျက်စိရောဂါများကို ခွဲစိတ် ကုသပေးခြင်း၊ နှုတ်ခမ်းကွဲ အာခေါင်ကွဲနေသူများကို ခွဲစိတ်ကုသပေးခြင်း၊ ကျောင်းသား ကျောင်းသူ များကို မျက်စိရောဂါနှင့် မျက်မှန်တပ်ဆင်ရန် လိုအပ် မှု ရှိ မရှိ အမြင်အာရုံစမ်းသပ် စစ်ဆေးပေးခြင်းများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာဒေသခံပြည်သူများ၏ ကျန်းမာရေးအတွက် ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ခဲ့သည်ကိုလည်း အသိအမှတ်ပြုပြောကြားလိုပါကြောင်း။
ယနေ့ကျင်းပသည့် ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးမှရရှိသည့် ပညာရပ်ဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတများ၊ နည်းပညာသစ်များကို သေချာစွာ ဆန်းစစ်လေ့လာပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်မြင့်မားလာစေရန် အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်
“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ် ရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာနများ တွင်ရှိသည့် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများမှ ကျန်းမာရေးပညာရှင်များစသည့် ကျန်းမာရေးကဏ္ဍဆိုင်ရာ ပညာရှင်အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးကြရန် မှာကြား လိုပါကြောင်း၊ တိုင်းရင်းသားပြည်သူအပေါင်း၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်သူများ၏ မျှော်မှန်း လူ့သက်တမ်းမြင့်မားလာပြီး လူတိုင်းသက်တမ်းစေ့ နေနိုင်ရေး၊ လူတိုင်းရောဂါဘယကင်းရှင်းစေရေး စသည့်ရည်မှန်းချက်များပြည့်မီစေရန်နှင့် ပြည်သူများ ၏ ကိုယ်ပိုင်ငွေကြေးထဲမှ စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျမှုသက်သာစေပြီး အားလုံးလက်လှမ်းမီ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက် မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရေးတို့အတွက် စိတ်ကောင်းစေတနာ၊ မွန်မြတ်စိတ်ထား မေတ္တာ တရားအပြည့်ဖြင့် ဝိုင်းဝန်းကြိုးပမ်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်မှတ်တမ်း (Documentary Video Clip)ကို ပြသသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ကျန်းမာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဆေးပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘာသာရပ် Society အစုံပါဝင်သည့် ပြခန်း များနှင့် ဆေးနှင့်ဆေးပစ္စည်း၊ ခေတ်မီစက်ကိရိယာ များနှင့် ဆေးဝါးများ၊ ကျန်းမာရေး ပညာပေးအစီအစဉ် များ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ စာအုပ် စာစောင်များ၊ သက်ဆိုင်ရာ ဦးစီးဌာနများ၏ စွမ်းဆောင်နိုင်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု မှတ်တမ်းများကို စိတ်ပါ ဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ အကြံပြု ပြောကြားခဲ့သည်။
ယခုနှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးဝန်ကြီး ဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး နှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး အောက်ရှိ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးပညာရှင်များ၊ အငြိမ်းစားကျန်းမာရေးပညာရှင်များ၊ အငြိမ်းစား တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ပြင်ပ ဆရာဝန်များသာမက အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်းမှ ဆေးပညာရှင်များ တက်ရောက် ဟောပြော ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်