နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rossiya Segodnya သတင်းအေဂျင်စီ၊ RIA သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား

 

နေပြည်တော်   စက်တင်ဘာ   ၆


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌         ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   သည် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင်      ရုရှား ဖက်ဒရေးရှင်းနိုင်ငံ    Rossiya Segodnya  သတင်း အေဂျင်စီ၊  RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana  အား ဗလာဒီဗော့စတော့ခ် မြို့  Far Eastern Federal University   (FEFU)  ၌ တွေ့ဆုံ၍ သိရှိလိုသည့်  မေးမြန်းမှုများကို  လက်ခံ ဖြေကြားသည်။

 


ထိုသို့   တွေ့ဆုံမေးမြန်းရာတွင်   အာရှ-ပစိဖိတ် ဒေသ၏လုံခြုံရေးဆိုင်ရာ  သဘောထားအမြင်များ၊ မြန်မာနိုင်ငံ၏  နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးနှင့်  လွတ်လပ်ပြီး တရားမျှတသည့်      ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက် လျက်ရှိသည့်  အခြေအနေများ၊  မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ  မူဝါဒများ၊   လုပ်ထုံး လုပ်နည်းများကို   အစဉ်တစိုက်   လေးစားလိုက်နာဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားနိုင်ငံ နှင့်      မြန်မာနိုင်ငံ     စစ်ဘက်နည်းပညာ     ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍကို  တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်     အခြားသိရှိလိုသည်များအား     မေးမြန်းရာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က     ပြည့်ပြည့်စုံစုံ   ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့်   မေးမြန်းဖြေကြားမှု  အပြည့်အစုံအား        ဆက်လက်ဖော်ပြသွားမည်ဖြစ် ကြောင်း  သတင်းရရှိသည်။                 

သတင်းစဉ်