
နေပြည်တော် ဇူလိုင် ၁၃
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၇/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်း တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များက သတင်းမီဒီယာ များ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
ဦးစွာ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားရာတွင် ယနေ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတ္တမ အကြိမ်မြောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာ များ၊ ဝန်ကြီးဌာနအသီးသီးမှ ပြောရေး ဆိုခွင့်ရှိသူများ၊ အထောက်အကူပြုအဖွဲ့ များအားလုံး COVID-19 ရောဂါမှ ကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေဟု ဆန္ဒပြုပါကြောင်း၊ ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းသွားမည့် အကြောင်းအရာများမှာ နံပါတ်(၁) အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်အကြောင်း၊ နံပါတ်(၂)အနေဖြင့် COVID-19 ကပ် ရောဂါအခြေအနေနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နံပါတ်(၃)အနေဖြင့် ပညာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု ကိစ္စရပ်များ၊ နံပါတ်(၄)အနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများနှင့် သတင်းအမှားများ၊ နံပါတ်(၅)အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ရှင်းလင်းသွားမည်ဖြစ်ပါကြောင်း ပြော ကြားသည်။
ချစ်ကြည်ရေးခရီး သွားရောက်ခဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇွန် ၂၀ ရက်မှ ၂၇ ရက် အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ MOSCOW Conference on International Secu-rity-2021-(MCIS-2021) ကို တက်ရောက် ရန်၊ ရုရှား-မြန်မာ နှစ်နိုင်ငံအကြားနှင့် ရုရှား-မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာစေရန်၊ ကဏ္ဍစုံ၌ အကျိုးတူပူးပေါင်းဆောင်ရွက် မှုများ တိုးတက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များနှင့် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါကြောင်း၊ ထိုခရီးစဉ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်မြို့တော်ဝန်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ တပ်မတော်အရာရှိကြီးများနှင့် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိခဲ့ကြ သည့် ထူးချွန်အရာရှိများ လိုက်ပါခဲ့ပါ ကြောင်း။
တက်ရောက်ဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် ယင်းခရီးစဉ်တွင် (၉)ကြိမ် မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ (MCIS-2021)ကို တက်ရောက် ခဲ့ပြီး “ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် အာရှ-ပစိဖိတ်ဒေသအရေးအား ဆွေးနွေး ခြင်း” (The Asia-Pacific Region in the context of Global Politics) ခေါင်းစဉ် ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းညီလာခံကို နိုင်ငံပေါင်း ၆၇ နိုင်ငံ ကအကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီး များနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ခဲ့ပါကြောင်း၊ ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး ကောင်စီ အတွင်းရေးမှူး၊ ကာကွယ်ရေး ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကို တွေ့ဆုံ ခဲ့ပါကြောင်း၊ Russia 24 သတင်းဌာန၊ RIA သတင်းဌာနတို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပါကြောင်း။
သာသနာ့မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့
ဘာသာရေးဆိုင်ရာ ဆောင်ရွက်ချက် အနေဖြင့် ဇွန် ၂၁ ရက်တွင် မြန်မာထေရ ဝါဒဗုဒ္ဓဝိဟာရ (မော်စကို)ရှိ ရွှေတိဂုံစေတီ တော် ပုံတူစေတီတော်မြတ် ရွှေထီးတော် တင် အခမ်းအနားနှင့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ် ရေစက်ချလှူဒါန်းခြင်း အခမ်းအနားများကို တက်ရောက်ခဲ့ပါ ကြောင်း၊ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို)သည် မော်စကိုမြို့လယ်၏ အရှေ့ဘက် ၁၄ ကီလိုမီတာအကွာ၌ရှိပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိ ပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၏ မတည်မှု၊ မော်စကိုရောက် ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာ့ တပ်မတော်မှ သင်တန်းသားအရာရှိများ၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်း လှူဒါန်းမှုနှင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက် တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံရှိ ဗုဒ္ဓသာသနာပြုအဖွဲ့အတွက် အခြေပြုရာ နေရာ၊ ဘုရားဝတ်ပြုရာ နေရာများ၊ ဘာသာ၊ သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ်သည့် နေရာတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံ၌ သာသနာ့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါ ကြောင်း။
ဇွန် ၂၃ ရက်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်မှ “ဂုဏ်ထူးဆောင်ပါမောက္ခ”ဘွဲ့ ပေးအပ် ချီးမြှင့်သည့် အခမ်းအနားကို တက်ရောက် ခဲ့ပါကြောင်း၊ ရုရှားနိုင်ငံကို ရောက်ရှိစဉ် ကာလအတွင်း Republic of the Tatarsan ၏ မြို့တော် Kazan ကို သွားရောက်လည်ပတ်ခဲ့ပြီး Republic of Tatarsan သမ္မတနှင့် တွေ့ဆုံကြောင်း၊ ရိုးရာနွေဦးပွဲတော်အခမ်းအနားကို အထူး ဧည့်သည်အဖြစ် တက်ရောက်ခဲ့ပြီး စက်ရုံ အလုပ်ရုံများကို လေ့လာခြင်းတို့ ဆောင် ရွက်ခဲ့ပါကြောင်း၊ ထို့နောက် ဆိုက်ဘေး ရီးယားဒေသ နိုဘိုဆီဘရက်မြို့တော်ကို သွားရောက်ပြီး Higher Military Command School နှင့် Russian Academy of Science (Siberian Branch)ကို သွားရောက်လေ့လာခဲ့ပါ ကြောင်း။
အဖွဲ့ဝင်များအဖြစ် လိုက်ပါလာ သည့် တာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာအလိုက် စိန့်ပီတာစဘတ်မြို့ ၌ ကျင်းပသည့် နိုင်ငံတကာရေကြောင်း ဆိုင်ရာ ကာကွယ်ရေးပြပွဲ (International Maritime Defence Show(IMDS-2021)ကို တက်ရောက်ခြင်း၊ မော်စကိုမြို့တော် ဝန်နှင့် တွေ့ဆုံပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဆွေးနွေးခြင်း၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ ပြည်ပဆက်ဆံရေး ကော်မတီတို့နှင့် တွေ့ဆုံခြင်း၊ တက္ကသိုလ်များကို သွားရောက်လေ့လာတွေ့ဆုံခြင်း စသည် တို့ကို သီးခြားစီဆောင်ရွက်ခဲ့ပါကြောင်း။
ပိုမိုတိုးတက်ခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်
COVID-19 ရောဂါ စမ်းသပ်စစ်ဆေး သည့်စက်များ တစ်ပါတည်း ဝယ်ယူ သယ်ဆောင်လာခဲ့ပြီး ကာကွယ်ဆေးများ ကိုလည်း ဝယ်ယူနိုင်ရေး ဆောင်ရွက်ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံ၌ ကာကွယ်ဆေး ထုတ်လုပ်ရန်လည်း အခြေခံသဘော တူညီချက် ရရှိခဲ့ပါကြောင်း၊ ခရီးစဉ်အနေ နှင့် မျှော်မှန်းထားသည်ထက် ပိုပြီး အောင်မြင်သည့် ခရီးစဉ်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်နားလည်မှုများ ပိုမိုတိုးတက် ခဲ့သည့် ခရီးစဉ်တစ်ခု ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာမြောက် နီးကပ်စွာ ဆက်ဆံ ရေးမှသည် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးတွင် ပိုမိုတိုးတက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု၊ ရေနံ/သဘာဝဓာတ်ငွေ့နှင့် စွမ်းအင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် အခြေခံသဘောတူညီချက်များရရှိခဲ့သည့် ခရီးစဉ်ဖြစ်သည်ဟု ပြောလိုပါကြောင်း ပြောကြားသည်။
ဒုတိယအချက်အနေနှင့် COVID-19 ရောဂါဆိုင်ရာ ကိစ္စရပ်များကို ပြောလိုပါ ကြောင်း၊ မျိုးရိုးဗီဇပြောင်းလဲလာသည့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုသည် မိမိတို့နိုင်ငံ၌ မေလနှောင်းပိုင်း၊ ဇွန်လခန့် ကတည်းက ပိုမိုများပြားလာခဲ့ကြောင်း၊ ဇွန်လအတွင်း ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁၁၂,၉၁၃ ဦးပြုလုပ်သည့်အခါ ပိုးတွေ့ရှိမှု အနေနှင့် ၁၃,၆၄၈ ဦး၊ ၁၂ ဒသမ ၁ ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် ဓာတ်ခွဲနမူနာ ၁၀,၁၁၇ ဦး ကို ဓာတ်ခွဲစစ်ဆေးရာ အတည်ပြုလူနာ သစ် ၃,၄၆၁ ဦး တွေ့ရှိရကြောင်း၊ မိမိတို့ နိုင်ငံ၌ COVID-19 စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၈၆၆,၈၁၄ (နှစ်ဆယ့်ရှစ်သိန်း ခြောက်သောင်း ခြောက်ထောင်ရှစ်ရာ တစ်ဆယ့်လေး)ခုကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၁၉၂,၂၁၃ ဦး ရှိပြီဖြစ် ကြောင်း၊ ထိုအထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ ၁၄၆,၃၅၈ ဦးဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၃,၈၃၈ ဦးရှိခဲ့ပါကြောင်း။
တတိယလှိုင်း ဂရုစိုက်ရမည်
COVID-19 နှင့်ပတ်သက်၍ မှတ်တမ်း များကိုပြန်ကြည့်လျှင် COVID-19 ပထမ လှိုင်းသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ ဩဂုတ်လခန့်အထိ ဖြစ်ခဲ့ပါကြောင်း၊ ယင်းကာလအတွင်း ရောဂါတွေ့ရှိမှု အများဆုံးမှာ ဧပြီလဖြစ်ပြီး တွေ့ရှိမှု ၂ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့ပါကြောင်း၊ ယင်းနောက်ပိုင်း ရောဂါတွေ့ရှိမှု ကျဆင်း သွားပါကြောင်း၊ ဒုတိယလှိုင်းတွင် ဖြစ်ပွား မှု အများဆုံးလမှာ စက်တင်ဘာလဖြစ်ပြီး ပိုးတွေ့ရာခိုင်နှုန်း ၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် သေဆုံးမှု ၃ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်ခဲ့ပါ ကြောင်း၊ သေဆုံးမှုအများဆုံးကာလမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဖြစ်ပြီး သေဆုံးသူ ၁,၀၅၃ ဦး ရှိခဲ့ပါကြောင်း၊ တတိယလှိုင်း သည် ၂၀၂၁ ခုနှစ် မေလ ၂၇ ရက် မေလ ကုန်ပိုင်းမှစတင်ပြီး ယနေ့အထိ ဖြစ်ပွား ခြင်းဖြစ်ကြောင်း၊ သေဆုံးမှုနှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်းခန့်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒုတိယလှိုင်း ဖြစ်ပေါ်သည့်အချိန်တွင် သေဆုံးမှုအများဆုံးသည် နိုဝင်ဘာလ လောက်တွင်ဖြစ်ခဲ့ပြီး ဒုတိယလှိုင်းသည် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ စသည့်အချိန်များတွင် အဖြစ်များကြောင်း၊ ယခုစပြီး တတိယလှိုင်းနှင့် ပတ်သက် လာလျှင် ဂရုစိုက်ရမည်ဖြစ်ကြောင်း။
ဆေးပညာအရ သုံးသပ်ခြင်းထက် တွေ့ရှိချက်အရသုံးသပ်ချက်ကို ပြောရ လျှင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတု တွင် ရောဂါဖြစ်ပွားမှုနှုန်းကျပြီး စိုစွတ် သည့် ရာသီဥတုတွင် ရောဂါဖြစ်ပွားမှုနှုန်း ပိုတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဖြစ်ပွားနေသည့် အချိန်သည် လည်းယခင်နှစ်၌ ဖြစ်ပွားခဲ့သည့်အချိန်တွင်
ပြန်လည်ဖြစ်ပွားသည်ကို တွေ့ရ ကြောင်း၊ ထို့အပြင် စိတ်ချရသည့် ရာသီဥတုအနေအထားမျိုး မရှိသေး ကြောင်းတွေ့ရသည့်အတွက် COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန် မေတ္တာရပ်ခံလိုပါကြောင်း၊ သေဆုံးမှုများပြားခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း မိမိတို့နိုင်ငံတွင် ရွေးကောက်ပွဲမဲဆွယ်မှုများ ပြုလုပ် ခဲ့သည့်ကာလ၊ ရွေးကောက်ပွဲကာလများ ဖြစ်ပါကြောင်း၊ လူစုလူဝေးပြုလုပ်ခဲ့ခြင်းများလည်းရှိပါကြောင်း၊ ထို့ပြင် COVID-19
ရောဂါထက် ရွေးကောက်ပွဲက အရေးကြီး တယ်ဆိုသည့် ပြောစကားများရှိခဲ့သည် ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၁ ခုနှစ် မေလ နှောင်းပိုင်းနှင့် ဇွန်လတွင် ရောဂါပိုး တွေ့ရှိမှု ၁၂ ဒသမ ၁ ရာခိုင်နှုန်း ၊ ယခုလ လဆန်းပိုင်းတွင် ၂၃ ရာခိုင်နှုန်းခန့်အထိ တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ သေဆုံးမှုအနေဖြင့် ဇွန်လတွင် ၁၁၈ ဦး ရှိပါကြောင်း၊ COVID-19 တတိယလှိုင်းနှင့် ပတ်သက်ပြီး အထူးဂရုပြု ကာကွယ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ကာကွယ်ဆေးထိုးလုပ်ငန်း ကြိုးကြိုးစားစားလုပ်ခဲ့
COVID-19 နှင့် ပတ်သက်ပြီး COVID-19 စည်းမျဉ်းစည်းကမ်းများ နှင့်အညီ နေထိုင်ခြင်းသည် ရောဂါဖြစ်ပွား မှုနှင့် ပျံ့နှံ့မှုကို ကာကွယ်ရန် အဓိကကျ သည့် လုပ်ငန်းဖြစ်သကဲ့သို့ COVID-19 ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းသည် လည်း အခြေခံကျသည့် အကြောင်းရင်း ဖြစ်ပါကြောင်း၊ COVID-19 ကာကွယ် ဆေးကို အိန္ဒိယမှ သန်း ၃၀ မှာယူထား သည့်အထဲမှ ၂ သန်း ရောက်ရှိခဲ့ပြီး လူဦးရေ ၁ ဒသမ ၇ သန်း(တစ်သန်းခုနစ် သိန်း ခုနစ်သောင်းကျော်)ကို ထိုးနှံပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းများကို ကြိုးကြိုးစားစားလုပ်ခဲ့ရပါကြောင်း၊ ဖေဖော်ဝါရီလက ကာကွယ် ဆေးထိုးရန် လုပ်သည့်အချိန်တွင် CDM လုပ်သည့် ကျန်းမာရေးဝန်ထမ်းအချို့ ကြောင့် လုပ်ငန်းများ နှောင့်နှေးခဲ့ရမှုများရှိပါကြောင်း၊ သို့သော် တာဝန်သိစွာ၊ သစ္စာရှိစွာ ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများနှင့် ပေါင်း၍ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တော်တော်လေး ဖြန့်ခွဲဆောင်ရွက်ရပါ ကြောင်း၊ ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းများတွင် ကာကွယ်ဆေးမထိုးနိုင် အောင်၊ ကာကွယ်ဆေးက စိတ်မချရဘူး ဆိုကာ ပြည်သူလူထုထင်မြင်အောင် စိတ်ရူးပေါက်လုပ်ဆောင်မှုများ၊ လှုံ့ဆော် မှုများ တွေ့ခဲ့ရကြောင်း၊ ကာကွယ်ဆေး များကို အအေးမပေးနိုင်အောင် သိုလှောင် ရုံကို လျှပ်စစ်မီး ဖြတ်တောက်ထားခဲ့သည် ဆိုသော လှုံ့ဆော်မှုမျိုးများ လုပ်ခဲ့သည်ကို လည်း တွေ့ရပါကြောင်း၊ ထိုသို့ လုပ်ခဲ့ သည်မှာလည်း ကျန်းမာရေးဝန်ထမ်း တစ်ဦးပင်ဖြစ်ကြောင်း၊ မည်သူတွေ လုပ်ခဲ့သည်ဆိုသည့် သက်သေအထောက် အထား ပြည့်ပြည့်စုံစုံ ရှိပါကြောင်း၊ သို့သော် ကာကွယ်ဆေးထိုး လုပ်ငန်းများ ကို တာဝန်သိ ကျန်းမာရေးဝန်ထမ်းများ နှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး အများစုအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ကာကွယ်ဆေးထိုးနှံရေး ဆက်လက်ဆောင်ရွက်သွားမည်
သုတေသန ပြုချက်များအရ ကာကွယ်ဆေးထိုးပြီးသူများသည်လည်း COVID ထပ်ဖြစ်နိုင်သော်လည်း ယခု ကြုံတွေ့နေရသည့် Delta ဗီဇပြောင်း COVID-19 ရောဂါပိုးကို ၆၉ ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင်ကြောင်းနှင့် ရောဂါထပ်ဖြစ်ခဲ့လျှင်ပင် သေဆုံးနိုင်ခြေ ရှိသည်အထိ ပြင်းထန်သည့်ရောဂါ ကူးစက်မှုကို ၉၃ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်ကို တွေ့ရှိရပါ ကြောင်း၊ ထို့အပြင် ကာကွယ်ဆေးထိုး ပြီးသူများသည် Herd Immunity ရပြီး ဖြစ်၍ ရောဂါပိုးကို ထပ်မံကူးစက်ပြန့်ပွား နိုင်ခြေ နည်းမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး မိတ်ဆွေနိုင်ငံများဖြစ်သော တရုတ်နိုင်ငံ က ကာကွယ်ဆေးနှင့် ရုရှားနိုင်ငံက ကာကွယ်ဆေးများ မကြာမီရက်သတ္တပတ် အတွင်း ရောက်လာရန် ရှိပါကြောင်း၊ အစောဆုံးအနေဖြင့် တရုတ်နိုင်ငံက ကာကွယ်ဆေး ရောက်လာမည်ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်၌ COVID-19 ရောဂါ ကာကွယ်ဆေးများ ထပ်မံရရှိခဲ့ပြီး မြန်မာနိုင်ငံ၌ တစ်နှစ်ကို အနည်းဆုံး ငါးသန်းခန့် ထုတ်လုပ်ရန် အတွက် အခြေခံသဘောတူညီချက်လည်း ရရှိခဲ့ပါကြောင်း၊ ဆေးများနှင့်ပတ်သက်ပြီး အချို့မီဒီယာများတွင် ပညာရှင်ဟု ပြောနေသူများကိုယ်တိုင် ဝေဖန်နေသည် ကိုလည်း တွေ့ရပါကြောင်း၊ ယင်းတို့ကို ပြည်သူလူထု နားမယောင်ဖို့လိုကြောင်း၊ ကာကွယ်ဆေးများ ထပ်ရောက်လာမည့် အချိန်တွင် ကာကွယ်ဆေးထိုးနှံရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ဆက်လက်ဆောင်ရွက်ရာတွင် လည်း အားလုံးတက်တက်ကြွကြွ ပူးပေါင်းပါဝင်ရန် ပြောလိုပါကြောင်း။
လေလှိုင်းပေါ်မှတစ်ဆင့် မမှန်မကန် များကို ကျင့်ဝတ်နှင့်မညီ ပြောဆိုနေ သကဲ့သို့ ကျင့်ဝတ်မညီသည့် မီဒီယာများ နှင့်ပေါင်းပြီး လူသတ်နေခြင်းပင် ဖြစ်ပါ ကြောင်း၊ မည်သို့ပင်ဖြစ်စေ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် COVID-19 ရောဂါနှင့် ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအစီအစဉ် များကို ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရန် လုပ်ဆောင်နေပါကြောင်း၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင် သည့် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသည် ညှိနှိုင်းဆွေးနွေးမှုများ၊ တွေ့ဆုံမှုများပြုလုပ်လျက်ရှိပြီး လက်တွေ့ကျသည့် ဆောင်ရွက်မှုများကို တစ်ပါတည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေ ဖြင့် ယခုလ ၉ ရက်နေ့က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထူးအစည်းအဝေး ကို ပြုလုပ်ခဲ့ပါကြောင်း၊ ယနေ့တွင်လည်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် မူတည်ပြီး COVID-19 နှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အစည်းအဝေး ကို နံနက် ၁၀ နာရီတွင် ပြုလုပ်နေ ပါကြောင်း။
ယင်းအစည်းအဝေးတွင် လက်တွေ့ ကျကျ ဆွေးနွေးခဲ့ပြီး အဓိကအသိပေးလို သည့် အချက်များမှာ နံပါတ်(၁)အနေဖြင့် COVID-19 နှင့်ပတ်သက်ပြီး ထုတ်ပြန် ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများကို တိတိကျကျ လိုက်နာရန် လိုအပ်ပါကြောင်း၊ ရုပ်သံ၊ သတင်းမီဒီယာများကလည်း မကြာခဏ ထုတ်လွှင့်အသိပေး၊ ပညာပေးလျက် ရှိပါကြောင်း၊ COVID-19 ရောဂါကို အဆက်ဖြတ်နိုင်ရန်အတွက် ယခု စည်းကမ်းချက်များသည် အဓိကကျ သည်ဟု မေတ္တာရပ်ခံလိုပါကြောင်း၊ နံပါတ်(၂)အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေး တွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည်လည်း အရေးပါသည့် လုပ်ငန်းဖြစ် ၍ ကာကွယ်ဆေးများ ရရှိရန်အတွက် မိတ်ဆွေနိုင်ငံများနှင့် ချိတ်ဆက်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ဖြစ်ပေါ်လာမည့် ကိစ္စများမှာ နံပါတ် ၁ အနေဖြင့် တရုတ် နိုင်ငံက ကာကွယ်ဆေးများ မကြာမီ ရက်ပိုင်းအတွင်း ရောက်ရှိလာမည်ဖြစ် ကြောင်း၊ နံပါတ် ၂ အနေဖြင့် ရုရှားနိုင်ငံက ကာကွယ်ဆေး ၂ သန်း အသုတ်လိုက်ခွဲပြီး ရောက်လာမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံ အနေနှင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရန် အစီအစဉ် များ ဆက်ဖြစ်လာမည်ဖြစ်ကြောင်း၊ နံပါတ်(၃)အနေဖြင့် အိန္ဒိယနိုင်ငံက သဘောတူထားသည့် ကာကွယ်ဆေးများ ရောက်ရှိရန် ဆက်လက်စီစဉ်ဆောင်ရွက် နေပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး အသက် ၁၈ နှစ်အထက်ကိုသာ ထိုးနှံရန် မူလက စီစဉ်ထားသော်လည်း ယခု ၁၈ နှစ် အောက်ကိုလည်း ထိုးနှံနိုင်ရေးစီစဉ်မည် ဖြစ်ကြောင်း၊ နံပါတ်(၄)အနေဖြင့် အချို့ ကျန်းမာရေး ဝန်ထမ်းများကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တွင် လစ်ဟင်းနေခြင်းကို စေတနာ့ ဝန်ထမ်း(Volunteer)စနစ်၊ လူမှုအဖွဲ့ အစည်းများနှင့် အမြန်ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း။
အားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
နံပါတ်(၅)အနေဖြင့် Oxygen လိုအပ် ချက်နှင့် ပတ်သက်ပြီး Oxygen Plant များ စွမ်းအားပြည့်လည်ပတ်နိုင်ရန်၊ Liquid Oxygen များ ဖြည့်တင်းနိုင်ရန် အတွက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နံပါတ်(၆)အနေဖြင့် ကန့်သတ်စောင့်ကြည့်ရမည့် သူများကို နေရာအလိုက် ထားရှိနိုင်ရန်အတွက် တစ်နိုင်ငံလုံးရှိ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များကိုပါ အားဖြည့်ပြင်ဆင်ခိုင်း ထားပါကြောင်း၊ အရေးပေါ်လူနာများ ရွှေ့ထုတ်နိုင်ရန်၊ ပစ္စည်းများ၊ ဆေးဝါးများ အချိန်မီ ပို့ဆောင်နိုင်ရန်အတွက်လည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ ကို အသုံးပြုပို့ဆောင်နိုင်ရေး စီစဉ်ဆောင် ရွက်ထားပါကြောင်း၊ နံပါတ်(၇) အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ဘဏ္ဍာငွေ သုံးစွဲရာတွင် မည်သည့်ကန့်သတ်ချက်မှ ကန့်သတ်ထားခြင်းမရှိဘဲ ထိထိ ရောက်ရောက်၊ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် အသုံးချလုပ်ဆောင် နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နံပါတ် (၈)အနေဖြင့် အရေးအကြီးဆုံးအချက်မှာ မိမိတို့မြန်မာပြည်သူလူထုသည် လူမှုရေးစိတ်ရှိပြီးဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ခံယူပြီး အားလုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ဇူလိုင်လ ၉ ရက်အစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ပြောကြားမှုကို ပြသလိုပါကြောင်း၊ အချို့မီဒီယာများအနေဖြင့် ပြောနေခြင်း များရှိကြောင်း၊ ကန်ထရိုက်စနစ်ဖြင့် လုပ်သည့်ကိစ္စတွင် ပညာရှင်ကို တန်ဖိုး မထားဘူး စသဖြင့် ပြောနေခြင်းများ ရှိကြောင်း၊ ယခုပြောသွားသည့်အထဲတွင် လည်း ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအထဲတွင်လည်း အငြိမ်းစားယူသွား သည့် ဝန်ထမ်းများရှိကြောင်း၊ ကျန်းမာ ရေး သင်တန်းများ တက်ရောက်ပြီး ကျန်သည့်အလုပ်များ လုပ်နေသည်များ လည်းရှိကြောင်း၊ ထို့အတူ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တွင်လည်း အနားယူ သွားပြီး အခြားလုပ်ငန်းများ လုပ်နေခြင်း လည်းရှိကြောင်း၊ ယင်းတို့ကို Volunteer အနေဖြင့် မေတ္တာရပ်ခံခေါ်ယူပြီး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းတို့ကို တာဝန်ချိန်ကာလအတွင်း ခံစားခွင့်များ၊ လစာစရိတ်များပေးနိုင်ရန် ဆောင်ရွက် ခြင်းဖြစ်သည်ဟု ပြောလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေနှင့် ယခုဖြစ်ပေါ်နေသည့် COVID-19 ရောဂါ တတိယလှိုင်းကို အမျိုးသားရေးတာဝန်တစ်ရပ်သဖွယ်ခံယူပြီး အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်းကာ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အရှိန်အဟုန်ဖြင့် လက်တွေ့ကျကျ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အခက်အခဲများရှိကြောင်း၊ ပြည်သူလူထု အနေဖြင့်လည်း ခက်ခဲနေသည့် ကိစ္စများ ရှိသည်ကို သိရှိပါကြောင်း၊ ပြည်သူလူထုနှင့် လူမှုအဖွဲ့အစည်းများကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
တတိယအချက်အနေဖြင့် ပညာရေးဆိုင်ရာဆောင်ရွက်ချက်များကို ပြောလို ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ် အထက် လူဦးရေထဲတွင် ၈ ဒသမ ၁ ရာခိုင်နှုန်း (လူ ၄ သန်းနီးပါး)သည် လုံးဝကျောင်းမနေဖူးသည်ကို တွေ့ရပါ ကြောင်း၊ အရွယ်ရောက်ပြီး အသက် ၂၅ နှစ်နှင့်အထက် လုံးဝကျောင်းမနေဖူးသူ ၉၆၀,၀၀၀ ခန့်ရှိပြီး မူလတန်းနှင့် မူကြိုအဆင့်ရှိသူ ၁၁ ဒသမ ၈ သန်း ရှိပါ ကြောင်း၊ ထို့ကြောင့် မူလတန်းအဆင့်နှင့် အောက် ပညာအရည်အချင်းရှိသူ ၁၂ ဒသမ ၇၉ သန်း ရှိသည်ကို တွေ့ရပါ ကြောင်း၊ အလယ်တန်းပညာအဆင့်သာ ရှိသူ လူဦးရေ ၅ သန်း ၆ သိန်းခန့်ရှိ၍ ထို ၃ ခုကို ပေါင်းကြည့်လျှင် အသက် ၂၅ နှစ်နှင့် အထက်ရှိသူများမှာ အလယ်တန်း အဆင့်နှင့်အောက် ပညာအရည်အချင်း ရှိသူစုစုပေါင်း ၁၈ သန်းခန့် ရှိသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ သုံးပုံ တစ်ပုံခန့်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရအနေဖြင့် ပညာရေးမြှင့်တင်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း။
COVID-19 ရောဂါ အခြေအနေကြောင့် နှစ်ချီပိတ်ထားရသည့် ကျောင်းများကို ပြန်လည် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကျောင်း ပေါင်း ၄၂,၀၈၀ ကျောင်း(၈၈ ဒသမ ၁၁ ရာခိုင်နှုန်း) ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမ ဦးရေ ၂၇၁,၀၇၂ ဦးနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ ၄,၆၉၁,၆၇၈ (လေးသန်း ခြောက်သိန်း ကိုးသောင်း တစ်ထောင့်ခြောက်ရာ ခုနစ်ဆယ့်ရှစ်) ဦး
တက်ရောက်ခဲ့ပါကြောင်း၊ လက်ရှိတွင် COVID-19 ရောဂါ အခြေအနေကြောင့် ကျောင်းများကို နှစ်ပတ်ပိတ်ထားပါ ကြောင်း၊ ပညာရေးမြှင့်တင်မှုဆောင်ရွက် သည့်နေရာတွင် အဓိကပြောလိုသည်မှာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးပါသည့်အတွက် ဆရာ၊ ဆရာမ များကို ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လ အထိ ခြောက်လဘတ်ဂျက်တွင် ပညာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေ ကို သာမန်အသုံးစရိတ်မှ နိုင်ငံတော် အစိုးရက ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ပညာ ရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီး ဌာနရှိ သင်ကြားရေး ဆရာ၊ ဆရာမများ ကို ဘွဲ့အလိုက်ချီးမြှင့်ငွေ ၉၆၉ ဒသမ ၃၆ သန်းနှင့် အခြေခံပညာဦးစီးဌာန၊ သင်ကြားရေးဝန်ထမ်းများကို ဘွဲ့လွန် ဒီပလိုမာ၊ မဟာဘွဲ့ရ၊ မဟာသုတေသန၊ ပါရဂူဘွဲ့ အလိုက်ချီးမြှင့်ငွေ ၂၉၅၄ ဒသမ ၈၅ သန်းကို ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာန ပါရဂူဘွဲ့ရသင်ကြားရေး ဆရာ၊ ဆရာမများကို ထောက်ပံ့ကြေး ၇၃ ဒသမ ၃၃၈ သန်းနှင့် အဆင့်မြင့် သိပ္ပံ နှင့် နည်းပညာဦးစီးဌာန ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့ရ၊ မဟာသုတေသန၊ ပါရဂူဘွဲ့ များအတွက် ချီးမြှင့်ငွေ ၄၃၆ ဒသမ ၆၅ သန်း ချီးမြှင့်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်းကို သတင်းကောင်းပါးလိုပါ ကြောင်း ပြောကြားသည်။
ပြည်သူကို ကြီးမားသည့် ထိခိုက်မှုဖြစ်စေ
ဆက်လက်ပြီး ယနေ့ဖြစ်ပေါ်နေသည့် NUG, CRPH စသည့် အကြမ်းဖက်အဖွဲ့ အစည်းများနှင့် NLD နှင့် NLD ထောက်ခံ သူ အစွန်းရောက်အချို့၏ စီစဉ်ညွှန်ကြား မှုဖြင့် အားပေးအားမြှောက် ပြုလုပ်ခဲ့မှု များကြောင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူများ၊ နိုင်ငံတော်ကို လက်နက်ကိုင်အကြမ်းဖက်မှု ကျူးလွန် စေရန် အကြမ်းဖက်သင်တန်း စီစဉ်ခဲ့သူ များ၊ လက်နက်ခဲယမ်းထောက်ပံ့ပေးခြင်း များ ဆောင်ရွက်ခဲ့သူများ၏ ပြောကြား ချက်များကို Videos File ဖြင့် ပြသသွား မည်ဖြစ်ပါကြောင်း၊ ပထမဦးစွာ မန္တလေး တွင် ဖမ်းမိခဲ့သည့် PDF မန္တလေး ပြန်ကြားရေး ခေါင်းဆောင် ဝေယံလင်း (ခေါ်)ထွန်းတောက်နိုင်၏ ပြောဆိုချက်ကို ပြသမည်ဖြစ်ပါကြောင်း၊ ထွန်းတောက်နိုင် ကို အားလုံးသိမည်ဖြစ်ပါကြောင်း၊ အချို့ မီဒီယာများတွင် မန္တလေး၌ ဖောက်ခွဲမှု၊ အကြမ်းဖက်မှု ဖြစ်နေသည့်အချိန်တွင် မီဒီယာများ ခဏခဏတွေ့ရသည့်သူဖြစ်ပါ ကြောင်း၊ ၎င်းကို ဇွန် ၂၃ ရက်က သပိတ် ကျင်းမြို့နယ်တွင် လက်နက်များနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဖမ်းမိခဲ့သည့် လက်နက်များအနေဖြင့် လက်နက်မျိုးစုံ ၁၁၄ လက်၊ ကျည်တစ်သောင်းခန့်၊ လက်ပစ်ဗုံး ၄၉၉ လုံး၊ ၄၀ မမ ဗုံးသီး ၁၄၇၃ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ပါကြောင်း၊ အန္တရာယ်ကြီးမားသည့် ပမာဏဖြစ်ပါ ကြောင်း၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်က မြို့များ ပျက်စီးဆုံးရှုံးမှု၊ ပြည်သူလူထုကို ကြီးမားသည့် ထိခိုက်နစ်နာမှု ဖြစ်စေသည့် ပမာဏ ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စများ ကို ဘယ်လိုလုပ်ခဲ့ကြောင်း၊ ဘယ်သူများ အားပေးအားမြှောက် လုပ်ခဲ့သည်ဆိုသည် များကို တွေ့ရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ထွန်းတောက်နိုင် ပြောကြား ထားသည့် Video ကို ပြသသည်။
ဆက်လက်၍ ဒုတိယအနေဖြင့် ထွန်းတောက်နိုင်နှင့်အတူ ဖမ်းမိခဲ့သည့် မန္တလေး PDF မှ ဒုတိယခေါင်းဆောင် မိုးတိမ်(ခေါ်) ရန်လင်းအောင်၏ ပြောဆို ချက်ကို ပြသမည်ဖြစ်ကြောင်း၊ ၎င်းတို့ကို အားပေးအားမြှောက်လုပ်ခဲ့သည့် EAOs အဖွဲ့တစ်ခု၏ နောက်ကွယ်က အကြံ အစည်နှင့် ရည်ရွယ်ချက်များကို တွေ့ရ မည်ဖြစ်ပါကြောင်း ပြောကြားကာ မိုးတိမ်(ခေါ်)ရန်လင်းအောင်၏ Videos File ပြသသည်။
ယခု Videos File တွင် လျှပ်စစ်နှင့် ပတ်သက်သည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း၊ လျှပ်စစ်ရုံးများတွင် မီတာ မဆောင်လိုခြင်းကြောင့် ဖြစ်ကြောင်း၊ သာမန်ပြည်သူလူထုကို ပြောလိုခြင်း မဟုတ်ပါကြောင်း၊ အချို့သည် ပွဲလှန့် တုန်း ဖျာခင်းခြင်း ဖြစ်ပါကြောင်း၊ မန္တလေးစက်မှုဇုန်ရှိသူများက PDF အဖွဲ့ဝင်များကို စည်းရုံးပြီး ၎င်းတို့၏ မီတာခမဆောင်လိုခြင်းကြောင့် မီတာခ ပေးဆောင်ရန် ငွေကျပ်သိန်း ၆၀၀ ခန့် ရှိကြောင်း၊ မီတာခမဆောင်လိုခြင်း ကြောင့် မည်မျှပေးမည် စာရွက်စာတမ်း ဖျက်ဆီးပေးဆိုသည့် အသုံးချမှုများ ရှိနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မိမိထပ်ပြောလိုသည်မှာ အချို့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများသည် မြို့ကြီးများတွင် တိုက်ပွဲများဖြစ်အောင်၊ မငြိမ်မသက်မှုဖြစ်အောင် ဖန်တီးပြီး ၎င်းတို့နယ်မြေတွင် လွှမ်းမိုးမှုရအောင် ယူရန် လုပ်ဆောင်မှုများရှိပါကြောင်း၊ မဖြစ်နိုင်သည်ကို ထောက်ပံ့ပေးခိုင်းပြီး နောက်ကွယ်က ကြံရွယ်ချက်များ ရှိကြောင်း၊ အချို့ လမ်းမှားရောက်နေ သည့် လူငယ်များသည် နောက်ကွယ်က အကြံအစည်များကို သိရှိနိုင်ရန်အတွက် ယခုလို ပြသပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
GZ များကို စစ်သင်တန်းပေး
တတိယအနေဖြင့် ၁၉၈၈ ခုနှစ် ကတည်းကတောခိုခဲ့ပြီး EAOs နယ်မြေ တစ်ခုတွင် လူငယ်များကို သင်တန်းပေးခဲ့ သည့် ABSDF အဖွဲ့၊ စစ်ကော်မရှင် အတွင်းရေးမှူးဟောင်း၊ လက်ရှိ UNRA အဖွဲ့(Union of National Recistence Army) စစ်ဦးစီးချုပ် ခင်ကျော်၏ ပြောဆို ချက်များကို ပြသမည်ဖြစ်ကြောင်း၊ ၎င်းနှင့် ဆက်စပ်ခဲ့သူများသည် ယခု ပါဝါပွိုင့်တွင်ပြထားသည့် ဇယားအတိုင်း ဖြစ်ပါကြောင်း၊ ၎င်းတို့ကို မတ် ၅ ရက်က ဖမ်းဆီးရမိခဲ့ပြီး ယခင်ကတည်းက ဖမ်းဆီးရမိခဲ့သည့် MMA ဖိုးသော်အဖွဲ့၊ မေ ၁၃ ရက်က ဖမ်းဆီးရမိခဲ့သည့် NLD မှ သိန်းနိုင် အဖွဲ့၊ ညီညီနှင့်အဖွဲ့စသည့် အဖွဲ့ ၂၁ ဖွဲ့နှင့် ဆက်စပ်သူဖြစ်ပါကြောင်း၊ ၎င်းတို့ကို သင်တန်းပေးခဲ့သူများ ဖြစ်ပါ ကြောင်း၊ ဆက်စပ်မှုများကို Board တွင် ပြထားပါကြောင်း ပြောကြားပြီး ခင်ကျော် ၏ Video File ကို ပြသသည်။ ABSDF အဖွဲ့၊ စစ်ကော်မရှင်အတွင်းရေးမှူး ဟောင်း၊ လက်ရှိ UNRA စစ်ဦးစီးချုပ် ဟောင်း၏ ပြောကြားချက်ဖြစ်ပါကြောင်း၊ ၎င်းသည် ရန်ကုန်နှင့် အောက်ပိုင်းတွင် ရှိသည့် GZ များကို စစ်သင်တန်းပေးခဲ့သူ ဖြစ်ပါကြောင်း၊ ၎င်းတို့၏အတွေ့အကြုံ အရဆိုလျှင် ၁၉၈၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ နှစ်ပေါင်း ၃၃ နှစ်တိုင် တည်ဆဲ အစိုးရများကိုဆန့်ကျင်ပြီး တောထဲတွင် လက်တွေ့လုပ်ခဲ့သည့် လူတစ်ဦးဖြစ်ပါ ကြောင်း ပြောကြားသည်။
စတုတ္ထအနေဖြင့် ၁၉၈၈ ခုနှစ်ခန့် ကတည်းကတောခိုခဲ့သည့် UNRA အဖွဲ့က ပြည်ပဆက်ဆံရေးတာဝန်ခံ ကိုကိုနိုင် (ခေါ်) ဒေါန၏ ပြောကြားချက်ကိုပြမည် ဖြစ်ကြောင်း၊ ၎င်းသည် အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပါ ကြောင်း၊ NUG အဖွဲ့၏ ကာကွယ်ရေး ဝန်ကြီးဟု နာမည်ခံထားသူ NLD လွှတ်တော်အမတ်ဟောင်း ရည်မွန်၏ အကြောင်း၊ အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်စပ်မှု၊ လက်ရှိဖြစ်နေသည့် ဖြစ်ရပ် မှန်များ၊ ငွေရေးကြေးရေး အရှုပ်အထွေး များကို တွေ့ရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ကိုကိုနိုင် (ခေါ်) ဒေါန၏ Video File ကို ပြသသည်။ ၎င်းသည် ABSDF စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့သူဖြစ်ပါကြောင်း၊ ၎င်းပြောသွား သည့်အထဲတွင် သစ်ခုတ်သမား၊ ပန်းပုထု သမားဆိုသည်များသည် ၎င်းတို့၏ စိတ်ထဲတွင် မည်သည့်အချိန်ကတည်းက တိုင် စတင်သုံးစွဲပြီး မှတ်မှတ်သားသား ရှိနေသည်ကို မသိနိုင်ပါကြောင်း၊ ၎င်းတို့၏ ပြောကြားချက်အရ ထောက်ပံ့မှု ဒေါ်လာ ၉ သန်းရရှိထားသည် ဟု သိရပါ ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဟု အမည်ခံထားသည့် ရည်မွန်၏ အကြောင်း ပြချက်သည် ၄ သန်းကို CDM သမားများ ကို ထောက်ပံ့ပြီး ၅ သန်းရရှိရန်ရှိကြောင်း၊ GZ များ၊ တောတွင်းရောက်နေသူများ အနေဖြင့် ဘာမျှမရရှိသည်ကို လက်တွေ့ မြင်တွေ့သူများ၏ ပြောကြားချက်များ ဖြစ်ပါကြောင်း၊ ဒေါ်လာ ၄ သန်းကို CDM သမားများမည်မျှရသည်ကို တွက်ကြည့် လျှင် ငွေရေးကြေးရေး အရှုပ်အရှင်း ရှိနေသည်ကို သိနိုင်ပါကြောင်း ပြောကြား သည်။
နိဂုံးချုပ်အနေဖြင့် ပြောကြားလို သည်မှာ ယခုပြသခဲ့ခြင်းများသည် CRPH, NUG စသည့် အကြမ်းဖက်အဖွဲ့များ၊ NLD နှင့် NLD အစွန်းရောက်များ၊ ပြည်ဖျက် မီဒီယာများ၏ လှုံ့ဆော်မှုများကြောင့် ယနေ့ပြခဲ့သည့်အထဲတွင် အောက်က လုပ်နေသူ တစ်ဦးမှမပါပါကြောင်း၊ မန္တလေးတွင် မန္တလေး PDF ခေါင်းဆောင်၊ မီဒီယာအများစု ဆက်သွယ်နေသည့် မန္တလေး PDF ခေါင်းဆောင် ထွန်းတောက် နိုင် ဖိုင်ကိုပြသခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်ဘက်တွင် ရန်ကုန်နှင့် အောက် ဘက်တွင်ရှိသည့် GZ များကို သင်တန်းပို့ချ နေသည့် ခေါင်းဆောင် ABSDF အဖွဲ့၊ စစ်ကော်မရှင် အတွင်းရေးမှူးဟောင်း ပြောကြားချက်များ၊ ၎င်းလှုံ့ဆော်မှုများ ကြောင့် ထဲထဲဝင်ဝင် ပတ်သက်မိခဲ့သည့် ခေါင်းဆောင်များ၏ ပြောဆိုချက်များ ဖြစ်ပါကြောင်း၊ နောက်ကွယ်က အကြောင်းအရာများသည် လူငယ်များ၊ ပြည်သူများကို ယခုခေတ်စကားဖြင့် ပြောရပါက ဂျင်းထည့်နေခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါကြောင်း၊ ယခုလို ဂျင်းထည့်နေသည့် လူများက နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အန္တရာယ်များဖြစ်ပါကြောင်း၊ ၎င်းတို့ ကြောင့် လူငယ်များ၊ ပြည်သူလူထုများ ဆုံးရှုံးမှုကို လက်တွေ့ကြုံတွေ့နေရခြင်း ဖြစ်ပါကြောင်း၊ လူငယ်များ၊ ပြည်သူလူထု များကို သတင်းအမှား၊ ထင်မြင်ချက် အမှား၊ အတွေးမှားများ ဖြစ်လာစေရန် လုပ်ဆောင်နေသည့်သူများနှင့် မီဒီယာ များကသာ ပြည်သူ့အန္တရာယ် “ဒလန်” များ ဖြစ်ပါကြောင်း၊ “ဒလန်” တင်မက တိုင်းပြည်ပျက်အောင်မွှေမည့် ပြည်သူ လူထု၏ လူမှုစီးပွားဘဝနှင့် တည်ငြိမ် အေးချမ်းမှုကို ပျက်စီးအောင်မွှေမည့် တိုင်းဖျက်ပြည်ဖျက် အမွှေအဖွဲ့ “ဒလက်” များဖြစ်ကြောင်း သတိရှိကြရန် ပြောကြား လိုပါကြောင်း၊ ဒလန်၊ ဒလက်များဖြစ်ပြီး သတိရှိကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)