နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း   (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကျင်းပခဲ့မှုနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြား  

 

 

နေပြည်တော်   မတ်    ၁
(၇၅)   နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့   အခမ်း အနားကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ် သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်    စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယဝန်ကြီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း  တက်ရောက်အမှာစကား ပြောကြားသည်။
ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး ကျန်ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပခဲ့သည့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုနှင့်  စပ်လျဉ်း၍   ပြန်လည် သုံးသပ်ညှိနှိုင်းသည့်   အစည်းအဝေးဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်း စဉ်များကို ကြိုတင်စီမံမှုများဖြင့် ပြင်ဆင်ဆောင်ရွက် ခဲ့ကြသော်လည်း အားသာချက်နှင့် အားနည်းချက်များ ရှိပါကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် အလားတူ အခမ်းအနားများတွင်   အားသာချက်များကို  ပိုမို ကောင်းမွန်အောင်    ဆောင်ရွက်ကြရမည်ဖြစ်ပြီး အားနည်းချက်များကို ပြန်လည်သုံးသပ်၍ အားသာ ချက်များဖြစ်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က      (၇၅)   နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသည် စိန်ရတုအခမ်း အနားဖြစ်သည့်အတွက်   နိုင်ငံတော်အဆင့်အဖြစ် ထူးခြားလေးနက်စွာ  ကျင်းပနိုင်ရန် တာဝန်ပေးအပ် ခဲ့ကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ချိန်ကာလသည် တိုတောင်းခဲ့သော် လည်း ခမ်းနားအောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့အတူ ၂၀၁၆  ခုနှစ်ကတည်းက ရန်ကုန်မြို့တော် ခန်းမ၌  ရပ်နားထားသည့်   ပြည်ထောင်စုအလံကို  နေပြည်တော်   မြို့တော်ခန်းမသို့      အောင်မြင်စွာ သယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊   ထိုသို့  အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ခြင်းသည်   ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက် ခြင်းနှင့် စည်းလုံးညီညွတ်ခြင်း၏ ရလဒ်သက်သေ တစ်ခုပင်ဖြစ်ပြီး    ကောင်းမွန်သည့်   အစဉ်အလာ တစ်ရပ်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ၂၀၂၃ ခုနှစ်  ဇန်နဝါရီလ ၄ ရက်တွင် ရောက်ရှိမည့်  လွတ်လပ်ရေးနေ့သည် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့် အတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် အခြေ အနေများကို  အခြေခံ၍  (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့   အခမ်းအနားကို   ပိုမိုကောင်းမွန် သည့် နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပ နိုင်ရန်  ရည်ရွယ်ကာ   (၇၅)  နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း။
ပွင့်လင်းစွာဆွေးနွေး
(၇၅) နှစ်မြောက်စိန်ရတု      ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း အားသာချက်နှင့်   အားနည်းချက်များရှိပါကြောင်း၊ အဆိုပါ အားသာချက် အားနည်းချက်များကို မူတည်၍ အားသာချက်များကို ပေါင်းစပ်ပြီး အားနည်းချက် များကို ပြုပြင်ဆောင်ရွက်ကာ ပိုမိုကြီးကျယ်ခမ်းနား သည့် စစ်ရေးပြမှုများ၊ ပြကွင်းပြကွက်များ၊ ခင်းကျင်း ပြသမှုများဖြင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် ဦးတည် ၍ ကဏ္ဍအလိုက် အားသာချက် အားနည်းချက်များကို ပွင့်လင်းစွာ  ဆွေးနွေးကြစေလိုကြောင်း  ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက်  ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး      ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်    စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်တို့က   ၂၀၂၂  ခုနှစ်   (၇၅)နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
အကြံပြုဆွေးနွေး
ယင်းနောက်   လုံခြုံရေးဆပ်ကော်မတီ၊  ကြိုဆို နေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊        ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၊     ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်ရေးနှင့်        ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊    နိုင်ငံတော်အလံတင်အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများစိုက်ထူရေးဆပ်ကော်မတီ၊     ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြား ရေးဆပ်ကော်မတီ၊ ညစာစားပွဲခင်းကျင်းကျွေးမွေးရေးဆပ်ကော်မတီ၊       စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော် မတီ၊ မီးရှူးမီးပန်းများပစ်ဖောက်ရေး ဆပ်ကော်မတီ နှင့် အလှပြ Drone လွှတ်တင်ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် အားသာချက်နှင့်   အားနည်းချက်များကို   ရှင်းလင်း ဆွေးနွေးတင်ပြကြရာ              ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်   ဦးဝင်းရှိန်၊ ဦးကိုကို၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊  ဦးရွှေလေး၊  ဒေါက်တာဌေးအောင်နှင့်        ဦးစောထွန်းအောင်မြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေး ကြပြီး   ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။
ထို့နောက် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး  ဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။ 
သတင်းစဉ်