နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူစေတီတော်နှင့် တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်    မတ်   ၇


နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ       နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   သည်     ယနေ့ နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီ    အဖွဲ့ဝင်များ၊     ပြည် ထောင်စုဝန်ကြီးများ၊    ရှမ်းပြည် နယ်ဝန်ကြီးချုပ်၊   ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့်  ဇနီးများ၊  အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်     တိုင်းမှူးနှင့် တာဝန်ရှိသူများ   လိုက်ပါ၍   ရှမ်း ပြည်နယ် (တောင်ပိုင်း) တောင်ကြီး မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားသို့      သွား ရောက် ဖူးမြော်ကြည်ညိုသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်  နှင့်  ဇနီး၊  အဖွဲ့ဝင် များသည်    မြောက်ဘက်အာရုံခံ အတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညို ပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီး များ   ကပ်လှူပူဇော်သည်။   ယင်း နောက်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်    ဇနီးတို့သည် ရှေးဟောင်းသမိုင်းဝင်    မွေတော် ကက္ကူဘုရားအတွက်    ဘက်စုံ အလှူတော်ငွေများကို    ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ကျော်ဆန်းနှင့်     တာဝန်ရှိ သူများက လက်ခံရယူကြသည်။

 


ထိန်းသိမ်းဆောင်ရွက်


ထို့နောက်       နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်      အဖွဲ့ဝင် များသည်  ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူ        ဘုရားသို့ လာရောက်ဖူးမြော်ကြသည့် ဘုရား ဖူးလာ     ဒေသခံတိုင်းရင်းသား ပြည်သူများအား   ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။   ဆက်လက်၍ ဘုရားပရိဝုဏ်အတွင်း လှည့်လည် ကြည့်ရှု၍ စေတီတော်များ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက်  စနစ် တကျ ထိန်းသိမ်းဆောင်ရွက်ရန် နှင့် ဘုရားပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ရန် လိုအပ်မှုတို့ကို    တာဝန်ရှိသူများ အား မှာကြားသည်။

 


ယမန်နေ့    ညပိုင်းကလည်း နိုင်ငံတော်           စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး  ချုပ်နှင့်  ဇနီး၊  အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်           (အရှေ့ပိုင်း) တောင်ကြီးမြို့ ကျက်သရေဆောင်  ရွှေဘုန်းပွင့်    စေတီတော်မြတ် ကြီးသို့       သွားရောက်ဖူးမြော် ကြည်ညိုသည်။

 


ဖူးမြော်ကြည်ညို


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များအား  ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ      ဦးဝင်းအောင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက် ကြသည်။   ထို့နောက်   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး၊  အဖွဲ့ဝင်များသည်     စေတီတော် မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး  ကပ်လှူပူဇော်ပြီး စေတီတော်မြတ် ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။ 

 


ယင်းနောက် စေတီတော်မြတ် ကြီးပေါ်ရှိ ရှုခင်းသာ view point မှတစ်ဆင့်     တောင်ကြီးမြို့၏ အလှအပများကို     ကြည့်ရှုကာ တောင်ကြီးမြို့ရှိ သဘာဝအရင်း အမြစ်များ မပျောက်ပျက်ရန်နှင့် ရေရှည်တည်တံ့  ခိုင်မြဲမှုရှိအောင်  ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ် သည့်         အခြေအနေများနှင့်   ပတ်သက်၍     တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 


ဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်နှင့်  ဇနီးတို့က စေတီတော်ကြီးအတွက်    ဘက်စုံ အလှူငွေများကို ပေးအပ်လှူဒါန်း ရာ ဂေါပကအဖွဲ့ အလုပ်အမှုဆောင် အဖွဲ့  ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း  သတင်း ရရှိသည်။                  

သတင်းစဉ်