နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နေပြည်တော်   ဇူလိုင်   ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      သတင်း ထုတ်ပြန်ရေးအဖွဲ့၏    ၇/၂၀၂၁  ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ပြီး        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်   ဗိုလ်ချုပ် ဇော်မင်းထွန်း၊       ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ ကိုယ်စ

ားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ သတင်းထုတ်ပြန်‌ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ သတ္တမအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာ များ၊ ဝန်ကြီးဌာနအသီးသီးမှ ပြောရေးဆိုခွင့်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များအားလုံး COVID-19 ရောဂါမှ ကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေဟု ဆန္ဒပြုပါကြောင်း၊ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းသွားမည့် အကြောင်းအရာများမှာ နံပါတ် တစ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှား နိုင်ငံခရီးစဉ်အကြောင်း၊    နံပါတ်နှစ်အနေဖြင့် COVID-19 ကပ်ရောဂါအခြေအနေနှင့် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊    နံပါတ်သုံးအနေဖြင့် ပညာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုကိစ္စရပ်များ၊ နံပါတ်လေးအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ ၏    လုပ်ဆောင်မှုများနှင့်    သတင်းအမှားများ၊ နံပါတ်ငါးအနေဖြင့်   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)၏      စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ က ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇွန် ၂၀ ရက်မှ ၂၇ ရက်အထိ   ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၌ ကျင်းပ ပြုလုပ်သည့် (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေး ညီလာခံ MOSCOW Conference on International Security-2021-(MCIS-2021) ကို တက်ရောက်ရန်၊ ရုရှား-မြန်မာ  နှစ်နိုင်ငံအကြားနှင့် ရုရှား-မြန်မာ တပ်မတော်နှစ်ရပ်အကြား        ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရန်၊   ကဏ္ဍစုံ၌  အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ    တိုးတက်လာစေရန် ဆိုသည့် ရည်ရွယ်ချက်များနှင့် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါကြောင်း၊ ထိုခရီးစဉ်၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် မြို့တော်ဝန်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တပ်မတော်အရာရှိကြီးများနှင့် အကောင်း ဆုံး ဗိုလ်လောင်းဆုရရှိခဲ့ကြသည့် ထူးချွန်အရာရှိများ လိုက်ပါခဲ့ပါကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်  ယင်း ခရီးစဉ်တွင် (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (MCIS-2021)ကို တက်ရောက်ခဲ့ပြီး “ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် အာရှ-ပစိဖိတ် ဒေသအရေးအား ဆွေးနွေးခြင်း” (The Asia-Pacific Region in the context of Global Politics) ခေါင်းစဉ်ဖြင့်   တက်ရောက်ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းညီလာခံကို နိုင်ငံပေါင်း ၆၇ နိုင်ငံက အကြီးအကဲ များ၊ ကာကွယ်ရေးဝန်ကြီးများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ပါကြောင်း၊ ခရီးစဉ် အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့ကို   တွေ့ဆုံခဲ့ပါကြောင်း၊   Russia 24 သတင်းဌာန၊ RIA သတင်းဌာနတို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပါကြောင်း။


ဘာသာရေးဆိုင်ရာဆောင်ရွက်ချက်အနေဖြင့် ဇွန် ၂၁ ရက်တွင်      မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို)ရှိ ရွှေတိဂုံစေတီတော် ပုံတူစေတီတော်မြတ် ရွှေထီးတော်တင်အခမ်းအနားနှင့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ် ရေစက်ချလှူဒါန်းခြင်းအခမ်းအနားများကို တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ(မော်စကို)သည်  မော်စကိုမြို့လယ်၏ အရှေ့ဘက် ၁၄ ကီလိုမီတာအကွာ၌ရှိပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏     အဓိပတိ   အဘိဓဇ မဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သီတဂူဆရာတော်    ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၏ မတည်မှု၊ မော်စကိုရောက် ကျောင်းသား ကျောင်းသူများနှင့် မြန်မာ့တပ်မတော်မှ သင်တန်း သားအရာရှိများ၊  စေတနာရှင်  အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုနှင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊   ရုရှားနိုင်ငံရှိ ဗုဒ္ဓသာသနာပြုအဖွဲ့အတွက်     အခြေပြုရာနေရာ၊ ဘုရားဝတ်ပြုရာနေရာများ၊ ဘာသာ၊ သာသနာရေး ဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ်သည့်နေရာ တစ်ခုဖြစ်ပြီး ရုရှားနိုင်ငံ၌ သာသနာ့မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။


ဇွန် ၂၃ ရက်တွင်   ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ     “ဂုဏ်ထူးဆောင် ပါမောက္ခ”ဘွဲ့ ပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို တက်ရောက်ခဲ့ပါကြောင်း၊ ရုရှားနိုင်ငံကို ရောက်ရှိစဉ် ကာလအတွင်း Republic of the Tatarsan ၏ မြို့တော် Kazan ကို  သွားရောက်လည်ပတ်ခဲ့ပြီး Republic of Tatarsan သမ္မတနှင့် တွေ့ဆုံကြောင်း၊ ရိုးရာနွေဦးပွဲတော် အခမ်းအနားကို အထူးဧည့်သည် အဖြစ်    တက်ရောက်ခဲ့ပြီး  စက်ရုံအလုပ်ရုံများကို လေ့လာခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ဆိုက်ဘေးရီးယားဒေသ နိုဘိုဆီဘရက်မြို့တော်ကို သွားရောက်ပြီး Higher Military Command School နှင့် Russian Academy of Science (Siberian Branch)ကို သွားရောက်လေ့လာခဲ့ပါကြောင်း။


အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် တာဝန်ရှိ သူများအနေဖြင့်လည်း      သက်ဆိုင်ရာအလိုက် စိန့်ပီတာစဘတ်မြို့၌  ကျင်းပသည့်   နိုင်ငံတကာ ရေကြောင်းဆိုင်ရာကာကွယ်ရေးပြပွဲ (International Maritime Defence Show - IMDS-2021) ကို တက်ရောက်ခြင်း၊ မော်စကိုမြို့တော်ဝန်နှင့် တွေ့ဆုံ ပြီး   မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးခြင်း၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ပြည်ပဆက်ဆံရေးကော်မတီတို့နှင့် တွေ့ဆုံ ခြင်း၊   တက္ကသိုလ်များကို  သွားရောက်လေ့လာ တွေ့ဆုံခြင်း စသည်တို့ကို သီးခြားစီဆောင်ရွက်ခဲ့ပါ ကြောင်း။


COVID-19 ရောဂါ  စမ်းသပ်စစ်ဆေးသည့် စက်များ တစ်ပါတည်း ဝယ်ယူသယ်ဆောင်လာခဲ့ပြီး ကာကွယ်ဆေးများကိုလည်း     ဝယ်ယူနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၌ ကာကွယ်ဆေး ထုတ်လုပ်ရန်လည်း အခြေခံသဘောတူညီချက်ရရှိခဲ့ပါကြောင်း၊ ခရီးစဉ်အနေနှင့် မျှော်မှန်းထားသည် ထက်  ပိုပြီးအောင်မြင်သည့်  ခရီးစဉ်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည် နားလည်မှုများ ပိုမိုတိုးတက်ခဲ့သည့် ခရီးစဉ်တစ်ခု ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာမြောက် နီးကပ်စွာဆက်ဆံရေးမှသည် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမိုတိုးတက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ပညာ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊   ရေနံ/သဘာဝ ဓာတ်ငွေ့နှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုများကို လက်တွေ့ကျကျ ဆောင်ရွက် နိုင်ရန် အခြေခံသဘောတူညီချက်များရရှိခဲ့သည့် ခရီးစဉ်ဖြစ်သည်ဟု  ပြောလိုပါကြောင်း ပြောကြား သည်။


ဒုတိယအချက်အနေနှင့်   COVID-19  ရောဂါ ဆိုင်ရာ ကိစ္စရပ်များကို ပြောလိုပါကြောင်း၊ မျိုးရိုး ဗီဇပြောင်းလဲလာသည့် COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုသည် မိမိတို့နိုင်ငံ၌ မေလနှောင်းပိုင်း၊ ဇွန်လခန့် ကတည်းက   ပိုမိုများပြားလာခဲ့ကြောင်း၊ ဇွန်လ အတွင်း ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁၁၂၉၁၃ ဦး ပြုလုပ် သည့်အခါ ပိုးတွေ့ရှိမှုအနေနှင့် ၁၃၆၄၈ ဦး၊ ၁၂ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် ဓာတ်ခွဲနမူနာ ၁၀၁၁၇  ဦးကို ဓာတ်ခွဲ စစ်ဆေးရာ အတည်ပြုလူနာသစ် ၃၄၆၁ ဦး တွေ့ရှိရ ကြောင်း၊ မိမိတို့နိုင်ငံ၌ COVID-19 စတင်တွေ့ရှိခဲ့ သည့် ၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့အထိ    ဓာတ်ခွဲနမူနာ   စုစုပေါင်း ၂၈၆၆၈၁၄     (နှစ်ဆယ့်ရှစ်သိန်း ခြောက်သောင်း ခြောက်ထောင် ရှစ်ရာ တစ်ဆယ့်လေး) ခုကို စစ်ဆေး ခဲ့ရာ အတည်ပြုလူနာ ၁၉၂၂၁၃ ဦး ရှိပြီဖြစ်ကြောင်း၊ ထိုအထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၆၃၅၈ ဦးဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၃၈၃၈ ဦးရှိခဲ့ပါကြောင်း။


COVID-19 နှင့်ပတ်သက်၍ မှတ်တမ်းများကို ပြန်ကြည့်လျှင် COVID-19 ပထမလှိုင်းသည် ၂၀၂၀ ပြည့်နှစ်   မတ်လမှ ဩဂုတ်လခန့်အထိ ဖြစ်ခဲ့ပါ ကြောင်း၊    ယင်းကာလအတွင်း  ရောဂါတွေ့ရှိမှု အများဆုံးမှာ ဧပြီလဖြစ်ပြီး တွေ့ရှိမှု ၂ ရာခိုင်နှုန်းခန့် အထိရှိခဲ့ပါကြောင်း၊ ယင်းနောက်ပိုင်း ရောဂါတွေ့ရှိမှု ကျဆင်းသွားပါကြောင်း၊ ဒုတိယလှိုင်းတွင် ဖြစ်ပွားမှု အများဆုံးလမှာ   စက်တင်ဘာလဖြစ်ပြီး  ပိုးတွေ့ ရာခိုင်နှုန်း  ၉ ဒသမ ၆  ရာခိုင်နှုန်းနှင့်    သေဆုံးမှု ၃ ဒသမ ၂ ရာခိုင်နှုန်း   ဖြစ်ခဲ့ပါကြောင်း၊  သေဆုံးမှု အများဆုံးကာလမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဖြစ် ပြီး သေဆုံးသူ ၁၀၅၃ ဦး ရှိခဲ့ပါကြောင်း၊ တတိယလှိုင်း သည် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက် မေလကုန်ပိုင်းမှ စတင်ပြီး   ယနေ့အထိ   ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ သေဆုံးမှုနှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်းခန့်ဖြစ်ပါကြောင်း၊ ထို့ကြောင့်   ဒုတိယလှိုင်းဖြစ်ပေါ်သည့်အချိန်တွင် သေဆုံးမှုအများဆုံးသည် နိုဝင်ဘာလလောက်တွင် ဖြစ်ခဲ့ပြီး     ဒုတိယလှိုင်းသည်    စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ စသည့် အချိန်များတွင် အဖြစ်များကြောင်း၊  ယခုစပြီး  တတိယလှိုင်းနှင့် ပတ်သက်လာလျှင် ဂရုစိုက်ရမည်ဖြစ်ကြောင်း။


ဆေးပညာအရ သုံးသပ်ခြင်းထက် တွေ့ရှိချက် အရသုံးသပ်ချက်ကိုပြောရလျှင် ပူပြင်းခြောက်သွေ့ သည့်  ရာသီဥတုတွင်  ရောဂါဖြစ်ပွားမှုနှုန်းကျပြီး စိုစွတ်သည့်ရာသီဥတုတွင်   ရောဂါဖြစ်ပွားမှုနှုန်း ပိုတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဖြစ်ပွားနေသည့်   အချိန်သည်လည်း   ယခင်နှစ်၌ ဖြစ်ပွားခဲ့သည့်အချိန်တွင် ပြန်လည်ဖြစ်ပွားသည်ကို တွေ့ရကြောင်း၊ ထို့အပြင် စိတ်ချရသည့် ရာသီဥတု အနေအထားမျိုးမရှိသေးကြောင်း တွေ့ရသည့်အတွက် COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက   ထုတ်ပြန်ထားသည့် စည်းကမ်းချက် များကို တိကျစွာလိုက်နာရန် မေတ္တာရပ်ခံလိုပါကြောင်း၊ သေဆုံးမှုများပြားခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း  မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲမဲဆွယ်မှုများ ပြုလုပ်ခဲ့သည့်ကာလ၊ ရွေးကောက်ပွဲကာလများဖြစ်ပါ ကြောင်း၊                          

 

o စာမျက်နှာ ၁၆ မှ
လူစုလူဝေးပြုလုပ်ခဲ့ခြင်းများလည်း ရှိပါကြောင်း၊ ထို့ပြင် COVID-19 ရောဂါထက် ရွေးကောက်ပွဲက အရေးကြီးတယ်ဆိုသည့် ပြောစကားများရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၁ ခုနှစ် မေလနှောင်းပိုင်းနှင့် ဇွန်လတွင် ရောဂါပိုးတွေ့ရှိမှု ၁၂ ဒသမ ၁ ရာခိုင်နှုန်း၊ ယခုလ လဆန်းပိုင်းတွင် ၂၃ ရာခိုင်နှုန်းခန့်အထိ တက်လာသည်ကို  တွေ့ရှိရပါကြောင်း၊  သေဆုံးမှု အနေဖြင့် ဇွန်လတွင် ၁၁၈ ဦးရှိပါကြောင်း၊ COVID-19 တတိယလှိုင်းနှင့်     ပတ်သက်ပြီး      အထူးဂရုပြု ကာကွယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ကြိုးကြိုးစားစားလုပ်ခဲ့ရ 
COVID-19 နှင့်ပတ်သက်ပြီး    COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ခြင်းသည် ရောဂါဖြစ်ပွားမှုနှင့် ပျံ့နှံ့မှုကို ကာကွယ်ရန် အဓိက ကျသည့်လုပ်ငန်းဖြစ်သကဲ့သို့ COVID-19 ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းသည်လည်း အခြေခံကျသည့် အကြောင်းရင်းဖြစ်ပါကြောင်း၊ COVID-19 ကာကွယ် ဆေးကို အိန္ဒိယမှ သန်း ၃၀ မှာယူထားသည့်အထဲမှ နှစ်သန်းရောက်ရှိခဲ့ပြီး   လူဦးရေ ၁ ဒသမ ၇ သန်း (တစ်သန်းခုနစ်သိန်း ခုနစ်သောင်းကျော်)ကို ထိုးနှံ ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်း များကို    ကြိုးကြိုးစားစား  လုပ်ခဲ့ရပါကြောင်း၊ ဖေဖော်ဝါရီလက ကာကွယ်ဆေးထိုးရန် လုပ်သည့် အချိန်တွင် CDM လုပ်သည့် ကျန်းမာရေးဝန်ထမ်းအချို့ ကြောင့်    လုပ်ငန်းများ နှောင့်နှေးခဲ့ရမှုများရှိပါ ကြောင်း၊    သို့သော်   တာဝန်သိစွာ၊   သစ္စာရှိစွာ ထမ်းဆောင်နေသည့်    ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးဝန်ထမ်း   ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများနှင့်ပေါင်း၍ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တော်တော်လေး ဖြန့်ခွဲ ဆောင်ရွက်ရပါကြောင်း၊ ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းများတွင် ကာကွယ်ဆေးမထိုးနိုင်အောင်၊ ကာကွယ်ဆေးက စိတ်မချရဘူးဆိုကာ ပြည်သူလူထု ထင်မြင်အောင်     စိတ်ရူးပေါက်လုပ်ဆောင်မှုများ၊ လှုံ့ဆော်မှုများ တွေ့ခဲ့ရကြောင်း၊ ကာကွယ်ဆေးများ ကို အအေးမပေးနိုင်အောင် သိုလှောင်ရုံကို လျှပ်စစ်မီး ဖြတ်တောက်ထားခဲ့သည်ဆိုသော လှုံ့ဆော်မှုမျိုးများ လုပ်ခဲ့သည်ကိုလည်း တွေ့ရပါကြောင်း၊ ထိုသို့လုပ်ခဲ့ သည်မှာလည်း    ကျန်းမာရေးဝန်ထမ်းတစ်ဦးပင် ဖြစ်ကြောင်း၊    မည်သူတွေ  လုပ်ခဲ့သည်ဆိုသည့် သက်သေအထောက်အထား   ပြည့်ပြည့်စုံစုံရှိပါ ကြောင်း၊ သို့သော် ကာကွယ်ဆေးထိုးလုပ်ငန်းများကို တာဝန်သိ ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တို့       ပူးပေါင်းပြီး   အများစု အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
၆၉ ရာခိုင်နှုန်းအထိ ကာကွယ်
သုတေသနပြုချက်များအရ ကာကွယ်ဆေးထိုး ပြီးသူများသည်လည်း COVID ထပ်ဖြစ်နိုင်သော်လည်း  ယခုကြုံတွေ့နေရသည့် Delta ဗီဇပြောင်း COVID-19 ရောဂါပိုးကို ၆၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင် ကြောင်းနှင့် ရောဂါထပ်ဖြစ်ခဲ့လျှင်ပင် သေဆုံးနိုင်ခြေ ရှိသည်အထိ ပြင်းထန်သည့်ရောဂါကူးစက်မှုကို ၉၃ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်ကို တွေ့ရှိရပါ ကြောင်း၊  ထို့ပြင် ကာကွယ်ဆေးထိုး ပြီးသူများသည် Herd Immunity ရပြီးဖြစ်၍ ရောဂါပိုးကို ထပ်မံ ကူးစက်ပြန့်ပွားနိုင်ခြေ       နည်းမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်ပြီး မိတ်ဆွေနိုင်ငံများဖြစ်သော တရုတ်နိုင်ငံက ကာကွယ် ဆေးနှင့် ရုရှားနိုင်ငံက ကာကွယ်ဆေးများ မကြာမီ ရက်သတ္တပတ်အတွင်း ရောက်လာရန်ရှိပါကြောင်း၊ အစောဆုံးအနေဖြင့် တရုတ်နိုင်ငံက ကာကွယ်ဆေး ရောက်လာမည်ဖြစ်ကြောင်း၊    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်၌ COVID-19 ရောဂါ ကာကွယ်ဆေးများ ထပ်မံရရှိခဲ့ပြီး  မြန်မာနိုင်ငံ၌ တစ်နှစ်ကို  အနည်းဆုံးငါးသန်းခန့်  ထုတ်လုပ်ရန် အတွက် အခြေခံသဘောတူညီချက်လည်း ရရှိခဲ့ပါ ကြောင်း၊ ဆေးများနှင့်ပတ်သက်ပြီး အချို့မီဒီယာများ တွင် ပညာရှင်ဟု ပြောနေသူများကိုယ်တိုင် ဝေဖန်နေ သည်ကိုလည်း    တွေ့ရပါကြောင်း၊ ယင်းတို့ကို ပြည်သူလူထု နားမယောင်ဖို့လိုကြောင်း၊ ကာကွယ် ဆေးများ ထပ်ရောက်လာမည့်အချိန်တွင် ကာကွယ် ဆေးထိုးနှံရေး   ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရာတွင်လည်း အားလုံး   တက်တက်ကြွကြွ   ပူးပေါင်းပါဝင်ရန် ပြောလိုပါကြောင်း။
လေလှိုင်းပေါ်မှတစ်ဆင့်  မမှန်မကန်များကို ကျင့်ဝတ်နှင့်မညီ ပြောဆိုနေသကဲ့သို့ ကျင့်ဝတ်မညီ သည့် မီဒီယာများနှင့်ပေါင်းပြီး လူသတ်နေခြင်းပင် ဖြစ်ပါကြောင်း၊    မည်သို့ပင်ဖြစ်စေ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအစီအစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရန်   လုပ်ဆောင်နေပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ၊    ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊   ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည်     ညှိနှိုင်း ဆွေးနွေးမှုများ၊ တွေ့ဆုံမှုများ  ပြုလုပ်လျက်ရှိပြီး လက်တွေ့ကျသည့်ဆောင်ရွက်မှုများကို တစ်ပါတည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ယခုလ ၉ ရက်နေ့က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထူးအစည်း အဝေးကို ပြုလုပ်ခဲ့ပါကြောင်း၊ ယနေ့တွင်လည်း ဖြစ်ပေါ် နေသည့်အခြေအနေများအပေါ် မူတည်ပြီး COVID-19 နှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်နိုင်ရန်  အစည်း အဝေးကို နံနက် ၁၀ နာရီတွင် ပြုလုပ်နေပါကြောင်း။
မိတ်ဆွေနိုင်ငံများနှင့် ချိတ်ဆက်
ယင်းအစည်းအဝေးတွင်   လက်တွေ့ကျကျ ဆွေးနွေးခဲ့ပြီး အဓိကအသိပေးလိုသည့် အချက်များ မှာ နံပါတ်(၁)အနေဖြင့် COVID-19 နှင့်ပတ်သက်ပြီး ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများကို တိတိကျကျလိုက်နာရန် လိုအပ်ပါ ကြောင်း၊   ရုပ်သံ၊  သတင်းမီဒီယာများကလည်း မကြာခဏထုတ်လွှင့်အသိပေး၊ ပညာပေးလျက်ရှိပါ ကြောင်း၊ COVID-19  ရောဂါကို အဆက်ဖြတ်နိုင်ရန် အတွက် ယခုစည်းကမ်းချက်များသည် အဓိကကျ သည်ဟု  မေတ္တာရပ်ခံလိုပါကြောင်း၊   နံပါတ်(၂)အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည်လည်း  အရေးပါသည့်လုပ်ငန်းဖြစ်၍ ကာကွယ်ဆေးများရရှိရန်အတွက် မိတ်ဆွေနိုင်ငံ များနှင့်  ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြစ်ပေါ်လာမည့်ကိစ္စများမှာ  နံပါတ် (၁) အနေဖြင့် တရုတ်နိုင်ငံက ကာကွယ်ဆေးများ မကြာမီရက်ပိုင်း အတွင်း ရောက်ရှိလာမည်ဖြစ်ကြောင်း၊ နံပါတ် (၂) အနေဖြင့်  ရုရှားနိုင်ငံက   ကာကွယ်ဆေး နှစ်သန်း အသုတ်လိုက်ခွဲပြီး   ရောက်လာမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေနှင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန်   အစီအစဉ်များ ဆက်ဖြစ်လာမည်ဖြစ်ကြောင်း၊ နံပါတ်(၃) အနေဖြင့် အိန္ဒိယနိုင်ငံက သဘောတူထားသည့် ကာကွယ်ဆေး များ ရောက်ရှိရန် ဆက်လက်စီစဉ်ဆောင်ရွက်နေပါ ကြောင်း၊   COVID-19 ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး အသက် ၁၈ နှစ်အထက်ကိုသာ ထိုးနှံ ရန်    မူလက  စီစဉ်ထားသော်လည်း ယခု ၁၈ နှစ် အောက်ကိုလည်း ထိုးနှံနိုင်ရေး စီစဉ်မည်ဖြစ်ကြောင်း၊ နံပါတ်(၄)အနေဖြင့် အချို့ကျန်းမာရေးဝန်ထမ်းများ ကြောင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများတွင် လစ်ဟင်းနေခြင်းကို စေတနာ့ဝန်ထမ်း(Volunteer)စနစ်၊    လူမှုအဖွဲ့အစည်းများနှင့်  အမြန်ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း။


နံပါတ်(၅)အနေဖြင့် Oxygen လိုအပ်ချက်နှင့် ပတ်သက်ပြီး   Oxygen Plant များ  စွမ်းအား ပြည့်လည်ပတ်နိုင်ရန်၊    Liquid Oxygen များ ဖြည့်တင်းနိုင်ရန်အတွက်  အားလုံးနှင့်  ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နံပါတ်(၆)အနေဖြင့် ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာအလိုက် ထားရှိနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များကိုပါ အားဖြည့်ပြင်ဆင်ခိုင်းထား ပါကြောင်း၊ အရေးပေါ်လူနာများ ရွှေ့ထုတ်နိုင်ရန်၊ ပစ္စည်းများ၊ ဆေးဝါးများ အချိန်မီပို့ဆောင်နိုင်ရန် အတွက်လည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ် များကို အသုံးပြုပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ နံပါတ်(၇) အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ဘဏ္ဍာငွေသုံးစွဲရာတွင် မည်သည့် ကန့်သတ်ချက်မှ ကန့်သတ်ထားခြင်းမရှိဘဲ   ထိထိရောက်ရောက်၊ မှန်မှန်ကန်ကန်နှင့်    မြန်မြန်ဆန်ဆန်  အသုံးချ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  နံပါတ်(၈)အနေ ဖြင့် အရေးအကြီးဆုံးအချက်မှာ မိမိတို့မြန်မာပြည်သူ လူထုသည် လူမှုရေးစိတ်ရှိပြီး ဖြစ်ပါကြောင်း၊  ယခု အချိန်တွင်  အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ခံယူပြီး အားလုံး ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။


မေတ္တာရပ်ခံခေါ်ယူ


ဇူလိုင်လ ၉ ရက်  အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊     တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားမှုကို ပြသလိုပါ ကြောင်း၊ အချို့မီဒီယာများအနေဖြင့် ပြောနေခြင်းများ ရှိကြောင်း၊ ကန်ထရိုက်စနစ်ဖြင့် လုပ်သည့်ကိစ္စတွင် ပညာရှင်ကို တန်ဖိုးမထားဘူး စသဖြင့် ပြောနေခြင်း များရှိကြောင်း၊    ယခု ပြောသွားသည့်အထဲတွင် လည်းပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအထဲတွင် လည်း အငြိမ်းစားယူသွားသည့် ဝန်ထမ်းများရှိ ကြောင်း၊ ကျန်းမာရေးသင်တန်းများ တက်ရောက်ပြီး ကျန်သည့်အလုပ်များ   လုပ်နေသည်များလည်းရှိ ကြောင်း၊ ထို့အတူ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ တွင်လည်း အနားယူသွားပြီး အခြားလုပ်ငန်းများ လုပ်နေခြင်းလည်းရှိကြောင်း၊ ယင်းတို့ကို volunteer အနေဖြင့် မေတ္တာရပ်ခံခေါ်ယူပြီး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယင်းတို့ကို တာဝန်ချိန်ကာလ အတွင်း ခံစားခွင့်များ၊ လစာစရိတ်များ ပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု   ပြောလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနှင့် ယခုဖြစ်ပေါ်နေသည့် COVID-19 ရောဂါ တတိယလှိုင်း ကို အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ် ခံယူပြီး အစိုးရ၊  ပြည်သူနှင့်  တပ်မတော်တို့ပူးပေါင်းကာ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အရှိန်အဟုန် ဖြင့်   လက်တွေ့ကျကျ  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အခက်အခဲများရှိကြောင်း၊ ပြည်သူလူထု အနေဖြင့်လည်း ခက်ခဲနေသည့် ကိစ္စများရှိသည်ကို သိရှိပါကြောင်း၊ ပြည်သူလူထုနှင့် လူမှုအဖွဲ့အစည်း များကလည်း   ပူးပေါင်းပါဝင်   ဆောင်ရွက်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


တတိယအချက်အနေဖြင့် ပညာရေးဆိုင်ရာဆောင်ရွက်ချက်များကို   ပြောလိုပါကြောင်း၊ မိမိတို့ နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ် အထက်  လူဦးရေထဲတွင် ၈ ဒသမ ၁ ရာခိုင်နှုန်း   (လူ လေးသန်းနီးပါး)သည်  လုံးဝ ကျောင်းမနေဖူးသည်ကို တွေ့ရပါကြောင်း၊ အရွယ် ရောက်ပြီး အသက် ၂၅ နှစ်နှင့်အထက်   လုံးဝ ကျောင်းမ‌နေဖူးသူ ၉၆၀,၀၀၀  ခန့်ရှိပြီး  မူလတန်း နှင့် မူကြိုအဆင့်ရှိသူ ၁၁ ဒသမ ၈ သန်း ရှိပါကြောင်း၊ ထို့ကြောင့် မူလတန်းအဆင့်နှင့်အောက် ပညာအရည် အချင်းရှိသူ ၁၂ ဒသမ ၇၉ သန်းရှိသည်ကိုတွေ့ရပါ ကြောင်း၊ အလယ်တန်းပညာအဆင့်သာရှိသူ လူဦးရေ ငါးသန်းခြောက်သိန်းခန့်ရှိ၍ ထိုသုံးခုကိုပေါင်းကြည့် လျှင် အသက် ၂၅ နှစ်နှင့်အထက်ရှိသူများမှာ အလယ် တန်းအဆင့်နှင့်အောက်   ပညာအရည်အချင်းရှိသူ စုစုပေါင်း ၁၈ သန်းခန့်ရှိသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံလူဦးရေ၏  သုံးပုံ တစ်ပုံခန့်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရအနေဖြင့်   ပညာရည်မြှင့်တင်ရေးလုပ်ငန်းများ ကို အလေးထားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။


COVID-19 ရောဂါ အခြေအနေကြောင့် နှစ်ချီ ပိတ်ထားရသည့် ကျောင်းများကို ပြန်လည်ဖွင့်လှစ် ခဲ့ပါကြောင်း၊ ကျောင်းပေါင်း ၄၂,၀၈၀ (၈၈ ဒသမ ၁၁ ရာခိုင်နှုန်း) ဖွင့်လှစ်ခဲ့ပြီး ဆရာ ဆရာမ ဦးရေ ၂၇၁,၀၇၂ ဦးနှင့်   ကျောင်းသား ကျောင်းသူဦးရေ ၄,၆၉၁,၆၇၈   ( လေးသန်း ခြောက်သိန်း ကိုးသောင်း တစ်ထောင်ခြောက်ရာခုနစ်ဆယ့်ရှစ်)        ဦး တက်ရောက်ခဲ့ပါကြောင်း၊  လက်ရှိတွင် COVID-19 ရောဂါအခြေအနေကြောင့် ကျောင်းများကို နှစ်ပတ် ပိတ်ထားပါကြောင်း၊ ပညာရေးမြှင်တင်မှုဆောင်ရွက် သည့်နေရာတွင် အဓိကပြောလိုသည်မှာ ဆရာ ဆရာ မများ၏ အခန်းကဏ္ဍသည် အရေးပါသည့်အတွက် ဆရာ ဆရာမများကို ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ် ရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊    ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ    ၂၀၂၂  ခုနှစ် မတ်လအထိ ခြောက်လ ဘတ်ဂျက်တွင်   ပညာရေးဝန်ထမ်းများ အတွက် ချီးမြှင့်ထောက်ပံ့ငွေကို သာမန်အသုံးစရိတ်မှ နိုင်ငံတော်အစိုးရက    ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ သင်ကြားရေး ဆရာ ဆရာမများကို ဘွဲ့အလိုက် ချီးမြှင့်ငွေ ၉၆၉ ဒသမ ၃၆ သန်းနှင့် အခြေခံပညာ ဦးစီးဌာန  သင်ကြားရေးဝန်ထမ်းများကို  ဘွဲ့လွန် ဒီပလိုမာ၊ မဟာဘွဲ့ရ၊ မဟာသုတေသန၊ ပါရဂူဘွဲ့ အလိုက်ချီးမြှင့်ငွေ ၂၉၅၄ ဒသမ ၈၅ သန်းကို ခွင့်ပြု ထားပြီးဖြစ်ပါကြောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ပါရဂူဘွဲ့ရ သင်ကြားရေးဆရာ ဆရာမ များကို  ထောက်ပံ့ကြေး ၇၃ ဒသမ ၃၃၈ သန်းနှင့် အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန ဘွဲ့လွန် ဒီပလိုမာ၊ မဟာဘွဲ့ရ၊ မဟာသုတေသန၊ ပါရဂူဘွဲ့များ အတွက် ချီးမြှင့်ငွေ ၄၃၆ ဒသမ ၆၅ သန်း ချီးမြှင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းကို   သတင်း ကောင်းပါးလိုပါကြောင်း ပြောကြားသည်။


အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်


ဆက်လက်ပြီး ယနေ့ဖြစ်ပေါ်နေသည့် NUG၊ CRPH စသည့်   အကြမ်းဖက်အဖွဲ့အစည်းများနှင့် NLD နှင့် NLD ထောက်ခံသူအစွန်းရောက်အချို့၏ စီစဉ်ညွှန်ကြားမှုဖြင့် အားပေးအားမြှောက်ပြုလုပ်ခဲ့မှု များကြောင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ များ၊ နိုင်ငံတော်ကို လက်နက်ကိုင်အကြမ်းဖက်မှု ကျူးလွန်စေရန် အကြမ်းဖက်သင်တန်း စီစဉ်ခဲ့သူများ၊   လက်နက်ခဲယမ်း  ထောက်ပံ့ပေးခြင်းများ ဆောင်ရွက် ခဲ့သူများ၏ ပြောကြားချက်များကို Videos File ဖြင့် ပြသသွားမည်ဖြစ်ပါကြောင်း၊ ပထမဦးစွာ မန္တလေး တွင်   ဖမ်းမိခဲ့သည့် PDF မန္တလေး ပြန်ကြားရေး ခေါင်းဆောင်   ဝေယံလင်း(ခေါ်) ထွန်းတောက်နိုင်၏    ပြောဆိုချက်ကို ပြသမည်ဖြစ်ပါကြောင်း၊ ထွန်းတောက် နိုင်ကို အားလုံးသိမည်ဖြစ်ပါကြောင်း၊ အချို့မီဒီယာ များတွင် မန္တလေး၌ ဖောက်ခွဲမှု၊ အကြမ်းဖက်မှုဖြစ်နေ သည့်အချိန်တွင်            

o စာမျက်နှာ ၁၇ မှ
မီဒီယာများ ခဏခဏတွေ့ရသည့်သူဖြစ်ပါကြောင်း၊ ၎င်းကို  ဇွန် ၂၃ ရက်က  သပိတ်ကျင်းမြို့နယ်တွင် လက်နက်များနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖမ်းမိခဲ့သည့် လက်နက်များအနေဖြင့် လက်နက်မျိုးစုံ ၁၁၄ လက်၊ ကျည်တစ်သောင်းခန့်၊ လက်ပစ်ဗုံး ၄၉၉ လုံး၊ ၄၀ မမ ဗုံးသီး ၁၄၇၃ လုံးနှင့်  အခြားဆက်စပ် ပစ္စည်းများနှင့်အတူ    ဖမ်းမိခဲ့ခြင်းဖြစ်ပါကြောင်း၊  အန္တရာယ်ကြီးမားသည့်ပမာဏ   ဖြစ်ပါကြောင်း၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ကမြို့များ ပျက်စီးဆုံးရှုံး မှု၊ ပြည်သူလူထုကို ကြီးမားသည့် ထိခိုက်နစ်နာမှု ဖြစ်စေသည့် ပမာဏဖြစ်ပါကြောင်း၊  အဆိုပါကိစ္စများ ကို  ဘယ်လိုလုပ်ခဲ့ကြောင်း၊  ဘယ်သူများ အားပေး အားမြှောက်  လုပ်ခဲ့သည်ဆိုသည်များကို  တွေ့ရမည် ဖြစ်ပါကြောင်း   ပြောကြားပြီး  ထွန်းတောက်နိုင် ပြောကြားထားသည့် Video ကို ပြသသည်။
ဆက်လက်၍ ဒုတိယအနေဖြင့် ထွန်းတောက် နိုင်နှင့်အတူ ဖမ်းမိခဲ့သည့် မန္တလေး PDF မှ ဒုတိယ ခေါင်းဆောင် မိုးတိမ်(ခေါ်) ရန်လင်းအောင်၏ ပြောဆို ချက်ကို ပြသမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို အားပေး အားမြှောက်လုပ်ခဲ့သည့်     EAOs  အဖွဲ့တစ်ခု၏ နောက်ကွယ်က အကြံအစည်နှင့် ရည်ရွယ်ချက်များ ကို    တွေ့ရမည်ဖြစ်ပါကြောင်း    ပြောကြားကာ   မိုးတိမ် (ခေါ်) ရန်လင်းအောင်၏  Videos File ပြသ သည်။
ယခု Videos File တွင် လျှပ်စစ်နှင့်ပတ်သက် သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ရုံးများ တွင်  မီတာမဆောင်လိုခြင်းကြောင့်ဖြစ်ကြောင်း၊ သာမန်ပြည်သူလူထုကို      ပြောလိုခြင်းမဟုတ်ပါ ကြောင်း၊ အချို့သည်  ပွဲလန့်တုန်းဖျာခင်းခြင်းဖြစ်ပါ ကြောင်း၊ မန္တလေးစက်မှုဇုန်ရှိသူများက PDF အဖွဲ့ဝင် များကို စည်းရုံးပြီး ၎င်းတို့၏ မီတာခမဆောင်လိုခြင်း ကြောင့် မီတာခပေးဆောင်ရန် ငွေကျပ်သိန်း ၆၀၀ ခန့်ရှိကြောင်း၊ မီတာခမဆောင်လိုခြင်းကြောင့် မည်မျှ ပေးမည်  စာရွက်စာတမ်း  ဖျက်ဆီးပေးဆိုသည့် အသုံးချမှုများရှိနေသည်ကို      တွေ့ရမည်ဖြစ်ပါ ကြောင်း၊ မိမိထပ်ပြောလိုသည်မှာ အချို့တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများသည် မြို့ကြီး များတွင် တိုက်ပွဲများဖြစ်အောင်၊ မငြိမ်မသက်မှုဖြစ် အောင် ဖန်တီးပြီး   ၎င်းတို့နယ်မြေတွင်  လွှမ်းမိုးမှု ရအောင်ယူရန် လုပ်ဆောင်မှုများရှိပါကြောင်း၊ မဖြစ် နိုင်သည်ကို ထောက်ပံ့ပေးခိုင်းပြီး နောက်ကွယ်က ကြံရွယ်ချက်များရှိကြောင်း၊  အချို့လမ်းမှားရောက် နေသည့်လူငယ်များသည်  နောက်ကွယ်က အကြံ အစည်များကို သိရှိနိုင်ရန်အတွက် ယခုလို ပြသပေး ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
တတိယအနေဖြင့် ၁၉၈၈ ခုနှစ်ကတည်းက တောခိုခဲ့ပြီး EAOs နယ်မြေတစ်ခုတွင် လူငယ်များကို သင်တန်းပေးခဲ့သည့် ABSDF အဖွဲ့၊ စစ်ကော်မရှင် အတွင်းရေးမှူးဟောင်း၊ လက်ရှိ UNRA အဖွဲ့(Union of National Recistence Army) စစ်ဦးစီးချုပ် ခင်ကျော်၏  ပြောဆိုချက်များကို   ပြသမည်ဖြစ် ကြောင်း၊   ၎င်းနှင့် ဆက်စပ်ခဲ့သူများသည် ယခု ပါဝါပွိုင့်တွင် ပြထားသည့်    ဇယားအတိုင်းဖြစ်ပါ ကြောင်း၊  ၎င်းတို့ကို မတ် ၅ ရက်က ဖမ်းဆီးရမိခဲ့ပြီး ယခင်ကတည်းက ဖမ်းဆီးရမိခဲ့သည့် MMA ဖိုးသော် အဖွဲ့၊ မေ ၁၃ ရက်က  ဖမ်းဆီးရမိခဲ့သည့် NLD မှ သိန်းနိုင်အဖွဲ့၊ ညီညီနှင့်အဖွဲ့စသည့် အဖွဲ့ ၂၁ ဖွဲ့နှင့် ဆက်စပ်သူဖြစ်ပါကြောင်း၊ ၎င်းတို့ကို သင်တန်းပေး ခဲ့သူများဖြစ်ပါကြောင်း၊ ဆက်စပ်မှုများကို Board တွင်ပြထားပါကြောင်း ပြောကြားပြီး ခင်ကျော်၏ Video File ကို ပြသသည်။ ABSDF အဖွဲ့၊ စစ်ကော်မရှင် အတွင်းရေးမှူးဟောင်း၊ လက်ရှိ UNRA စစ်ဦးစီးချုပ် ဟောင်း၏ ပြောကြားချက်ဖြစ်ပါကြောင်း၊ ၎င်းသည် ရန်ကုန်နှင့်   အောက်ပိုင်းတွင်ရှိသည့် GZ များကို စစ်သင်တန်းပေးခဲ့သူဖြစ်ပါကြောင်း၊    ၎င်းတို့၏ အတွေ့အကြုံအရဆိုလျှင် ၁၉၈၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ နှစ်ပေါင်း ၃၃ နှစ်တိုင် တည်ဆဲအစိုးရများကို ဆန့်ကျင်ပြီး  တောထဲတွင်  လက်တွေ့လုပ်ခဲ့သည့် လူတစ်ဦးဖြစ်ပါကြောင်း ပြောကြားသည်။


စတုတ္ထအနေဖြင့် ၁၉၈၈ ခုနှစ်ခန့်ကတည်းက တောခိုခဲ့သည့် UNRA အဖွဲ့က ပြည်ပဆက်ဆံရေး တာဝန်ခံ ကိုကိုနိုင်(ခေါ်) ဒေါန၏ ပြောကြားချက်ကို ပြမည်ဖြစ်ကြောင်း၊   ၎င်းသည်   အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပါကြောင်း၊  NUG အဖွဲ့၏ ကာကွယ်ရေးဝန်ကြီးဟု နာမည်ခံထားသူ NLD လွှတ်တော်အမတ်ဟောင်း ရည်မွန်၏အကြောင်း၊ အကြမ်းဖက်လုပ်ရပ်များနှင့်  ဆက်စပ်မှု၊  လက်ရှိ ဖြစ်နေသည့်   ဖြစ်ရပ်မှန်များ၊  ငွေရေးကြေးရေး အရှုပ်အထွေးများကို   တွေ့ရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ကိုကိုနိုင်(ခေါ်) ဒေါန၏ Video File ကိုပြသသည်။ ၎င်းသည် ABSDF စတင်တည်ထောင်က တည်းက  ပါဝင်ခဲ့သူဖြစ်ပါကြောင်း၊ ၎င်းပြောသွား သည့်အထဲတွင်  သစ်ခုတ်သမား၊  ပန်းပုထုသမား ဆိုသည်များသည် ၎င်းတို့၏ စိတ်ထဲတွင် မည်သည့် အချိန်ကတည်းကတိုင် စတင်သုံးစွဲပြီး မှတ်မှတ် သားသားရှိနေသည်ကို မသိနိုင်ပါကြောင်း၊ ၎င်းတို့၏ ပြောကြားချက်အရ ထောက်ပံ့မှု ဒေါ်လာ ၉ သန်း ရရှိထားသည်ဟု   သိရပါကြောင်း၊  ကာကွယ်ရေး ဝန်ကြီးဟု အမည်ခံထားသည့် ရည်မွန်၏အကြောင်း ပြချက်သည်   ၄ သန်းကို   CDM သမားများကို ထောက်ပံ့ပြီး  ၅ သန်းရရှိရန်ရှိကြောင်း၊ GZ များ၊ တောတွင်းရောက်နေသူများအနေဖြင့် ဘာမျှမရရှိ သည်ကို လက်တွေ့မြင်တွေ့သူများ၏ ပြောကြား ချက်များဖြစ်ပါကြောင်း၊ ဒေါ်လာ ၄ သန်းကို CDM သမားများမည်မျှရသည်ကို တွက်ကြည့်လျှင် ငွေရေး ကြေးရေး  အရှုပ်အရှင်းရှိနေသည်ကို   သိနိုင်ပါ ကြောင်း ပြောကြားသည်။


နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ ယခု ပြသခဲ့ခြင်းများသည်    CRPH၊  NUG  စသည့် အကြမ်းဖက်အဖွဲ့များ၊  NLD နှင့် NLD အစွန်းရောက် များ၊ ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုများကြောင့် ယနေ့ပြခဲ့သည့်အထဲတွင်   အောက်ကလုပ်နေသူ တစ်ဦးမှ မပါပါကြောင်း၊ မန္တလေးတွင် မန္တလေး PDF ခေါင်းဆောင် ၊ မီဒီယာအများစု ဆက်သွယ်နေသည့် မန္တလေး PDF ခေါင်းဆောင် ထွန်းတောက်နိုင် ဖိုင်ကို ပြသခဲ့ခြင်းဖြစ်ပါကြောင်း၊     ရန်ကုန်ဘက်တွင် ရန်ကုန်နှင့် အောက်ဘက်တွင်ရှိသည့် GZ များကို သင်တန်းပို့ချနေသည့် ခေါင်းဆောင် ABSDF အဖွဲ့၊ စစ်ကော်မရှင်အတွင်းရေးမှူးဟောင်း ပြောကြားချက် များ၊   ၎င်းလှုံ့ဆော်မှုများကြောင့်   ထဲထဲဝင်ဝင် ပတ်သက်မိခဲ့သည့် ခေါင်းဆောင်များ၏ ပြောဆို ချက်များဖြစ်ပါကြောင်း၊ နောက်ကွယ်က အကြောင်း အရာများသည်     လူငယ်များ၊   ပြည်သူများကို ယခုခေတ်စကားဖြင့် ပြောရပါက ဂျင်းထည့်နေခြင်း ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါကြောင်း၊ ယခုလို ဂျင်းထည့်နေသည့်လူများက နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အန္တရာယ်များဖြစ်ပါကြောင်း၊ ၎င်းတို့ကြောင့်  လူငယ်များ၊  ပြည်သူလူထုများ ဆုံးရှုံးမှုကို      လက်တွေ့ကြုံတွေ့နေရခြင်းဖြစ်ပါ ကြောင်း၊ လူငယ်များ၊ ပြည်သူလူထုများကို သတင်း အမှား၊ ထင်မြင်ချက်အမှား၊ အတွေးမှားများ ဖြစ်လာ စေရန်လုပ်ဆောင်နေသည့်သူများနှင့် မီဒီယာများက သာ ပြည်သူ့အန္တရာယ် “ဒလန်”များ ဖြစ်ပါကြောင်း၊ “ဒလန်” တင်မက တိုင်းပြည်ပျက်အောင်မွှေမည့် ပြည်သူလူထု၏    လူမှုစီးပွားဘဝနှင့်   တည်ငြိမ် အေးချမ်းမှုကို  ပျက်စီးအောင်မွှေမည့်   တိုင်းဖျက် ပြည်ဖျက် အမွှေအဖွဲ့ “ဒလက်” များဖြစ်ကြောင်း သတိရှိကြရန်    ပြောကြားလိုပါကြောင်း၊  ဒလန်၊ ဒလက်များဖြစ်ပြီး သတိရှိကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ 


(ဆက်လက်ဖော်ပြပါမည်)