နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းတကော်စက်မှုဇုန်နယ်မြေသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

ရပ်နားထားရသည့်စက်များ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်၊  စက်ရုံများအလိုက် 
စက်ပစ္စည်းများအား မလိုလားအပ်ဘဲ ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေး မှူး   ဒုတိယဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊  ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊  ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်  အဖွဲ့ဝင်များလိုက်ပါ၍  ယနေ့  မွန်းလွဲပိုင်းတွင်  ပဲခူးတိုင်းဒေသကြီးရှိ အင်းတကော်စက်မှုဇုန်နယ်မြေသို့      သွားရောက်ကြည့်ရှုစစ်ဆေးသည်။  

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းတကော်  စက်မှုဇုန်နယ်မြေ သို့ရောက်ရှိကြရာ    စက်မှုဇုန် နယ်မြေရှင်းလင်းဆောင်၌ မြန်မာ့ စီးပွားရေးဦးပိုင်       အများနှင့် သက်ဆိုင်သော    ကုမ္ပဏီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး     ဆန်းဦး က အင်းတကော်စက်မှုနယ်မြေ နောက်ခံသမိုင်းကြောင်း၊  စက်မှု နယ်မြေအတွင်း မော်တော်ယာဉ် များနှင့်   ဆက်စပ်ပစ္စည်းများ၊ ACSR Wire များ၊ လျှပ်စစ်မီတာ များနှင့်      အခြားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများ  ထုတ်လုပ် ဆောင်ရွက်ခဲ့မှုနှင့်       ရပ်နား ထားရသည့်     စက်ရုံအလုပ်ရုံ များ   ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ ကို လည်းကောင်း၊ EVER Meter စက်ရုံ  CEO    ဦးမျိုးအောင်က Digital Meter များ   ထုတ်လုပ် နေမှုနှင့် ၂၀၁၅ ခုနှစ်မှစ၍ AMI စနစ်ဖြင့်         လျှပ်စစ်မီတာများ တပ်ဆင်ဆောင်ရွက်၍     Auto-matic Billing System၊ Auto-matic Reading System များ အသုံးပြုပြီး မီတာခများကောက်ခံ မှုနှင့် ထိန်းသိမ်းမှုများဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ Con-trol Center မှတစ်ဆင့် ထိန်းချုပ် ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ အဆင့်မြင့်မီတာများ  ထုတ်လုပ် နိုင်ရေး   ဆက်လက်ဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ Ana-log Meter များနှင့်    ပြည်ပမှ တင်သွင်းသည့်   ဆက်သွယ်ရေး စနစ်မပါရှိသည့်    ဒစ်ဂျစ်တယ် မီတာများ၏ အားနည်းချက်များ  နှင့် AMI စနစ်တပ်ဆင်ထားသည့် မီတာများဖြင့်  လဲလှယ်တပ်ဆင် နိုင်ရေး လိုအပ်ချက်ရှိသည့်အခြေ အနေ၊         လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများမှာ   ယခင်က ပျမ်းမျှ   ၁၆     ရာခိုင်နှုန်းခန့်အထိ ရှိခဲ့ရာမှ ယခု AMI   စနစ် တပ်ဆင် အသုံးပြုနိုင်ခဲ့ခြင်းကြောင့်  ဓာတ် အားပျောက်ဆုံးမှုပျမ်းမျှ ၂ ရာခိုင် နှုန်းအထိ ကျဆင်းခဲ့မှုအခြေအနေ၊ AMI စနစ်မီတာအသုံးပြုခြင်းဖြင့် လျှပ်စစ်မီတာခများ ကောက်ခံရာ တွင် Mobile Banking စနစ်များ ဖြင့် လွယ်ကူစွာ ချိတ်ဆက်ဆောင် ရွက်နိုင်မှု၊       လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများအား  အထိုက် အလျောက်  ထိန်းချုပ်နိုင်မှုနှင့် အခြားမြို့ပြဆိုင်ရာ လုပ်ငန်းများ တွင်လည်း ချိတ်ဆက်ဆောင်ရွက် နိုင်မှု၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု နှင့် သက်ဆိုင်သည့်        အချက် အလက်များအား    အချိန်နှင့် တစ်ပြေးညီ    ကြည့်ရှုဆောင်ရွက် နိုင်မှုအခြေအနေများကို  လည်း ကောင်း၊   လျှပ်စစ်နှင့်   စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီတာ များလိုအပ်မှုအခြေအနေ၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး   လုပ်ငန်း များ  ဆောင်ရွက်ပေးနေမှုအခြေ အနေများကို         လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 


 ပြည်ပငွေသုံးစွဲမှုကို  လျှော့ချ


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊     နိုင်ငံတော်ဝန်ကြီးချုပ် က   ရပ်နားထားရသည့်စက်များ ပြန်လည်လည်ပတ်နိုင်ရေး ဆောင် ရွက်ရန်၊    စက်ရုံများအလိုက် စက်ပစ္စည်းများအား   မလိုလား အပ်ဘဲ ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက် ရန်၊  မြန်မာ့လျှပ်စစ်လုပ်ငန်းတွင် အသုံးပြုရန်      လိုအပ်လျက်ရှိ သည့် လျှပ်စစ်ဝိုင်ယာကြိုးများအား ပြည်တွင်း၌ အရည်အသွေးပြည့်မီ သည့် ကုန်ကြမ်းများကို အသုံးပြု ၍   စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ထုတ်လုပ်နိုင်ပါက ပြည်ပငွေသုံးစွဲ မှုကို  လျှော့ချနိုင်မည်ဖြစ်သဖြင့် လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လျှပ်စစ် ဓာတ်အားများအား   တရားမဝင် နည်းလမ်းများဖြင့်   ရယူသုံးစွဲမှု မရှိစေရေး   သက်ဆိုင်ရာဝန်ကြီး ဌာနမှ ကြပ်မတ်ဆောင်ရွက်ရန်၊ အခြေခံပြည်သူများ     လျှပ်စစ် ဓာတ်အားသုံးစွဲခများ သက်သာမှု ရှိစေရေး စွမ်းအင်ချွေတာနိုင်သည့် လျှပ်စစ်ပစ္စည်းများ  အသုံးပြုနိုင် ရေးပညာပေးခြင်းနှင့် တိုက်တွန်း ခြင်းများ       ဆောင်ရွက်ပေးရန်၊ လျှပ်စစ်ဓာတ်အားများ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေး နိုင်ရေး  ဆောင်ရွက်ရန်၊ အာဆီယံ နိုင်ငံများနှင့်     နိုင်ငံတကာရှိ လျှပ်စစ်သုံးစွဲခများနှင့်   မြန်မာ နိုင်ငံရှိ လျှပ်စစ်ဓာတ်အားသုံးစွဲခ အား ပြည်သူလူထုသက်သာမှုရှိစေ ရေး နှိုင်းယှဉ်သုံးသပ်ဆောင်ရွက် သွားရန်နှင့်    ကျေးရွာများတွင် ထင်းသုံးစွဲ၍   ချက်ပြုတ်မှုများ ကြောင့်    သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ထင်း သုံးစွဲမှုလျှော့ချပေးရန်    လိုအပ် ကြောင်း၊ ထင်းသုံးစွဲမှုများ လျှော့ချ နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ကို တိုးမြှင့်ထုတ်လုပ်၍ ဓာတ်အား သုံးစွဲခများ          သက်သာစွာရရှိ အောင် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊   တစ်အိမ်ထောင်လျှင် ယူနစ် ၁၀၀ ခန့်သာ  သုံးစွဲပါက ခန့်မှန်းဓာတ်အား သုံးစွဲခငွေကျပ် ၆၀၀၀ ဝန်းကျင်ခန့်သာ ကုန်ကျ မည်ဖြစ်ကြောင်း၊     ထို့ကြောင့် ကျေးရွာများတွင် လျှပ်စစ်မီးရရှိ စေရေးအတွက်  ဆိုလာစနစ်များ တပ်ဆင်ပေးရန်    လိုအပ်မည်ဖြစ် ကြောင်း၊     ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည် စွမ်းအင်သုံးဆိုလာများဖြင့် အိမ်သုံး လျှပ်စစ်ဓာတ်အားများ ထုတ်ယူ သုံးစွဲနိုင်ရေး  ဆောင်ရွက်ရန်နှင့် လိုအပ်လျက်ရှိသည့် ဆိုလာပြား များအား ပြည်တွင်း၌လုံလောက် စွာ ထုတ်လုပ်နိုင်ရေး    ဝိုင်းဝန်း ကြိုးပမ်း      ဆောင်ရွက်သွားရန်၊ ရန်ကုန်မြို့အတွင်း AMI စနစ်သုံး မီတာများ ရာနှုန်းပြည့် ပြောင်းလဲ တပ်ဆင်နိုင်ရေးဆောင်ရွက်ရန်နှင့် မန္တလေးမြို့တွင်လည်း AMI စနစ် သုံး  လျှပ်စစ်မီတာများ ပြောင်းလဲ တပ်ဆင်နိုင်ရေး      လျာထား ဆောင်ရွက်သွားရန်၊     အလားတူ  တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်   မြို့ကြီးများတွင်လည်း တပ်ဆင်နိုင်ရေး     အဆင့်လိုက် ဆောင်ရွက်သွားရန်၊    လျှပ်စစ် မီတာများ အရည်အသွေးအဆင့် မြင့်မားမှုရှိစေရေး၊    ဓာတ်အား ပျောက်ဆုံးမှုများ    လျှော့ချနိုင် ရေးတို့အား  ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။

 


ရှင်းလင်းတင်ပြ


ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ         ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် EVER Meter များအသုံးပြု၍ AMI စနစ် ဖြင့် ဆောင်ရွက်ထားသည့် ရန်ကုန် တိုင်းဒေသကြီး         ပန်းဘဲတန်း မြို့နယ် ၏      လျှပ်စစ်သုံးစွဲနေမှုအခြေ အနေကို   မော်နီတာမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုရာ EVER Meter စက်ရုံ  CEO   ဦးမျိုးအောင်က ရှင်းလင်းတင်ပြသည်။


ဖြည့်ဆည်းဆောင်ရွက်ပေး


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ EVER Meter   စက်ရုံအတွင်း စက်ရုံမှ     ထုတ်လုပ်ထားသည့် မီတာများနှင့် မီတာများ ထုတ်လုပ် နေမှု   အဆင့်ဆင့်ကို   လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များ မှာကြားဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း      သတင်းရရှိသည်။  

                
   သတင်းစဉ်