နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) တက္ကသိုလ် ပါမောက္ခချုပ်နှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ   ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ    ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU) တက္ကသိုလ် ပါမောက္ခချုပ်    Mr. Boris Nikolaevich Korobets နှင့်    ယနေ့မွန်းလွဲပိုင်းတွင်   အဆိုပါတက္ကသိုလ်၌ တွေ့ဆုံဆွေးနွေးသည်။

 

 

တာဝန်ရှိသူများတက်ရောက်


အဆိုပါ   တွေ့ဆုံဆွေးနွေးပွဲသို့   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ    ကောင်စီတွဲဖက်အတွင်းရေးမှူး    ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊   ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊   ကာကွယ်ရေးဦးစီးချုပ်ရုံး မှ   တပ်မတော်အရာရှိကြီးများ၊   ဒုတိယဝန်ကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ        မြန်မာနိုင်ငံ   သံအမတ်ကြီး ဦးလွင်ဦးနှင့်       မြန်မာစစ်သံ  (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်တို့  တက်ရောက်ကြပြီး (FEFU) တက္ကသိုလ်ပါမောက္ခချုပ်နှင့်အတူ ဒုတိယပါမောက္ခချုပ်  Mr. Evgeny E. VLASOV ၊  တက္ကသိုလ်ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့   တွေ့ဆုံဆွေးနွေးရာတွင်   Far Eastern Federal University (FEFU) တက္ကသိုလ်၏ လုပ်ငန်း ဆောင်ရွက်မှုများ၊   နိုင်ငံတကာမှ   ပညာတော်သင် ကျောင်းသားများ   လာရောက်တက်ရောက်လျက်ရှိ သည့်  အခြေအနေများနှင့်   မြန်မာနိုင်ငံမှ သင်တန်း သားများ        လာရောက်သင်ကြားနိုင်ရေးကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုသည့်အခြေအနေများ၊ (၇)ကြိမ် မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်  (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီအစည်းအဝေး  Plenary Session ကျင်းပစဉ်  “စားနပ် ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါ မှုနှင့်  ရင်းနှီးမြှုပ်နှံမှုအတွက်  အခွင့်အလမ်းကောင်း များ” ခေါင်းစဉ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဆွေးနွေးပြောကြားခဲ့ မှုအပေါ်   (FEFU)  တက္ကသိုလ်  ပါမောက္ခချုပ်အနေဖြင့် သုံးသပ်ထင်မြင်မှုများနှင့်     စားနပ်ရိက္ခာလုံခြုံရေး ကဏ္ဍ၏အရေးပါမှုကို သတိပြုမိခဲ့သည့် အခြေအနေ များ၊ မြန်မာနိုင်ငံမှ  ပညာတော်သင် သင်တန်းသားများ ရုရှားနိုင်ငံ၏    အနောက်ဘက်ပိုင်းရှိ    တက္ကသိုလ် အများအပြားတွင်   အဆင့်မြင့်ပညာများကို   သင်ယူ လျက်ရှိသည့်  အခြေအနေများနှင့် (FEFU) တက္ကသိုလ်  တွင်    ဆေးဘက်ဆိုင်ရာ     ဘွဲ့လွန်ပညာရပ်များ စေလွှတ်သင်ကြားသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့်  စီးပွားရေး ကူးလူးဆက်သွယ်မှုတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အတွက်  ပညာရေး ကဏ္ဍတိုးမြှင့်ရေး     ပူးပေါင်းဆောင်ရွက်မှုများသည် လည်း အစဉ်အဆက်တိုးမြင့်လာနိုင်မည့် အခြေအနေ များ၊   မြန်မာနိုင်ငံမှ သင်တန်းသားများ လာရောက် တက်ရောက်မည်ဆိုပါက တက္ကသိုလ်မှ  စီမံဆောင်ရွက် ပေးနိုင်မည့်  အခြေအနေများ၊ (FEFU) တက္ကသိုလ်နှင့် မြန်မာနိုင်ငံမှ   ရန်ကုန်နိုင်ငံခြားဘာသာ  တက္ကသိုလ် (YUFL)  တို့အကြား      သဘောတူညီမှုတစ်ရပ်ကို မကြာမီ      လက်မှတ်ရေးထိုးနိုင်မည့်   အခြေအနေ များနှင့်ပတ်သက်၍    အမြင်ချင်းဖလှယ်   ဆွေးနွေး ခဲ့သည်။

 


လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  (FEFU) တက္ကသိုလ်  ပါမောက္ခချုပ်တို့သည်    အမှတ်တရ လက်ဆောင်ပစ္စည်းများ   အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

 


၁၂၃ နှစ် သက်တမ်းကြာမြင့်ပြီဖြစ်


အဆိုပါ Far Eastern Federal University(FEFU) တက္ကသိုလ်ကို  ၁၈၉၉  ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး     ၁၂၃ နှစ်    သက်တမ်းကြာမြင့်ပြီဖြစ်သည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်ကြောင်း၊   တက္ကသိုလ်တွင် ဒေသတွင်းနှင့်    နိုင်ငံတကာဆိုင်ရာပညာရပ်များ၊ စီးပွားရေးဆိုင်ရာ ပညာရပ်များ၊   စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်များ၊   ပညာရေးဆိုင်ရာ   ပညာရပ်များ၊ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များ၊   လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ  ပညာရပ်များ၊  ဥပဒေ ဆိုင်ရာ ပညာရပ်များ၊  ဆေးပညာရပ်များနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရပ်များကို ပို့ချပေး လျက်ရှိကြောင်း၊    အဆိုပါ တက္ကသိုလ်သည်   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ပညာရေးနှင့် သိပ္ပံဝန်ထမ်းဌာန၏ လက်အောက်တွင်ရှိကာ  ကျောင်းသားပေါင်း ၄၁၀၀၀ ခန့်ရှိကြောင်းသိရှိရပြီး နိုင်ငံတကာမှ  ကျောင်းသား ကျောင်းသူများလည်း   တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း၊     ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၏  ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပညာတော် သင် သင်တန်းသားများ စေလွှတ်နိုင်မည့် အခြေအနေ များအပါအဝင်    တက္ကသိုလ်အချင်းချင်း    ဘာသာ ရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊  ပညာရေး မြှင့်တင်မှုဆိုင်ရာ       ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ ကြောင်း  သတင်းရရှိသည်။   

            
သတင်းစဉ်