နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော် မြတ်ကြီးတွင်ပန်း၊ ရေချမ်း၊ဆီမီးများ ထွန်းညှိပူဇော်

 

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး 
ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ 
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ထွန်းညှိပူဇော်

 

နေပြည်တော်    နိုဝင်ဘာ     ၁၈


တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ သည်   မြတ်စွာဘုရားရှင်က  အဇာတသတ်မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်သည်။ 

 


တန်ဆောင်တိုင်မီးထွန်းပွဲတော်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုး များ၌ ကိုဗစ်-၁၉  စည်းမျဉ်း၊  စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ကြပြီး  နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ   ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင်  ဆီမီးတစ်ထောင်  ထွန်းညှိပူဇော်ပွဲ   ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်နှင့်   ဇနီး     ဒေါ်ကြူကြူလှ၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းနှင့်   ဇနီး၊    အဖွဲ့ဝင်များ၊  တပ်မတော်  (ကြည်း၊ ရေ၊ လေ)   မိသားစုများက    တက်ရောက်မီးထွန်းညှိ ပူဇော်ကြသည်။ 

 


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ အမှူးပြုသော  ဧည့်ပရိသတ်များက ဆီမီးတစ်ထောင် ထွန်းညှိပူဇော် ပွဲအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ၍ ဖွင့်လှစ်ကြသည်။ ယင်းနောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး၊   တက်ရောက်လာကြသူများက   ရွှေဘုန်းပွင့် စေတီတော်တွင် ပန်း၊ ရေချမ်း၊ ဆီမီးများ ထွန်းညှိ ပူဇော်ကြပြီး   စေတီတော်ရင်ပြင်တော်တွင်   ဆီမီး တစ်ထောင်ထွန်းညှိ   ပူဇော်ကြသည်။   ထို့နောက် အခမ်းအနားမှူးက      အောင်ဆုမင်္ဂလာ    အမျှဝေ စာတမ်းအား ဖတ်ကြား၍ အမျှပေးဝေသည်။ 

 


ဆီမီးတစ်ထောင်ထွန်းညှိပူဇော်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက် လာကြသူများက ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲ  အား   ဗုဒ္ဓသာသနံ    စိရံတိဋ္ဌတု   သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

 


ထို့ပြင်     ကာကွယ်ရေးဦးစီးချုပ်ရုံး   (ကြည်း)ဝင်းအတွင်း၌လည်း    လမ်း၊   အဆောက်အအုံများ၊  ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့်  မီးထွန်းပွဲတော်ကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ   ပြုလုပ်ခဲ့သည်။     မီးထွန်းပွဲတော်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များက စိတ်နှလုံး အေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။  


သတင်းစဉ်