နေပြည်တော် ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ် သီရိမင်္ဂလာ မဟာ သာသနာ့ဗိမာန်တော် အတွင်း၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ သီရိပျံချီဘွဲ့တံဆိပ် တော် ချီးမြှင့်ခံရသော ဇွဲကပင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကဝိဓဇ နှင့် မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ဓမ္မသဟာရကျောင်း နာယက ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ တို့အား သီရိပျံချီ ဘွဲ့တံဆိပ်တော်များနှင့် ဗုဒ္ဓ ဘာသာ ကလျာဏယုဝအသင်း (YMBA)မှ ဆက်ကပ်သည့် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက် ပိုင်းတွင် ပြုလုပ်ရာ နိုင်ငံတော် သြဝါဒါစရိယ အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ တိလောကဘိဝံသ အမှူးပြုသော ပင့်သံဃာတော်များ ကြွရောက် တော်မူကြပြီး ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် ကာ နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့် အပ်နှင်းထားသည့် သီရိပျံချီ ဘွဲ့တံဆိပ်တော်များ၊ အဆောင် အယောင်ပစ္စည်းများနှင့် ဗုဒ္ဓ ဘာသာ ကလျာဏယုဝအသင်း (YMBA)မှ ဆက်ကပ်သည့် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ် ပစ္စည်းများကို ဘွဲ့ခံဆရာတော်များ ဖြစ်တော်မူကြသော ဇွဲကပင် ဆရာတော်ဘုရားကြီးနှင့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်း နာယကဆရာတော် တို့ထံသို့ တိုင်းမှူးက ဆက်ကပ် လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော် သြဝါဒါစရိယ အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် နှင့် တိပိဋကဓရ တိပိဋက ကောဝိတရွှေရတု တိပိဋကဓရ မော်ကျွန်းဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဒာ ဘိဝံသ တို့ထံမှ သြဝါဒ စကားများ နာယူကြသည်။
ထို့နောက် အဂ္ဂမဟာပဏ္ဍိတ ပါဠိပါရဂူ မြစေတီဆရာတော် ဘုရားကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ရေစက်ချ အနုမောဒနာတရားများ နာယူခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်



