နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
 

(ယမန်နေ့မှအဆက်)


ရှေးဦးစွာ  Myanmar  Public  Press  News Agency မှ သတင်းထောက် ဒေါက်တာစိုးမြင့်ဦးက လာမည့်ရွေးကောက်ပွဲမတိုင်ခင်တွင် ပါတီအသစ်များ၊ ပါတီများစုပြီး ပါတီအသစ်တည်ထောင်ရန်၊ မှတ်ပုံ တင်ရန်ကိစ္စသည် မည်သည့်အချိန်ခန့်တွင် ဖြစ်နိုင် မည်ကို သိလိုကြောင်း မေးမြန်းသည်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  နိုင်ငံရေးပါတီအသစ်များ  မှတ်ပုံ တင်ခြင်း၊ နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ခြင်း များနှင့် ပတ်သက်၍ ပြီးခဲ့သည့်ကာလတစ်လျှောက် ကြုံတွေ့ရသည့် အချက်များပေါ်မူတည်ပြီး နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို သုံးသပ်ပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာခင်ဆောင်ရွက်ပြီးမည်ဖြစ်ပါကြောင်း၊ ဆောင် ရွက်ပြီးသည်နှင့် နိုင်ငံရေးပါတီဝင်များကို ဥပဒေနှင့် အညီ     မှတ်ပုံတင်ခွင့်များ၊    ပူးပေါင်းခွင့်များကို ဆက်လက်ပြီး     ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။


Myanmar   National   Post   သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေး က မဲစာရင်းစစ်ဆေးမှု များသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြီးသွားပြီ ဖြစ်ကြောင်း၊ NLD ပါတီသည် အကြမ်းဖက်အဖွဲ့ အစည်းများဖွဲ့စည်းပြီး  အကြမ်းဖက်နေသည်ကိုလည်း  တွေ့ရကြောင်း၊ ပြည်ထဲရေး၏ထုတ်ပြန်ချက်အရ လည်း NLD ၊ PDF အကြမ်းဖက်များ၏ သတ်ဖြတ်မှု ကြောင့် အပြစ်မဲ့ပြည်သူပေါင်း ၉၀၀ ကျော်  သေဆုံး ခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရခြင်းသည်လည်း   ၂၅၀၀၀ နီးပါးဖြစ်နေပြီဖြစ်ကြောင်း၊  ယခုကဲ့သို့    အကြမ်းဖက် ပါတီကို ဆရာတို့အနေနှင့် ဥပဒေနှင့်အညီ   ဆုံးဖြတ် ချက် တစ်စုံတစ်ရာချရန် အဘယ်ကြောင့်     နှောင့်နှေး ကြန့်ကြာနေရသည်ကိုသိလိုကြောင်း မေးမြန်းသည်။


ပါတီများကို စစ်ဆေးဆောင်ရွက်လျက်ရှိ


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြီးခဲ့သည့်  သတင်းစာရှင်းလင်းပွဲ များမှာလည်း ဖြေကြားပြီးဖြစ်ကြောင်း၊ မိမိတို့အနေ ဖြင့် နိုင်ငံရေးပါတီများကို      ပြည်ထဲရေးဝန်ကြီးဌာနမှ စစ်ဆေးပြီးတွေ့ရှိချက်များကိုလည်း မိမိတို့ လက်ခံ ရရှိပြီးဖြစ်ပါကြောင်း၊ ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊    ထိုစစ်ဆေး တွေ့ရှိချက်များကိုသုံးသပ်ပြီး ပြည်ထောင်စုရွေးကောက်  ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင်၊ အဖွဲ့ဝင်များအားလုံး ပါသည့် စုံညီအစည်းအဝေးသည် ထိုတွေ့ရှိချက်အပေါ် မှာမူတည်ပြီး   ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကြိုတင်ပြီး ဆုံးဖြတ်ဆောင်ရွက်ထားခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။
NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပါတီဝင်များကို       ပြန်လည်စိစစ်သည့်နေရာတွင် ပါတီဝင်ဦးရေ မည်သို့စိစစ်သည်ကို ရှင်းပြပေးစေလို ကြောင်း၊ ပါတီကြီးများဖြစ်သည့် တစည၊ ပြည်ခိုင်ဖြိုး၊ NLD အပါအဝင်    အစုစုအမွှာမွှာ   ပါတီအကွဲများ ပြိုကွဲခဲ့ခြင်းကြောင့် ပြီးခဲ့သည့်ရွေးကောက်ပွဲ မဲစာရင်း များမှာလည်း  ဆရာတို့   မဲစာရင်းကိုစစ်ဆေးသည့် စစ်ဆေးချက်များအရ    မှတ်ပုံတင်ထပ်ခြင်းများ၊    အမည်စာရင်းထပ်ခြင်းများရှိခဲ့သည်ကို သိရကြောင်း၊ ပါတီဝင်အင်အားများသည်    အရင်အတိုင်းဟုတ်/မဟုတ် သိလိုကြောင်း၊ ဟိုပါတီကလည်း ဒီအင်အား၊ ဒီပါတီကလည်း ဒီအင်အားဆိုပြီး အရေအတွက်များ တင်ပြသည့်နေရာတွင်       မှတ်ပုံတင်နံပါတ်များ၊ အမည်စာရင်းများကို စိစစ်ခဲ့ခြင်းရှိမရှိကို ရှင်းရှင်း လင်းလင်း သိလိုကြောင်း မေးမြန်းသည်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများကို  ပါတီတည် ထောင်ခွင့်ပြုပြီး သတ်မှတ်သည့် ရက် ၉၀ အတွင်း နိုင်ငံတစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီဆိုလျှင် အနည်း ဆုံး ၁၀၀၀ ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုတည်း၌ စည်းရုံးမည်ဆိုလျှင် ၅၀၀ ဖြစ်ကြောင်း၊ ထိုအရာများကို သတ်မှတ်သည့်ပုံစံ(ဇ)နှင့် ပေးပို့ရ ကြောင်း၊ ပေးပို့သည့်ပုံစံများကိုစိစစ်ပြီး သတ်မှတ် အင်အားပြည့်လျှင် ထိုပါတီသည် ဆက်လက်ရပ်တည် ဆောင်ရွက်ပါကြောင်း၊ ဆောင်ရွက်သည့်အခါတွင် ပါတီဝင်အင်အားများတိုးတက်ပြီး စည်းရုံးရရှိလျှင် လည်း မိမိတို့ဆီကို ပို့ရကြောင်း၊ လျော့သွားလျှင်လည်း လျော့သွားသည့်အင်အားပို့ရသည်မှာ      သတ်မှတ် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း၊ ပါတီများကိုစိစစ်သည့်အခါ ပါတီနှင့်ပတ်သက်သည့် စာရင်းဇယားများဖြစ်သည့် ငွေစာရင်း၊ ပစ္စည်းစာရင်း၊ ပါတီဝင်လူအင်အားစာရင်း၊ ပါတီရုံးခွဲများဖွင့်လှစ်မှု အင်အားစာရင်းစသည်တို့ကို လည်း  အသေးစိတ်စစ်ဆေးပါကြောင်း၊   သို့သော် လက်ရှိပြီးခဲ့သည့် စစ်ဆေးမှုအနေအထားမှာ ကိုဗစ် ကူးစက်မှုအနေအထားများ၊      အခြေအနေအရ စုစည်းပြီးမှ အလုပ်လုပ်နိုင်သည့် အနေအထားများရှိ ကြောင်း၊ ရုံးများပိတ်ထားရသည်များလည်းရှိသည့် အတွက်  ယခုမှပြန်ဖွင့်ပြီး    စစ်ဆေးခံသည့် အနေ အထားဖြစ်သည့်အတွက်ကြောင့် မိမိတို့က တစ်ဦး ချင်းကိုလိုက်ပြီး မစစ်ဆေးနိုင်ကြောင်း၊ စာရင်းဇယား အရသာ စစ်ဆေးကြောင်း၊ ထိုသို့စစ်ရာတွင် သတ်မှတ် သည့်အင်အားအတိုင်း မှတ်ပုံတင်ပါရမည်၊ သေချာ စနစ်တကျ စာရင်းဇယားများ ပြည့်စုံရမည်၊ ထိုအချက် အလက်များကို   မြို့နယ်အလိုက်၊   မြို့နယ်အလိုက် ၎င်းတို့က တင်ပြသည့်   စာရင်းများကိုထောက်ပြီး အတတ်နိုင်ဆုံး စာရင်းပေါ်မှာမူတည်ပြီး တိုက်ဆိုင် စစ်ဆေးကြောင်း၊   အလားတူ  နိုင်ငံရေးပါတီဌာန သည်လည်း ၉ လပိုင်း   ၃၀ ရက်နေ့ ဒီနေ့အရောက် update ဖြစ်သည့် စာရင်းများကိုလည်း‌တောင်းထား ကြောင်း၊ ထိုအကြောင်းအရာများ အားလုံးအပေါ်မှာ အခြေခံပြီး   စစ်ဆေးခြင်းဖြစ်ကြောင်း   ပြန်လည် ဖြေကြားသည်။


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက စစ်ဆေးပြီးခဲ့သည့် ၁၇ ပါတီမှာ ၎င်းတို့တင်ပြသည့် စာရင်းများပေါ်မှာမူတည်၍ အမည်ထပ်ခြင်း၊ မှတ်ပုံ တင်  ထပ်ခြင်းများတွေ့ခဲ့ရခြင်း ရှိ/မရှိကို   သိလို ကြောင်း မေးမြန်းသည်။


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးက စစ်ဆေးခဲ့သည့် အစီရင်ခံစာများ သည် ပြုစုပြီး ကော်မရှင်ရုံးကို စုပြီးတင်ပြထားဆဲဖြစ် ကြောင်း၊ စစ်ဆေးတွေ့ရှိခဲ့သည့်အနေအထားအရ  ပါတီများမှ ပေးထားသည့်ပုံစံများရှိကြောင်း၊ ထိုပုံစံ များအရ အရင်ကတည်းကစစ်ပြီးခဲ့ပြီး နိုင်ငံရေးပါတီ ဌာနမှ အတည်ပြုထားသည့် စာရင်းများရှိကြောင်း၊ ၂၀၁၇ ခုနှစ်မှာတစ်ခါတောင်းထားပြီး စိစစ်ထားခြင်း များလည်းရှိကြောင်း၊ ထိုစာရင်းများအပေါ်အခြေခံပြီး စစ်နိုင်သည့်   အနေအထားသာရှိကြောင်း၊   ယနေ့ အရောက်   တောင်းထားသည့်စာရင်းရမှ   Update ဖြစ်မည်ဖြစ်ကြောင်း၊  ထို Update ကိုမှ   ထပ်ပြီး စစ်မှာဖြစ်ကြောင်း၊ ယခင်တွေ့ရှိရသည့်စာရင်းများ ကို စစ်သည့်အခါ သာမန်အားဖြင့် သတ်မှတ်သည့် အင်အား ၁၀၀၀၊ ၅၀၀ ပြည့်သည်ကို တွေ့ရကြောင်း၊ သို့သော် အသေးစိတ် တိုက်ဆိုင်စစ်ဆေးခြင်းသည် ယနေ့ နောက်ဆုံးထား တောင်းထားသည့်စာရင်း၊ အချက်အလက်များအပေါ်မူတည်ပြီး      တိုက်ဆိုင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အိမ်စောင့် အစိုးရသည်   ဆရာတို့   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အလွန်အားကိုးနေရ၊ အလွန်ယုံကြည် ထားသည်ကို   တွေ့ရကြောင်း၊   ၎င်း၏   ရှေ့ဆက် လုပ်ဆောင်ရမည့်ကိစ္စများမှာ အလွန်မျှော်လင့်ထား သည့်အခါ အမှားအယွင်းဖြစ်မည်စိုးသည့်အတွက် မေးရသည့်ကိစ္စဖြစ်ကြောင်း၊     သိလည်းသိစေလို ကြောင်း၊ ယင်းကိစ္စမျိုးမှာ သတင်းအမှန်ရရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို   မိမိတို့ မီဒီယာများအနေဖြင့် အချက်အလက်များကို အချိန် မရွေး ဝင်/ထွက်မေးမြန်းခွင့်ကို ခွင့်ပြုနိုင်၊ မပြုနိုင် သိလိုကြောင်း မေးမြန်းသည်။


ဆက်သွယ်မေးမြန်းနိုင်


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက       ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့်   သက်ဆိုင်သည့်ဌာနများ၊   သတင်း ထုတ်ပြန်ရေးအဖွဲ့၏    viber  group    တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ   သတင်း ထုတ်ပြန်ရေးတာဝန်ရှိသည့် မိမိအပါအဝင်၊ ညွှန်ကြား ရေးမှူး   ဦးသိန်းဦး ကိုလည်း   ထည့်ထားကြောင်း၊ ထိုမှတစ်ဆင့်လည်း မေးနိုင်ကြောင်း၊ အခြားနည်းနှင့် လည်း  ဌာနများကိုဆက်သွယ်ပြီး   တာဝန်ရှိသည့် သူများကို မေးနိုင်ကြောင်း၊ အတတ်နိုင်ဆုံး အခြေ အနေမှန်၊    အဖြစ်မှန်   စာရင်းဇယားကိုက်အောင် ဖြေကြားပေးသွားမည်ဖြစ်ကြောင်း       ပြန်လည် ဖြေကြားသည်။


တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်ရဲ ထက်(ခ) ဦးဇော်မင်းဦးက PR စနစ်ကို ကျင့်သုံးရန် အတွက်   ပါတီအများစုမှ   သဘောတူညီမှုရထား ကြောင်းကို   ဆရာပြောခဲ့ကြောင်း၊    ယခုလာမည့် ရွေးကောက်ပွဲကို   PR စနစ်ကို   ကျင့်သုံးပါမည်ဟု   ပြည်ထောင်စု     ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆုံးဖြတ်ပြီးပြီလား၊   ၂၀၂၀  ရွေးကောက်ပွဲ ကရင် ပြည်နယ်မှာ တွေ့ကြုံရသည့်တစ်ခုရှိကြောင်း၊ EAO မှ ဖဒိုအောင်ဆန်းကိုယ်တိုင်  ရွေးကောက်ပွဲဝင်ခဲ့ ကြောင်း၊   ရွေးကောက်ပွဲလည်းနိုင်ခဲ့ကြောင်း၊   PR စနစ်ကိုကျင့်သုံးမည်ဆိုလျှင်  တိုင်းရင်းသားနယ်မြေ များမှာ     ၎င်းတို့ကိုယ်စားပြုသည်များရှိကြောင်း၊ ကရင်ပြည်နယ်မှာဆိုလျှင် KNU ဆိုသည်မှာ အစည်း အရုံးတစ်ခုဖြစ်ကြောင်း၊  ပါတီပုံစံမျိုးဖြစ်ကြောင်း၊  KNLA ဆိုသည်မှာ   စစ်ဘက်ဖြစ်ကြောင်း၊ ထိုအဖွဲ့ အစည်းများမှ   ဝင်လာခဲ့မည်ဆိုလျှင်   အပြီးသတ် ငြိမ်းချမ်းရေးလက်မှတ်   မထိုးရသေးသည်များကို လည်း ခွင့်ပြုပေးရန်အတွက်  အစီအစဉ်ရှိပါသလား၊ ကိုဗစ်-၁၉ ကာလ အဆိုးဆုံးကာလမှာပင် ပန်းခင်း စီမံချက်နှင့် လဝကမှဝန်ထမ်းများသည် နေ့မနား၊  ညမနား လုပ်နေသည်ကိုတွေ့ရကြောင်း၊ ထိုနေရာ တွင် လဝကစာရင်းနှင့်သာ ရွေးကောက်ပွဲကော်မရှင် မှ အတည်ပြုမည်လား၊ နိုင်ငံသားပြုခွင့်လျှောက် ထားသည့် White Card များပါ မဲထည့်ခွင့်ရမည်လား သိလိုကြောင်း မေးမြန်းသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက    PR စနစ်နှင့်   ပတ်သက်လျှင် မြန်မာနိုင်ငံနှင့်သင့်တော်သည့် အချိုးကျကိုယ်စားပြု စနစ် PR  စနစ်ကိုကျင့်သုံးရန် နောက်ရွေးကောက်ပွဲ တွင် အသုံးပြုရန်အတွက် ၂ လပိုင်းနှင့် ၅ လပိုင်းမှာ တွေ့ရသည့် နိုင်ငံရေးပါတီအများစုသည် ထောက်ခံ ပြီးဖြစ်ကြောင်း၊ PR စနစ်ကိုကျင့်သုံးနိုင်ရန်အတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေအပိုင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ပြင်ဆင် ပြီးဖြစ်ကြောင်း၊ ကျင်းပမည်ဟု အားလုံးဆုံးဖြတ်လိုက် သည်နှင့် ဆောင်ရွက်နိုင်ရန် အရန်သင့်ဆောင်ရွက် ထားကြောင်း၊ PR စနစ်ကျင့်သုံးမည်ဆိုပါက ပါတီ များနှင့် ညှိနှိုင်းဆုံးဖြတ်ပြီးပြီဆိုသည်နှင့် လုပ်နိုင်ရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်၊ လက်စွဲများကို အသေးစိတ် ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ PR စနစ် ကို ကျင့်သုံးသည့်အခါတွင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ရွေးကောက်ပွဲဥပဒေနှင့်အညီ ကိုယ်စားလှယ် အရေအတွက်များသည်   မပြောင်းလဲပါကြောင်း၊ သတ်မှတ်သည့်     ကိုယ်စားလှယ်အရေအတွက် အတိုင်းသာ ဖြစ်ကြောင်း။


မဲစာရင်းများကို မှန်ရန် ဆောင်ရွက်လျက်ရှိ


သို့သော်          မဲဆန္ဒနယ်သတ်မှတ်ခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏  ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၉ အရ မဲဆန္ဒနယ်ကို ကျယ်ပြန့် စွာ သတ်မှတ်ပြီးမှ ကိုယ်စားလှယ်ဦးရေကို အချိုးကျ ကိုယ်စားပြုစနစ်နှင့် ရွေးကောက်ပွဲ လုပ်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းမရှိကြောင်း ကိုလည်း    လေ့လာသုံးသပ်   တွေ့ရှိရပါကြောင်း၊ လုပ်နိုင်အောင်လည်း     ပြင်ထားပြီးဖြစ်ကြောင်း၊ ထိုသို့လုပ်သည့်အခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသခြောက်ခုနှင့်ပတ်သက်လျှင် FPTP စနစ်နှင့်သာ သွားရမည်ဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအနေဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၆ နေရာရှိကြောင်း၊   ယင်းကဲ့သို့ နေရာမျိုးများသည် FPTP အနေဖြင့်သာ သွားရမည် ဖြစ်ကြောင်း၊   ပြီးခဲ့သည့်  ရွေးကောက်ပွဲများအရ တိုင်းရင်းသားလူမျိုး   လွှတ်တော်ကိုယ်စားလှယ် ၂၉ နေရာရှိကြောင်း၊ ယင်းတို့သည် FPTP နှင့်သာ သွားရမည့် အနေထားဖြစ်ကြောင်း၊ ဥပဒေ ပြဋ္ဌာန်း ချက်အရ လုပ်ရမည့်နည်းစနစ်များသည် ထိုအတိုင်း ဖြစ်ကြောင်း၊ ထိုအတိုင်း ကြိုတင်ပြင်ဆင်ထားပါ ကြောင်း၊ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် စာရင်း၊   မဲစာရင်းများနှင့်   ပတ်သက်၍  ၁၁ သန်း  ၃ သိန်းခန့်သည် မဲမသမာမှုဖြစ်နိုင်သည့် စာရင်းများ ဖြစ်ခဲ့သည့်အတွက် ယခုအခါ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေမှာလည်း သေချာလျာထားပြီး ပြင်ဆင် အဆိုပြုရေးဆွဲထားခြင်း၊ မူကြမ်းရေးဆွဲထားခြင်းရှိ ကြောင်း၊ ထိုမူကြမ်းတွင် မှတ်ပုံတင်ရှိသည့်သူကိုသာ မဲစာရင်းထဲမှာထည့်ရမည်၊   ဒေသတစ်ခု၌ အမှန်  တကယ်နေသည့် ပုံစံ ၁၀၊ ပုံစံ ၆၆ ပုံစံဇယား စာရင်း များနှင့်အတူ အမှန်တကယ်နေထိုင်သည့်သူ ဖြစ်ရ မည်၊ ထိုကဲ့သို့ တိတိကျကျ  သတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် ယခင်ကကြုံတွေ့ရသည့် မှတ်ပုံတင်မပါ သည့်သူများ၊ မဲစာရင်းတွင်လည်း ဟိုဘက်မှာလည်းပါ၊ ဒီဘက်မှာလည်းပါပြီး ထပ်ခြင်းများကို အနည်းဆုံးနှင့် အကောင်းဆုံးဖြစ်ရန် ယခုကတည်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊   လဝက၊   ထွေအုပ်တို့ ပူးပေါင်းပြီး မဲစာရင်းများကို Update ဖြစ်ရန် ယခင် မှားယွင်းနေသည့် မဲစာရင်းများကို မှန်ရန် ဆောင်ရွက် လျက်ရှိကြောင်း၊ မှတ်ပုံတင်ရှိမှ၊ နိုင်ငံသားပြုခွင့် ရသည့် လက်မှတ်ရမှ မဲပေးခွင့်ရမှာဖြစ်သည့်အတွက် သာမန်အားဖြင့် White Card သည် မဲပေးခွင့်တွင် မပါကြောင်း ပြန်လည်ဖြေကြားသည်။
VOM သတင်းဌာနမှ သတင်းထောက် ဦးမောင် မောင်ထွန်းက ယခုရက်ပိုင်းအတွင်း ပြည်ပကုန်သွယ် မှုများ ရပ်လုနီးပါးဖြစ်နေပြီး ပြည်တွင်း၌ ဘဏ်များမှ ငွေထုတ်မရကြောင်း၊  ထုတ်လို့ရသည့်သူများက အထုပ်လိုက်ထုတ်နေကြကြောင်း၊ ရွှေဈေး၊ ဒေါ်လာ ဈေးများ ထိန်းမရအောင် တက်နေကြောင်း၊ ထိုးကျ လာသည့် စီးပွားရေးကို မည်ကဲ့သို့ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်းက ရွှေဈေး၊ ဒေါ်လာဈေး နှင့် ပတ်သက်ပြီး ရွှေဈေး၊ ဒေါ်လာဈေးထက်  သာယာ ဝပြောရေးနှင့် ဖူလုံရေးကို အဓိကထားဆောင်ရွက်  နေလျက်ရှိကြောင်း၊ ပထမဆုံးအနေဖြင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ    ပြန်လည် လည်ပတ်ရန်၊ ကျဆင်းနေသည့်စီးပွားရေး အဆင်ပြေစွာ စီးဆင်း လည်ပတ်စေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေါ်လာဈေး မြင့်တက် လာမှုနှင့် ပတ်သက်ပြီး  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က   နိုင်ငံခြားငွေရောင်းချပေးခြင်း၊  ပြည်ပပို့ကုန်ရငွေများ အချိန်မီ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ပို့ကုန်ရငွေများ       လက်ဝယ်ကိုင်ဆောင်မှုများကို အချိန် ကာလသတ်မှတ်ခြင်းနှင့်     ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်ခြင်းနည်းလမ်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ယမန်နေ့က ဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့ပြီး   ဆောင်ရွက်လျက်ရှိကြောင်း၊   တချို့ လူများပြောနေကြသည့် ဗဟိုဘဏ်ကထုတ်ရောင်း သည့်  ဒေါ်လာများသည်   ပြည်တွင်းလိုအပ်ချက်  ပတ်သက်ပြီး လိုအပ်သလောက် ဖြည့်ဆည်းမပေး နိုင်ခြင်းများရှိကြောင်း၊  မိမိတို့အနေဖြင့်  ဖြည့်ဆည်း ပေးနေခြင်းမှာ   မိမိနိုင်ငံတွင်   မထွက်သည့်ကုန်  စက်သုံးဆီ၊   စားသုံးဆီများနှင့်    ပတ်သက်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေရှည်လုပ်ငန်း  စီမံချက်အနေဖြင့်  ပြည်တွင်းဆီဖူလုံရေး ဆောင်ရွက် လျက်ရှိကြောင်း။


နည်းလမ်းနှစ်ခုဖြင့် ဖြေရှင်း


စက်သုံးဆီဖူလုံရေးအနေဖြင့် မိမိတို့နိုင်ငံရှိသည့် အရင်းအမြစ်နှင့် ရေနံသယံဇာတ၊ ဓာတ်ငွေ့သယံ ဇာတက    ပြည်တွင်းဖူလုံရေး   မဖြစ်နိုင်ကြောင်း၊ ဆက်လက်ပြီး    တင်သွင်းနေရဦးမည်ဖြစ်ကြောင်း၊  အဆိုပါတင်သွင်းခြင်းများကို   နည်းလမ်းနှစ်ခုဖြင့် ဖြေရှင်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းလမ်း တစ်အနေဖြင့် စွမ်းအင်ထုတ်လုပ်နေသည့် နေရာ၌  သဘာဝဓာတ်ငွေ့၊   ရေနံ၊   ရုပ်ကြွင်းလောင်စာ အသုံးပြုမှု   လျှော့ချရေးကို  ဆောင်ရွက်လျက်ရှိ ကြောင်း၊    အဆိုပါလုပ်ငန်းများသည်   ချက်ချင်း ဖြစ်လာနိုင်စရာမရှိကြောင်း၊ စွမ်းအင်ထုတ်လုပ်နိုင်မှု အတွက်  ရေရှည်သွားရမည်ဖြစ်ကြောင်း၊  လျှပ်စစ်  ထုတ်လုပ်နိုင်ရေးအတွက်       ရေရှည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊     ဆိုလာစီမံကိန်း၊ ရေအားလျှပ်စစ်စီမံကိန်းများသည် ရေရှည်စီမံကိန်း ဖြင့် သွားရမည်ဖြစ်ကြောင်း၊ လတ်တလော ဆောင်ရွက် နေမှုများမှာ စက်သုံးဆီနှင့်ပတ်သက်ပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ    စက်သုံးဆီတင်သွင်း    ဖြန့်ဖြူးရေးအသင်း   ပူးပေါင်းဆောင်ရွက်မှုဖြင့်   မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ရည်ညွှန်းဈေးဖြင့် စက်သုံးဆီတင်သွင်း သည့် ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ ၁၅ သန်း ရောင်းချပေးပြီး ပြည်သူများ  သက်သာသောဈေးနှုန်း ဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ထားကြောင်း။


စက်သုံးဆီများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှစတင်၍   ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိရာ ၂၉ ရက်နေ့အထိ 92 လီတာ ၂၇  သိန်း ကျော်၊ Premium ဓာတ်ဆီနှင့် ရိုးရိုးဒီဇယ် လီတာ ပေါင်း   ၁  သန်းကျော်     ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်များကို တိုင်းဒေသကြီး/ပြည်နယ် များတွင် သတ်မှတ်သည့်ဈေးနှုန်းဖြင့် ရောင်းချပေး  နေသည့် အရောင်းဆိုင်စာရင်းများနှင့် ဈေးနှုန်းများ ကို  နိုင်ငံပိုင်သတင်းစာများတွင် ပြည်သူများသိရှိ အောင်    ဖော်ပြပေးလျက်ရှိကြောင်း၊     သတ်မှတ် ဈေးနှုန်းများအတိုင်း ရောင်းချပေးရေး၊ အရည်အသွေး ပြည့်မီမှုရှိစေရေး စနစ်တကျ ရောင်းချရေးများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ဆောင်မှု များသည် အားလုံးလုံလောက်မှုအတွက် ဖြည့်ဆည်း ပေးနိုင်စွမ်းမရှိသေးကြောင်း၊ လုံလောက်မှုရှိအောင် ဆက်လက်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊         စားသုံးဆီ တင်သွင်းဖြန့်ဖြူးရေးနှင့်  ပတ်သက်ပြီး  စားသုံးဆီများကို စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး တစ်ပိဿာလျှင် လက်ကားဈေး  ၃၇၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊  စားသုံး သည့်   ပြည်သူများ   သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက်  ဗဟိုဘဏ်မှ  ရည်ညွှန်း ဝယ်သည့်နှုန်းဖြင့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်း ထားသည့် စားသုံးဆီများကို   တိုက်ရိုက်ရောင်းချ လျက်ရှိကြောင်း။


ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချ


အဆိုပါရောင်းချမှုများသည် ရန်ကုန်တိုင်းဒေသ ကြီးအပါအဝင် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း ဒေသကြီးနှင့်    ရှမ်းပြည်နယ်များတွင်   ပိဿာချိန် စုစုပေါင်း ၃၅ သိန်းကျော်၊ တန်ချိန် ၆၀၀၀ ကျော် ရောင်းချခဲ့ပြီးဖြစ်ကြောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက်ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆီလုပ်ငန်းနှင့် ဆီကုန် သည်လုပ်ငန်းရှင်များအသင်းက ဈေးကားများဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်နေပြည်သူ များကို တစ်ပိဿာလျှင် လက်လီ ၃၈၀၀ ကျပ်နှုန်း ဖြင့် တိုက်ရိုက်ရောင်းချပေးလျက်ရှိကြောင်း၊ အဆိုပါ ကိစ္စများနှင့်  ပတ်သက်ပြီး    စားသုံးဆီတင်သွင်း ဖြန့်ဖြူးရေးလုပ်ငန်း     ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားရှိပြီး ကမ္ဘာ့စားသုံးဆီပေါက်ဈေးအတိုင်း  ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်  ရောင်းချပေးနိုင်ရေး စဉ်ဆက်မပြတ် စောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း။


နိုင်ငံတော်အနေဖြင့် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်းဖြင့် နိုင်ငံခြားငွေရောင်းချပေးရာ   စက်တင်ဘာလ ၂၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၄ သန်း ဝယ်ယူ ခွင့်ရရှိခဲ့ပြီး နိုင်ငံခြားငွေနှင့် ညီမျှသည့် စားသုံးဆီ ပမာဏကို မြန်မာနိုင်ငံဆီကုန်သည်နှင့်  ဆီလုပ်ငန်း ရှင်များအသင်းက   စီမံခန့်ခွဲမှုနှင့်   သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ လက်လီလက်ကား ရောင်းချ  ပေးရေးအစီအစဉ်ကို ဆက်လက်ရောင်းချပေးသွားဖြစ်ကြောင်း၊ သို့သော် လိုသလောက် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးကြောင်း၊  ဒေါ်လာဈေး၊ ရွှေဈေး နှင့် ပတ်သက်ပြီးရှင်းလင်းရာ   ပထမကိုဗစ်လှိုင်း ကာလမှစပြီး စီးပွားရေးကျဆင်းမှုသည် ပြည်တွင်း ထုတ်ကုန်များလျော့နည်းပြီး ပြည်ပသွင်းကုန်များ  များပြားလာမှုများရှိကြောင်း၊  ဒုတိယကိုဗစ်လှိုင်း တွင်လည်း အလားတူဖြစ်ခဲ့ကြောင်း၊ ကြားကာလ အတွင်း ပြည်ပထိုးနှက်ချက်များရှိကြောင်း၊ အစိုးရ တစ်ရပ်အနေဖြင့် ရှေးတုန်းကဖြစ်ခဲ့သည့်အတိတ် များကို အပြစ်တင်ပြောနေခြင်းထက် မိမိလက်ထက် မှာဖြစ်သည့်အတွက်ကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြောင်း၊ အကောင်းဆုံး  ဖြေရှင်းသွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထိုကိစ္စများ နှင့်ပတ်သက်ပြီး   အကောင်းဆုံး   ဖြေရှင်းနိုင်ရေး၊ အပြည့်အစုံ ဖြေရှင်းနိုင်ရေးမဟုတ်တောင် ရှိသမျှ အင်အားဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။


One News သတင်းဌာနမှ သတင်းထောက် သွင်ထူးအောင်က လက်ရှိတွင် ပြည်တွင်းငွေကြေး ဈေးကွက် တည်ငြိမ်မှုအားနည်းပြီး ကျပ်ငွေတန်ဖိုး သည်လည်း ထပ်ပြီးကျဆင်းနေကြောင်း၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းအပါအဝင် ဈေးကွက်အသီးသီး၌ ထိခိုက်မှုများ၊  တုံ့နှေးမှုများ  ဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် စီးပွားရေးကျဆင်းမှုကိုရပ်တန့်ပြီး လူမှုစီးပွားဘဝ  ပြန်လည်ထူမတ်လာ စေရန် မည်သို့ဆောင်ရွက်ရန်ရှိပါသလဲ၊ တည်ငြိမ် ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့်အစီအမံများကို သိလိုကြောင်း မေးမြန်းသည်။


ချင်းရွှေဟော် လမ်းကြောင်းကို   ဖွင့်နိုင်ရန်  ဆောင်ရွက်


ဗိုလ်ချုပ် ဇော်မင်းထွန်းက ငွေရေးကြေးရေး နှင့်ပတ်သက်ပါက ဗဟိုဘဏ်အနေဖြင့် Digital Payment ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးဆောင် ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အများ ပြည်သူများအနေဖြင့် e-commerce မှ ကုန်ပစ္စည်း များဝယ်ယူခြင်း၊ ကျန်သည့်နေရာများမှ ကုန်ပစ္စည်း များဝယ်ယူခြင်းတို့ကို  ငွေသားမကိုင်ဆောင်ဘဲ Digital Payment များဖြင့် အသုံးပြုပေးချေနိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် အဓိကရည်မှန်းချက်မှာ တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အဓိကအခြေခံပြီး ဆောင်ရွက် နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊   ချက်ချင်း လက်ငင်း ဖြစ်လာစရာအကြောင်းတော့ မရှိကြောင်း၊ အတိုင်းအတာတစ်ခုအနေဖြင့် တိုးတက်မှုရရှိအောင်  ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းမှ ပြည်ပသို့ ပို့သည့်ကုန်များအတွက် ဆောင်ရွက်နိုင်ရန်အတွက် ဥပမာ- အများအားဖြင့် မှီခိုနေမှုသည် တရုတ်နိုင်ငံ လမ်းကြောင်းသာ  ဖြစ်ကြောင်း၊   တရုတ်နိုင်ငံ လမ်းကြောင်းက   ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး  မူဆယ်လမ်းကြောင်းတွင်      ကန့်သတ်ချက်များ ရှိသည့်အတွက် နှစ်နိုင်ငံညှိနှိုင်းပြီး ချင်းရွှေဟော် လမ်းကြောင်းကို   ဖွင့်နိုင်ရန်  ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုကိစ္စသည်  အောင်မြင်နိုင်မည်ဖြစ် ကြောင်း၊ ထိုအဆင့်အောင်မြင်ပြီးပါက စားသုံးကုန်၊ ပို့ကုန်များ ပြန်လည်ရရှိမည်ဖြစ်ကြောင်း၊ သို့သော်  မိမိတို့နိုင်ငံက ထွက်ခွာနေသည့် စက်ရုံ၊ အလုပ်ရုံ များလည်းရှိကြောင်း၊ အထည်ချုပ်စက်ရုံများက အကြမ်းဖက်ကာလ ဖြစ်ပွားနေသည့်အချိန်အတွင်း မီးရှို့ဖျက်ဆီး၍ ထွက်သွားခဲ့သည့် အထည်ချုပ်စက်ရုံ များရှိကြောင်း၊ နောက်ပိုင်း၌လည်း ထွက်ခွာနေသည့် စက်ရုံများရှိကြောင်း၊ ထိုကိစ္စများကို အစားထိုး ကုစားနိုင်ရေး လုပ်ငန်းများလည်း ဆောင်ရွက်နေ ကြောင်း ပြန်လည်ဖြေကြားသည်။


NHP သတင်းဌာနမှ သတင်းထောက် ဦးကျော် မျိုးမင်း က လက်ရှိ Current ဖြစ်နေသည့် ဒေါ်လာ ဈေး ကျပ် ၂၇၀၀ ထိ တက်သွားသည့်   ဖြစ်စဉ်မျိုး တွင် Point     ၃ ချက်၊ ၄ ချက်ခန့် တွေ့လိုက်ကြောင်း၊ အဓိကက နယ်စပ်ကုန်သွယ်ရေးများတွင် ကုန်သွယ် ရေးရပ်သွားသည့်အချိန်၌ ဒေါ်လာအဝင် နည်းသွား ကြောင်း၊ မိမိတို့ဆီက ပြည်ပမှဆေးဝါးပစ္စည်းများ မျိုးစုံတင်သွင်းမှုသည်လည်း    ဒေါ်လာကုန်ကျမှု တော်တော်များသွားကြောင်း၊ ဗဟိုဘဏ်၌လည်း ဒေါ်လာနည်းနေသည်ကိုတွေ့ရကြောင်း၊   တစ်ဆက် တည်း နိုင်ငံရေးမတည်ငြိမ်၍ စိုးရိမ်ပြီး ကျပ်ငွေ အစား   ဒေါ်လာစုသည့်လူများလည်းရှိကြောင်း၊ အထွေထွေက လာစုံနေသည်ကို  တွေ့ရကြောင်း၊ အထွေထွေဖြစ်စဉ်များအားလုံးက  ကိုဗစ်ပထမ လှိုင်း၊ ဒုတိယလှိုင်း၊ နောက်ပိုင်း တတိယလှိုင်းအပြီး ယခုလိုအချိန်တွင် ဒေါ်လာဈေးသည် အမြင့်အထိ ဆွဲတက်သွားသည်ကို တွေ့ရကြောင်း၊ ထိုဈေးသည် ခေါ်ဈေးဖြစ်ပြီး တကယ်ဝယ်ခြင်းမဟုတ်ဘဲ ကစား သည့်သဘောကိုတွေ့ရကြောင်း၊ ဒေါ်လာဈေးနှင့် ပတ်သက်ပြီး ကစားသည့်အုပ်စု သပ်သပ်ရှိနေသည် ကို တွေ့ရကြောင်း၊  အစိုးရအနေဖြင့်   ထိုကိစ္စကို တာဝန်ယူဖြေရှင်းမည်ကို သိရသည့်အတွက် အများ ကြီး မပြောလိုကြောင်း၊ အရေးကြီးပြောလိုသည်မှာ ဒေါ်လာဈေးထက် မကြာခင် စပါးပေါ်တော့မည် ဖြစ်၍ တောင်သူများ   စပါးပြဿနာတက်နေကြ ကြောင်း၊ မြေဩဇာဈေးများက  မချိမဆံ့ကြီးနေ ကြောင်း၊ ပိုးသတ်ဆေးဈေးများ မချိမဆံ့မြင့်လာ ကြောင်း၊ ထွက်နှုန်းကလည်းကျပြီး ဝယ်ဈေးက လည်း ၃၀ ရာခိုင်နှုန်းအောက် ကျဆင်းလာကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမား ၇၀ ရာခိုင်နှုန်း ခန့်က  ပြဿနာတက်နေကြောင်း၊ ၎င်းတို့အားလုံး ရင်ပူနေကြကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် စပါးဈေးနှုန်းကို   ဈေးနှုန်းတစ်ခုသတ်မှတ်ပြီး စနစ်တကျဖြင့် ပုံစံတစ်ခုဖြင့် ဝယ်ယူပေးမည်လား၊ နိုင်ငံခြားတင်ပို့မှုနှင့် ပြည်တွင်း Reserve ကို မည်သို့ Plan ဆွဲ၍  ဆောင်ရွက်မည်ကို  သိလိုကြောင်း မေးမြန်းသည်။


စပါးဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်လျက်ရှိ


ဗိုလ်ချုပ် ဇော်မင်းထွန်း က ‌စိုက်ပျိုးရေးလုပ်ငန်း များနှင့်ပတ်သက်ပြီး လက်တွေ့ကျကျ   တိုးမြှင့် ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာနအပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေး ဝန်ကြီးဌာန  ဖွဲ့စည်းလိုက်ကြောင်း၊   စပါးဈေး တည်ငြိမ်ရေး၊ ပိုးသတ်ဆေး၊   ဓာတ်မြေဩဇာ ဈေးနှုန်း လျှော့ချရန် ဆောင်ရွက်လျက်ရှိကြောင်း၊ စပါးဈေးနှုန်းနှင့်ပတ်သက်ပြီး တည်ငြိမ်မှုရရှိရေး အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ဆောင်ရွက်နေသည့်   လုပ်ငန်း များမှာ သတ်မှတ်ဈေးနှုန်းဖြင့်   ဝယ်ယူပေးခြင်း၊ ကြမ်းခင်းဈေးမည်မျှဖြင့်   ဝယ်ယူပေးခြင်းတို့ ရှိကြောင်း၊ ယခုပြောလိုသည်မှာ  အသစ်ဖြစ်သည့် သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် လုပ်ဆောင်နေသည်ကို ပြောပြလိုကြောင်း၊ နေပြည်တော်အပါအဝင်        တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခု၌   ကုန်ထုတ်သမဝါယမအသင်း ၃၂၀၀၀ ကျော်၊ ကုန်သွယ်သမဝါယမအသင်း ၃၁၀၀၀ ကျော်နှင့် ဝန်ဆောင်မှုသမဝါယမအသင်း ၃၈၀၀၀ ကျော် ရှိကြောင်း၊   အသင်းသားပြည်သူ ၄ ဒသမ ၂ သန်းရှိကြောင်း၊ စုစုပေါင်း သမဝါယမ အသင်းပေါင်း ၃၉၃၃၇ သင်း  တစ်နိုင်ငံလုံးတွင် ရှိကြောင်း၊ ယခု သမဝါယမအသင်းသည် ယခင်က လို စီမံကိန်းစီးပွားရေးစနစ်၊ အစိုးရက အမိန့်ပေး စီမံသည့်စနစ်မျိုးမဟုတ်ကြောင်း၊ တကယ်လုပ် သည့်လူများပါဝင်ပြီး တကယ်လုပ်ခြင်းဖြစ်ကြောင်း၊ ကုန်ထုတ်သမဝါယမအသင်း အကြောင်းကို ပြောရ မည်ဆိုပါက ထိုအသင်းသည် ၃၂၀၀၀   ကျော် ရှိ ကြောင်း၊ ထိုအထဲမှ စိုက်ပျိုးထုတ်လုပ်ရေး  သမ ဝါယမအသင်း ၂၇၀၀၀ ကျော်ရှိပြီး မျိုးစေ့ထုတ် သမဝါယမအသင်း ၁၆၉ သင်းရှိကြောင်း၊ လယ်ယာ အထောက်အကူပြုဝန်ဆောင်မှုအသင်း ၅၀ ရှိကြောင်း၊ မွေးမြူရေးကုန်ထုတ်သမဝါယမ  အသင်း ၄၄၉၇ သင်း ရှိကြောင်း၊ သမဝါယမအသင်း ဖွဲ့စည်းခြင်း များ၊ နည်းပညာများဖွဲ့စည်းခြင်းများဖြင့် ဆောင် ရွက်လျက်ရှိကြောင်း၊  သမဝါယမအသင်းတိုင်းတွင် သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန က လိုအပ်သည့်ချေးငွေများ၊ နည်းပညာပံ့ပိုးမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ လုပ်ဆောင်ပေးပြီး သင့်လျော်သည့် နှုန်းထားတစ်ခုဖြင့်   ပြန်စရခြင်း ဖြစ်ကြောင်း၊ တော်တော်များများလည်း လုပ်ဆောင် နေကြကြောင်း၊ ထို့ကြောင့် မိမိတို့တွင် နည်းလမ်း နှစ်သွယ်ရှိကြောင်း၊ နံပါတ်(၁)မှာ အစိုးရမှ တိုက်ရိုက် ကြမ်းခင်းဈေး သတ်မှတ်ပေးမှုများ  လုပ်ဆောင် ပေးသည့် လုပ်ငန်းများရှိကြောင်း၊   ပြည်သူများ ကိုယ်တိုင်ပါဝင်သည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း ရှင်များ၊   တကယ်လုပ်နေသည့်သူများပါဝင်သည့် ဆောင်ရွက်ချက်များကိုလည်း လုပ်ဆောင်ပေးကြ ရန်၊ ပါဝင်ကြရန် တိုက်တွန်းလိုကြောင်း၊ ၎င်းတို့ အနေဖြင့် စီမံကိန်းကျေးရွာများလည်းရှိကြောင်း၊ စီမံကိန်းကျေးရွာများတွင်   ကိုဗစ်-၁၉  ကာလ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းများ၊ အရင်းမပျောက် မတည် လည်ပတ်ငွေများတို့ကို   ဆောင်ရွက်နေ ကြောင်း၊ စီမံကိန်းကျေးရွာများအားလုံးကို အတိုး နှုန်း  ပြား ၅၀ နှုန်းဖြင့် ချေးပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဧပြီလမှ  ၂၀၂၂ ခုနှစ်အထိ လျှော့ချ သတ်မှတ်ပေးနိုင်သည့်အတွက် ငွေကျပ် ၃၄ ဒသမ        ၇၅ ဘီလီယံခန့် သက်သာကုစားပေးနိုင်ခဲ့ကြောင်း၊ ထိုလုပ်ငန်းစဉ်များ၌ အားလုံးက  ပူးပေါင်းဆောင် ရွက်ကြမည်ဆိုပါက အရှိန်မြှင့်တင်လာနိုင်မည်ဟု မျှော်မှန်းကြောင်း ပြန်လည်ဖြေကြားသည်။


ဆက်လက်၍  NHP  သတင်းဌာနမှ သတင်း ထောက် ဦးကျော်မျိုးမင်း က    ဒေါ်လာကိစ္စတွင် လည်း တချို့ဝေဖန်မှုများရှိကြောင်း၊ ယခင် အစိုးရ လက်ထက်က ဘာမှမဖြစ်ဘဲ ယခုအစိုးရလက်ထက် မှ ဖြစ်သည်ဟု ဝေဖန်ကြကြောင်း၊ တချို့စီးပွားရေး လုပ်ငန်းရှင်များကို မေးကြည့်ရာတွင် “ အသီးက မှည့်နေပြီ၊ ဒီအချိန်မှာ တွန်းထိုးစရာမလိုဘဲ အလိုလို ကြွေကျမယ့်အချိန်မှာ  ချိန်ကိုက်ဖြစ်သွားတာ” ဟု ပြောကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သို့ပြောချင် သည်ကို သိလိုကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ် ဇော်မင်းထွန်း က မိမိမှာ စီးပွားရေး လုပ်ငန်းများတွင် ဖြစ်ပျက်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သည့် ဘာသာရပ်မဟုတ် ကြောင်း၊ သို့သော် လေ့လာကြည့်ရာ၌    မှန်ကန် ကြောင်း၊ တိုင်းပြည်၏  စီးပွားရေးကျဆင်းခြင်း သည် ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းကတည်းက ဖြစ်နေကြောင်း၊ သို့သော် ယခုအချိန်တွင် ပိုပြီးဆိုး လာကြောင်း၊   နိုင်ငံရေးထိုးနှက်ချက်များလည်း ပါကြောင်း၊ နိုင်ငံခြားတွင်   ငွေများရောက်ရှိနေ ခြင်းကြောင့်လည်း ပါဝင်ကြောင်း၊ သို့သော် ယခု လက်ရှိ တာဝန်ယူထားသည့်အစိုးရကသာ တာဝန် ယူ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အသီးက မှည့်နေ သည်မှာ ကြာနေပြီဖြစ်ကြောင်း၊ ကြွေကျခါနီးလည်း ဖြစ်နေကြောင်း၊ ကြွေကျခြင်းသည်   ယခုအစိုးရ လက်ထက်၌ ကြွေကျခြင်းဖြစ်ကြောင်း၊ ကြွေကျ သည်ဖြစ်စေ၊    ကြွေမကျသည်ဖြစ်စေ   မိမိတို့ လက်ထက်တွင် ကြွေကျခြင်းဖြစ်၍ ပြန်ကောက် ပြီး ပြန်လည်ထူထောင်အောင် လုပ်ဆောင်ပေးရ မည့်   တာဝန်ရှိကြောင်း၊    လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။


Myanmar Hard talk သတင်းဌာနမှ   အစီ အစဉ်တင်ဆက်သူ သဇင်ဦး က လူငယ်တစ်ယောက် ဖြစ်သည့်အတွက်     လူငယ်နှင့်ပတ်သက်သည့် မေးခွန်းမေးလိုပါကြောင်း၊ ယခုသတင်းစာရှင်းလင်း ပွဲတွင် ပြသခဲ့သည်ကိုလည်း ကြည့်ရှုခဲ့ရကြောင်း၊ သတင်းရှင်းလင်းချက်များလည်းပါကြောင်း၊ လူငယ် များက ဒလန်မှန်းတောင်မသိဘဲ လူသတ်မှုများကို ကာယကံမြောက် ကျူးလွန်ခဲ့သည်များကို  တွေ့ရ ကြောင်း၊ ထိုကိစ္စများသည် မည်သို့ဖြစ်လာသလဲဟု သုံးသပ်ကြည့်လိုက်သည့်အခါ NLD အုပ်စု ကြီးစိုး ခဲ့စဉ်အခါက လူငယ်များ၏  စွန့်စားလိုစိတ်များ၊ တီထွင်ကြံဆမှုများ၊ နိုင်ငံရေးဆိုသည့်   အကွက် တစ်ခုထဲကို   အတင်းထိုးတွန်းပြီး    ပိတ်ခဲ့သည့် အတွက်ကြောင့်    ယခုလိုမျိုးဖြစ်လာသည်ဟု သုံးသပ်မိပါကြောင်း၊ လက်ရှိလှုပ်ရှားပြီး​ကြွေးကြော် နေသည့် ကြွေးကြော်သံတစ်ခုရှိကြောင်း၊   ထို ကြွေးကြော်သံကို   သတိထားမိမှုတစ်ခုက   မိမိ တို့က လူငယ်တစ်ယောက်ဖြစ်ကြောင်း၊ မိမိတို့မှာ အနာဂတ်ရှိကြောင်းဆိုသည့် ကြွေးကြော်သံဖြစ် ကြောင်း၊ မေးလိုသည်မှာ   လူငယ်များကို အမှန် တကယ် အာမခံပေးနိုင်သည့်   စီမံကိန်းများကို နိုင်ငံတော်အနေဖြင့် ချမှတ်ပေးရန်  ရှိ/မရှိ  သိလို ကြောင်း၊ လှုပ်ရှားမှု၌ပါဝင်နေသည့် လူငယ်အနေဖြင့် သော် လည်းကောင်း၊ လုံးဝ မပါဝင်သည့် ကြားနေ လူငယ်အနေနှင့်သော်လည်းကောင်း၊  တိုက်ရိုက် ထိတွေ့ပြီး ဆွေးနွေးမှုများပြုလုပ်ရန်   အစီအစဉ်  ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။


လူငယ်များအတွက် နေရာပေးရမည်


ဗိုလ်ချုပ် ဇော်မင်းထွန်း က လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်ဖြစ်သည့်အတွက် လူငယ်များက နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ လူငယ်များ၏ အနာဂတ် ပေါ်မှာ မူတည်ပြီး  ဖြစ်ပေါ်လာမည့် တိုင်းပြည်၏ အနာဂတ်က ပိုပြီးအရေးကြီးကြောင်း၊ ပြောရမည် ဆိုပါက မီဒီယာများ၏ ရှေ့မှာရပ်နေသည့် မိမိအပါ အဝင်  ဝန်ကြီးဌာနများ၏    ပြောရေးဆိုခွင့်ရှိသူ များသည် နောက်ငါးနှစ်၊ ခြောက်နှစ် အလွန်ဆုံး ဆယ်နှစ်၊ ဆယ့်ငါးနှစ်တွင် အငြိမ်းစားယူမည့်သူ များဖြစ်ကြောင်း၊ ၎င်းနေရာများကို   ဝင်ရောက် လာမည့်သူများက လူငယ်များဖြစ်ကြောင်း၊ မိမိတို့ အငြိမ်းစားယူလိုသည်ဖြစ်စေ၊ မယူလိုသည်ဖြစ်စေ မိမိတို့မည်မျှ လုပ်ချင်ကိုင်ချင်သည်ဖြစ်စေ လူငယ် များအတွက် နေရာပေးရမည်ဖြစ်ကြောင်း၊   ၎င်း လူငယ်များကို နေရာပေးနိုင်ရန် နိုင်ငံတိုင်း၊ နိုင်ငံ တိုင်း၌ ရည်ရွယ်ချက်၊ ရည်မှန်းချက် လုပ်ဆောင် ချက်များ များစွာရှိကြောင်း၊ အမှန်တိုင်းဝန်ခံပြောရ လျှင် မြန်မာနိုင်ငံတွင်    ထိုကိစ္စနှင့်ပတ်သက်ပြီး အစိုးရအဆက်ဆက် လိုအပ်သလောက် မလုပ်နိုင် ခဲ့ဘူးဟု  ပြောရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ဖြစ်ပျက်နေသည့်  အဖြစ်အပျက်တစ်ခုတည်းကို ထိုးချအပြစ်တင်ရန်အတွက်         မရှိကြောင်း၊ လတ်တလော ဖြစ်နေသည်များရှိကြောင်း၊ မိမိတို့ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကိစ္စ နှင့်ပတ်သက်ပြီး ယခုလက်ရှိတာဝန်ထမ်းဆောင် နေသည့် နိုင်ငံတော်အစိုးရ၏ ဝန်ကြီးချုပ်အနေနှင့် အလေးထားလျက်ရှိကြောင်း။


နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်    နိုင်ငံ၌ ပညာရေးနှင့်ပတ်သက်ပြီး အလေးထားကြောင်း၊ မြန်မာနိုင်ငံ ၂၀၁၉  ခုနှစ်  သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံစာတတ်မြောက်သူဦးရေ  တော်တော် နည်းနေကြောင်း၊    နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားချက်တွင် ပါရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးမြှင့်တင်ရေးလုပ်ငန်းများ  ဆောင်ရွက် မည်ဟု   ပြောခဲ့မှုရှိကြောင်း၊    ယခုအချိန်ကာလ၌ အားကစားနှင့်      လူငယ်ရေးရာဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းထားကြောင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနသည် အားကစားကဏ္ဍသာ လုပ်မည် မဟုတ်ဘဲ လူငယ်ရေးရာကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများကို ဆောင်ရွက် ရန်အတွက် မိမိတို့လက်တွေ့  မျက်မြင်တိုးတက် အောင် လုပ်နိုင်သည်မှာ လူငယ်ရေးရာနှင့် ပတ်သက် ပြီး စီမံကိန်းချပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ပညာရေးလုပ်ငန်းကို ဦးစား ပေး    ဆောင်ရွက်လျက်ရှိကြောင်း၊            ပညာရေး နောက်မကျအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်ကာလတွင်    ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ နောက်ထပ် သင့်တော်သည့် အချိန်တွင် ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုနှုန်း  ခုနစ်ရာခိုင်နှုန်းခန့်ရှိသေးကြောင်း၊ ပညာရေးကို  အဓိကထား   ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရေတိုအနေဖြင့် အားကစားကို လုပ်ဆောင် လျက်ရှိကြောင်း၊   အားကစားနှင့်ပတ်သက်ပြီး တိုင်းနှင့်ပြည်နယ်များ၌ အားကစားနှင့် စိတ်ဓာတ် ရှင်သန်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို လူငယ်တစ်ယောက်အနေနှင့် အကြံပြုပေးခြင်းကို လည်း ကျေးဇူးတင်ကြောင်း   ပြန်လည်ဖြေကြား သည်။


(ဆက်လက်ဖော်ပြပါမည်)