နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်  အောက်တိုဘာ  ၁၀


၂၀၂၄ ခုနှစ်၊  (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ  ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ၂၀၂၄ ခုနှစ်၊  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။          

 

အစည်းအဝေးသို့  ဗဟိုကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊     ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ   တပ်မတော် အရာရှိကြီးများနှင့်   တာဝန်ရှိသူများ   တက်ရောက် ကြပြီး  ဆပ်ကော်မတီအတွင်းရေးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


ဘက်စုံပညာရေးကဏ္ဍကိုမြှင့်တင်ကြိုးပမ်း


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က   အမှာစကား ပြောကြားရာတွင်   ၂၀၂၄ ခုနှစ်   (၇၆)   နှစ်မြောက် လွတ်လပ်ရေးနေ့  အခမ်းအနားကို  အမျိုးသားရေး ဦးတည်ချက်  (၅)  ရပ်ဖြစ်သည့်   အမျိုးသားအကျိုး စီးပွားနှင့် အမျိုးသားနိုင်ငံရေးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေးနှင့်   အချုပ်အခြာအာဏာ    တည်တံ့ခိုင်မြဲရေး ဟူသည့်    ဒို့တာဝန်အရေးသုံးပါးကို    ထိန်းသိမ်း ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်  ပြည်ထောင်စု စနစ် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊  စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ  မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို  မြှင့်တင်ကြိုးပမ်းဆောင် ရွက်ရေး၊ ဥပဒေနှင့်အညီ  လွတ်လပ်၍  တရားမျှတ သည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်  တစ်နိုင်ငံလုံး အကြားအလပ်မရှိ     ဆန္ဒမဲပေးနိုင်ခွင့်   ရရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်ရေး၊  အကြမ်းဖက်ဖြစ် စဉ်များအားလုံးချုပ်ငြိမ်းပြီး   တည်ငြိမ်အေးချမ်းရေး နှင့်   ပါတီစုံဒီမိုကရေစီစနစ်  ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ရေး၊     စိုက်ပျိုးရေးနှင့်    မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်    MSME   စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ရေးဆိုသည့်     ဦးတည် ချက်များနှင့်အညီ     ကျင်းပသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ် သတ်မှတ်ထားသော်လည်း    နိုင်ငံတော်က   လက်ရှိ ဆောင်ရွက်နေသည့်  အခန်းကဏ္ဍများကို    ထည့်သွင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။


လုံခြုံရေးကိစ္စကို လစ်ဟာမှုမရှိစေရန် 
အထူးအလေးထား


၂၀၂၃ ခုနှစ်   (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အခမ်းအနားကိုလည်း    အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှုကြောင့်      နိုင်ငံတော်အဆင့် ကြီးကျယ်ခမ်းနားစွာဖြင့်  အောင်မြင်စွာ  ကျင်းပနိုင်ခဲ့ သည့်  အတွေ့အကြုံကောင်းများလည်း  ရရှိခဲ့ပြီဖြစ် ကြောင်း၊  ယခုနှစ်လွတ်လပ်ရေးနေ့အခမ်းအနားကို ပုံမှန်အတိုင်း  နံနက်ပိုင်းတွင်  အလံတင်အခမ်းအနား၊ နေ့လယ်ပိုင်းတွင်  ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ပေးအပ် ခြင်းနှင့်  ညပိုင်းတွင် ညစာစားပွဲအခမ်းအနားတို့ဖြင့် အပိုင်းသုံးပိုင်း        ကျင်းပသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနားသည်     ပုံမှန်ကျင်းပနေ သည့် အခမ်းအနားဖြစ်သော်လည်း နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက်  အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ အထူးသဖြင့်  လုံခြုံရေးကိစ္စ ကို လစ်ဟာမှုမရှိစေရန် အထူးအလေးထား ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင်  တက်ရောက်လာ ကြသူအားလုံးအတွက်    ကျန်းမာရေးနှင့်   ညီညွတ် သည့် စားသောက်နေထိုင်မှုများဖြစ်စေရန် အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊   ယခင်ကျင်းပ ခဲ့သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ နိုင်ငံတော် အဆင့် အခမ်းအနားများ၏  အားသာချက်  အားနည်း ချက်များကို  သင်ခန်းစာရယူပြီး ၂၀၂၄ ခုနှစ် (၇၆) နှစ် မြောက်  လွတ်လပ်ရေးနေ့အခမ်းအနားကို   လိုအပ် ချက်များမရှိအောင်    အားလုံးက       ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း    ပြောကြား သည်။


ရှင်းလင်းတင်ပြ


 ထို့နောက်  နိုင်ငံတော်အလံတင်နှင့်  နိုင်ငံတော် အလံအလေးပြုပွဲ စစ်ရေးပြဆပ်ကော်မတီ၊ နိုင်ငံတော် အလံအလေးပြုပွဲ  အခမ်းအနားကျင်းပရေး၊ ပြင်ဆင် ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေး နေ့ ဧည့်ခံပွဲနှင့်  ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ၊ ညစာ စားပွဲ   အလှပြ   Drone    လွှတ်တင်ဖျော်ဖြေရေး ဆပ်ကော်မတီ၊  လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊  အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီနှင့်      စာရင်းစစ်ဆေးရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများက လုပ်ငန်းတာဝန်များ၊   ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ကော်မတီအလိုက်  ဆောင်ရွက်ရမည့်  လုပ်ငန်း များ၊ ၂၀၂၄ ခုနှစ်   (၇၆) နှစ်မြောက်  လွပ်လပ်ရေးနေ့ အခမ်းအနား    အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက်    ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


စာပေဟောပြောပွဲများကို ကျင်းပပြုလုပ်ပေး


ထို့နောက် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွပ်လပ် ရေးနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ     ဒုတိယ ဝန်ကြီးချုပ်က   ရှင်းလင်းဆွေးနွေးတင်ပြချက်များ အပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် (၇၆) နှစ် မြောက်  လွတ်လပ်ရေးနေ့အခမ်းအနားကို  ဂုဏ်ပြု သောအားဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ် ကျောင်းများတွင် ကဗျာ၊ စာစီစာကုံး၊  ကျပန်းစကား ပြောပြိုင်ပွဲများ   ကျင်းပပေးရန်လိုကြောင်း၊   ထို့ပြင် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သည့် စာပေဟောပြော ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးသွားရန် လိုကြောင်း၊ ဆပ်ကော်မတီများအနေဖြင့်   ငွေကြေးသုံးစွဲမှုများ တွင် အလေအလွင့်မရှိစေရေး၊ ပါဝင်သင့်ပါဝင်ထိုက် သူများပါရှိစေရေး၊ နိုင်ငံတော်အဆင့်  အခမ်းအနား ဖြစ်သည့်အတွက် ဘက်ပေါင်းစုံ လစ်ဟာမှုမရှိစေရေး နှင့် လွတ်လပ်ရေးအနှစ်အရသာကို အများပြည်သူများ သိရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားကာ   အစည်းအဝေးကို    ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။               

သတင်းစဉ်