နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၆)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးနှင့် ဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ အထူးဧည့်သည်တော

နေပြည်တော်   နိုဝင်ဘာ   ၂


အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ  စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASEANSAI)၏ (၆)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) ကို ယနေ့နံနက် ၈ နာရီခွဲတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း  အထူးဧည့်သည်တော်အဖြစ်  ဗီဒီယိုမက်ဆေ့ပေးပို့  မိန့်ခွန်း ပြောကြားသည်။


တက်ရောက်


အစည်းအဝေးသို့  မြန်မာနိုင်ငံမှ  ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပါမောက္ခဒေါက်တာကံဇော်    ဦးဆောင် သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့ က နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ASEANSAI ဥက္ကဋ္ဌ ရုံးခန်းမှ တက်ရောက်ကြပြီး ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ စာရင်းစစ်ချုပ် များဖြစ်သည့်   ဘရူနိုင်းနိုင်ငံ   စာရင်းစစ်ချုပ်  Dato Paduka Yusop Mahmud၊ ကမ္ဘောဒီးယားနိုင်ငံ စာရင်းစစ်ချုပ် Dr. Mrs. Som Kim Suor၊ အင်ဒိုနီးရှားနိုင်ငံစာရင်းစစ်ချုပ် Dr. Agung  Firman  Sampurna၊   ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ချုပ် Mr. Michael G. Aguinaldo၊ စင်ကာပူ နိုင်ငံ စာရင်းစစ်ချုပ် Ms. Goh Soon Poh၊  ထိုင်းနိုင်ငံ  စာရင်းစစ်ချုပ်       Gen. Chanathap Indamra၊        


ဗီယက်နမ်နိုင်ငံစာရင်းစစ်ချုပ် Mr. Tran Sy Thanh၊ လာအိုနိုင်ငံ    ဒုတိယစာရင်းစစ်ချုပ်    Mr. Toy Phonthilath၊ မလေးရှားနိုင်ငံ ဒုတိယစာရင်းစစ်ချုပ် Mr. Rosalan  Abu  Bakar   တို့  ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ASEANSAI ၏ အထွေထွေအတွင်း ရေးမှူး Mr. Bahtiar Arif နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ကြသည်။


ဂုဏ်ပြုဖွင့်လှစ်


အစည်းအဝေးဖွင့်ပွဲ           အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   သီချင်းနှင့် ASEANSAI သီချင်းတို့ကို ဂုဏ်ပြုဖွင့်လှစ်သည်။
ထို့နောက် ASEANSAI ၏ (၂၀၂၁-၂၀၂၃) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာ ကံဇော်က      နှုတ်ခွန်းဆက်မိန့်ခွန်း    ပြောကြားပြီး မလေးရှားနိုင်ငံဒုတိယစာရင်းစစ်ချုပ်က အဖွင့်မိန့်ခွန်း ပြောကြားသည်။


ယင်းနောက် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ် ရုံးများအဖွဲ့ ASOSAI ဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံစာရင်း စစ်ကော်မရှင်ဥက္ကဋ္ဌ Gen. Chanathap Indamra နှင့်     အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Mr.Dato’ Paduka Lim Jock Hoi   တို့က  ဗီဒီယို မက်ဆေ့ဖြင့်  အမှာစကားများ ပြောကြားကြသည်။ 


အဖွင့်မိန့်ခွန်းပြောကြား


အစီအစဉ်အရ  အရှေ့တောင်အာရှနိုင်ငံများ ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၆)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး       အထူးဧည့်သည်တော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗီဒီယိုမက်ဆေ့ ပေးပို့၍ အဖွင့်မိန့်ခွန်းပြောကြားသည်။ 


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိန့်ခွန်းကို စာမျက်နှာ - ၄ တွင် ဖော်ပြထား ပါသည်။)
ယင်းနောက် ASEANSAI  အဖွဲ့ဝင် ၁၀ နိုင်ငံမှ စာရင်းစစ်ချုပ်များနှင့် ASEANSAI အတွင်းရေးမှူး တို့သည်   စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 
ထို့နောက် ထိပ်သီးအစည်းအဝေး ပထမပိုင်းကို ဆက်လက်ကျင်းပရာ  လက်ရှိ ASEANSAI ဥက္ကဋ္ဌ ကိုယ်စား  ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က   အဖွင့်မိန့်ခွန်းပြောကြားပြီး မလေးရှားနိုင်ငံ ဒုတိယစာရင်းစစ်ချုပ်က ASEANSAI ကော်မတီများနှင့်    အတွင်းရေးမှူးရုံးတို့၏  ၂၀၂၀ ပြည့်နှစ်နှင့်  ၂၀၂၁  ခုနှစ်အတွက်  လုပ်ငန်းတိုးတက်မှု အစီရင်ခံစာပေါင်းချုပ်၊ ကော်မတီများ၏ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက်       လုပ်ငန်းစီမံချက်ပေါင်းချုပ်နှင့် ASEANSAI ၏ မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)၊ ASEANSAI ၏ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံး လုပ်နည်းများ(ပြင်ဆင်ချက်)၊ အသိပညာမျှဝေရေး ကော်မတီ၏ လုပ်ငန်းနှင့်တာဝန်များ (ပြင်ဆင်ချက်) နှင့် ASEANSAI ၏ ဥပဒေရေးရာ စွမ်းဆောင်ရည်နှင့် စပ်လျဉ်းသည့်  အဆိုပြုချက်တို့ကို အစီအစဉ်အတိုင်း ဆွေးနွေးအတည်ပြုကြသည်။


ခန့်အပ်ကြောင်း ကြေညာ


ယင်းနောက်   ASEANSAI  ဥက္ကဋ္ဌ  ကိုယ်စား ဒုတိယဥက္ကဋ္ဌ     ပြည်ထောင်စုစာရင်းစစ်ချုပ်က ASEANSAI   စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံး လုပ်နည်းအရ မြန်မာနိုင်ငံ ပြည်ထောင်စုစာရင်းစစ် ချုပ်အား  ASEANSAI ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဖိလစ်ပိုင်စာရင်းစစ်ချုပ်အား ASEANSAI ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ခန့်အပ်ကြောင်း ကြေညာ ပြီး လက်ရှိဥက္ကဋ္ဌကိုယ်စား မလေးရှားနိုင်ငံ ဒုတိယ စာရင်းစစ်ချုပ်က နှုတ်ဆက်မိန့်ခွန်းပြောကြားကာ  ASEANSAI  ဥက္ကဋ္ဌအဖြစ်    တာဝန်ယူခဲ့သည့် ယခင် နှစ်နှစ်တာကာလအတွင်း မလေးရှားနိုင်ငံစာရင်း စစ်ချုပ်၏ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများ၊ ASEANSAI ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၏ ဆောင်ရွက်မှုအစီအစဉ်များနှင့် လှုပ်ရှားမှုများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှု များ၊ စိန်ခေါ်မှုများနှင့် မဟာဗျူဟာများ ပါဝင်သည့် ဥက္ကဋ္ဌတာဝန်ယူခြင်း        အထိမ်းအမှတ်စာအုပ် (၂၀၁၉-၂၀၂၁)ထုတ်ဝေခြင်း Video Clip ကို ထုတ်လွှင့် ပြသသည်။
ထို့နောက် ASEANSAI ဥက္ကဋ္ဌ တာဝန်လွှဲပြောင်း ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မလေး ရှားနိုင်ငံစာရင်းစစ်ချုပ်က မြန်မာနိုင်ငံ ပြည်ထောင်စု စာရင်းစစ်ချုပ်ထံသို့ ASEANSAI အလံနှင့် ထိပ်သီး အစည်းအဝေး၌   ဆုံးဖြတ်ချက်များ   ချမှတ်ရာတွင် ASEANSAI ဥက္ကဋ္ဌအသုံးပြုသည့်  “တူ” လွှဲပြောင်း အပ်နှင်းသည့်အခမ်းအနား  Video Clip ကို ပြသ သည်။ 


ရုပ်သိမ်း


ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က ဥက္ကဋ္ဌတာဝန်   လွှဲပြောင်းလက်ခံရရှိခြင်းအတွက် မိန့်ခွန်းပြောကြားပြီး ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ စာရင်းစစ်ချုပ်များ၊ ASEANSAI အတွင်းရေးမှူးတို့နှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်၍ အစည်းအဝေးပထမပိုင်း အစီအစဉ်ကို ရုပ်သိမ်းလိုက်သည်။
ASEANSAI  ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့၏ ထိပ်သီး အစည်းအဝေးများ ကို နှစ်နှစ်တစ်ကြိမ်ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ စာရင်း စစ်ချုပ်ရုံးက(၂၀၁၂-၂၀၁၃) ခုနှစ်တွင်လည်းကောင်း၊  ဘရူနိုင်းနိုင်ငံစာရင်းစစ်ချုပ်ရုံးက   (၂၀၁၃-၂၀၁၅) ခုနှစ်တွင်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံစာရင်း စစ်ချုပ်ရုံးက (၂၀၁၅-၂၀၁၇) ခုနှစ်တွင် လည်းကောင်း၊ လာအိုနိုင်ငံစာရင်းစစ်ချုပ်ရုံးက (၂၀၁၇-၂၀၁၉) ခုနှစ် တွင်လည်းကောင်း၊ မလေးရှားနိုင်ငံစာရင်းစစ်ချုပ် ရုံးက   (၂၀၁၉-၂၀၂၁)ခုနှစ်တွင်   လည်းကောင်း ASEANSAI ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျထမ်းဆောင်ခဲ့ ကြသည်။ ယခု (၆)ကြိမ်မြောက် ထိပ်သီးအစည်း အဝေးတွင်    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက (၂၀၂၁-၂၀၂၃) ခုနှစ် နှစ်နှစ်ကာလအတွက် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။


ဆက်လက်ကျင်းပ


ထို့နောက်    အစည်းအဝေး    ဒုတိယပိုင်းကို ASEANSAI   ဥက္ကဋ္ဌ   ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခဒေါက်တာကံဇော်က ဦးဆောင်၍ ဆက်လက် ကျင်းပရာ ASEANSAI ဥက္ကဋ္ဌပြည်ထောင်စုစာရင်းစစ် ချုပ်နှင့်    ဒုတိယဥက္ကဋ္ဌတို့က    အဖွင့်မိန့်ခွန်းများ ပြောကြားကြသည်။  
ယင်းနောက်   ၂၀၂၂-၂၀၂၃ ကာလအတွက် ASEANSAI ကော်မတီ(၄)ရပ်၏ ဥက္ကဋ္ဌများ အတည် ပြုခန့်အပ်ခြင်း၊ ကော်မတီများ၏ လုပ်ငန်းစီမံချက် ပေါင်းချုပ် (၂၀၂၂-၂၀၂၃)ကို အတည်ပြုခြင်း၊ ၂၀၂၀ ပြည့်နှစ်နှင့်  ၂၀၂၁   ခုနှစ်တို့အတွက်  ဘဏ္ဍာရေး ရှင်းတမ်းများစစ်ဆေးရန်   စာရင်းစစ်ခန့်အပ်ခြင်းနှင့် အတည်ပြုခြင်း၊ လာမည့် နှစ်နှစ်တာကာလအတွက် ဘတ်ဂျက်လျာထားချက်များ အတည်ပြုခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်


ထို့နောက် ASEANSAI ဥက္ကဋ္ဌ  ပြည်ထောင်စု စာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးတက်ရောက်ကြသည့် ကိုယ်စားလှယ် များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အစည်း အဝေး   ဒုတိယပိုင်းအစီအစဉ်ကို     ရုပ်သိမ်းလိုက် သည်။


ယနေ့ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၆)ကြိမ် မြောက်  ထိပ်သီးအစည်းအဝေးကို  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုနှင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးက အိမ်ရှင်အဖြစ် ဦးဆောင်၍ ယမန်နေ့ကလည်း  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  ကျင်းပခဲ့ရာ ဒုတိယအမြဲ တမ်းအတွင်းဝန်   တက်ရောက်ခဲ့သည်။   ထို့အတူ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့သည်     အောက်တိုဘာ   ၂၆   ရက်က ASEANSAI    အတွင်းရေးမှူးရုံးက   အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်       ကျင်းပပြုလုပ်ခဲ့သည့် ASEANSAI ၏ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့်  ညှိနှိုင်းအစည်းအဝေးသို့       တက်ရောက်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်