နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေး

 

မြန်မာနိုင်ငံအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်

 

နေပြည်တော်   စက်တင်ဘာ     ၇


(၇)   ကြိမ်မြောက်  အရှေ့ဖျားစီးပွားရေးဖိုရမ်  (The 7th  Eastern  Economic Forum - 2022) သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိ နေသည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ   H.E. Vladimir Vladimirovich Putin နှင့်  ယနေ့ ဒေသ စံတော်ချိန် မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus အတွင်း၌  တွေ့ဆုံဆွေးနွေးသည်။

 


အဆိုပါ   တွေ့ဆုံဆွေးနွေးပွဲသို့  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ   ကောင်စီတွဲဖက်အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှု နှင့်       နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးကျော်မျိုးထွဋ်၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး  ဦးလွင်ဦးတို့  တက်ရောက်ကြ ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ  H.E.  Vladimir Vladimirovich Putin နှင့်အတူ ရုရုားဖက်ဒရေးရှင်း နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov၊   မြန်မာ နိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay A.Listopadov နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ထိုသို့ တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin က  လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်  မြန်မာနိုင်ငံတို့၏    သံတမန်ဆက်ဆံရေး  ၇၅  နှစ် ပြည့်မြောက်မည်ဖြစ်ပြီး  ဂုဏ်ပြုအခမ်းအနားပြုလုပ် သွားမည်ဖြစ်ကြောင်း၊   မြန်မာနိုင်ငံသည်  အရှေ့ တောင် အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊    မိမိတို့ နှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ သည် အလွန်တိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့်  စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များတွင် အလားအလာကောင်းများစွာကို တွေ့မြင် နေရကြောင်း၊ ယခုကဲ့သို့ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ လာရောက် တက်ရောက်သည့်အတွက်လည်း များစွာ ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားသည်။

 


နှစ်နိုင်ငံဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့်တိုးတက်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြား ရာတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊   အဆွေတော်သမ္မတကြီး ပြောကြားခဲ့သကဲ့သို့ပင် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံ ရေးသည်    ၇၅   နှစ်  ပြည့်မြောက်တော့မည်ဖြစ်ပြီး ထူးခြားသည့်   သမိုင်းကြောင်းရှိသည့်  ဆက်ဆံရေး ဖြစ်ပါကြောင်း၊ ဖြတ်သန်းလာခဲ့သည့် ဆက်ဆံရေး သမိုင်းကြောင်းတစ်လျှောက်တွင် အနိမ့်အမြင့်မျိုးစုံ ရှိခဲ့ပြီး    လွန်ခဲ့သည့်   ဆယ်စုနှစ်နှစ်ခုမှ  စတင်ကာ နှစ်နိုင်ငံဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် တိုးတက် လာခဲ့ပါကြောင်း၊       ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် သမိုင်းကြောင်းအစဉ်အလာကြီးမားသည့် နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်တွင် ရုရှားနိုင်ငံအနေဖြင့် အကျပ်အတည်းများဖြင့် ရင်ဆိုင် ခဲ့ရသည်ဖြစ်သော်လည်း   အဆွေတော်သမ္မတကြီး တာဝန်ယူသည့် ဆယ်စုနှစ်ကာလအတွင်း ရုရှား ဖက်ဒရေးရှင်းနိုင်ငံသည်      အလွန်တိုးတက်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ်သို့    ရောက်ရှိလာ သည်ကို   မျက်ဝါးထင်ထင်  တွေ့မြင်ရပါကြောင်း၊  အဆွေတော်အနေဖြင့် ကမ္ဘာ့အရေးကိစ္စမှန်သမျှကို သမာသမတ်ကျစွာဖြင့် ဆောင်ရွက်လျက်ရှိသည်ကို မိမိတို့အနေဖြင့် တွေ့မြင်ရပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို   ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း       ပြောကြားသည်။ 

 


အမြင်ချင်းဖလှယ်ဆွေးနွေး


ထို့နောက်  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်တို့သည်    ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု၊ နိုင်ငံရေး၊ စီးပွားရေး၊   လူမှုရေး၊  ပညာရေး၊  ကျန်းမာရေး၊ ငွေကြေးနှင့်   ဘဏ်လုပ်ငန်းကဏ္ဍတွင်   ပူးပေါင်း ဆောင်ရွက်ရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊  အာကာသနှင့်  ဂြိုဟ်တု နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ   အပြန်အလှန်တိုးတက်လာ စေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး     ဖိတ်ခေါ်မှုများ၊ နျူကလီးယားစွမ်းအင်ကို   ငြိမ်းချမ်းစွာအသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင် ရေးတို့အပါအဝင်  ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင် ရွက်မှုများ      ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး တို့နှင့်   ပတ်သက်၍   ခင်မင်ရင်းနှီးစွာ  အသေးစိတ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့သည် ခင်မင်ရင်းနှီးစွာ အပြန်အလှန် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။                                            

သတင်းစဉ်