
ရုရှား - မြန်မာ မိတ်ဆွေညီအစ်ကိုနိုင်ငံ နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု
ကဏ္ဍအသစ်များ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ ဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီ အထူးအတွင်းရေးမှူး Mr. Anton Kobyakov နှင့် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus အတွင်း၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ကောင်စီတွဲဖက်အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရုရှား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်တို့ တက် ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီ အထူး အတွင်းရေးမှူးနှင့်အတူ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Colonel General Alexander Vasilievich Fomin နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် (၇) ကြိမ် မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ကို တက်ရောက် နိုင်ရေး ဖိတ်ကြားခဲ့သည့် အခြေ အနေများနှင့် ဧည့်ဝတ်ကျေပွန်မှု များအတွက် ကျေးဇူးတင်ရှိသည့် အခြေအနေများ၊ လာမည့်နှစ် တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန် ဆက်ဆံမှု ၇၅ နှစ် ပြည့်မြောက် မည်ဖြစ်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကြား၊ တပ်မတော် နှစ်ရပ် အကြား မိတ်ဆွေကောင်းပီသစွာ ဖြင့် ဆက်ဆံရေးကောင်းများကို တည်ဆောက်နိုင်ခဲ့သည့် အခြေ အနေများ၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ သကဲ့သို့ အရပ်ဘက်ဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍ တို့တွင်လည်း ခိုင်မာသည့် ဆက်ဆံ ရေးသမိုင်းကောင်းကို တည် ဆောက်နိုင်ခဲ့သည့် အခြေအနေ များ၊ ရုရှား-မြန်မာ မိတ်ဆွေ ညီအစ်ကိုနိုင်ငံ နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ အသစ်များကိုလည်း ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေ များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး၊ ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေးတို့အတွက် တိုက်ရိုက် လေကြောင်းလိုင်းများ ပြေးဆွဲရေး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာ ရေး ဆက်လက်ဆောင်ရွက်သွား မည့် အခြေအနေများအား ခင်မင် ရင်းနှီးစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အပြန်အလှန်ပေးအပ်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးနှင့် ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီ အထူးအတွင်းရေးမှူး တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်