နေပြည်တော် ဇွန် ၇
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒို အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ် သူ/ နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၄ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ အသင်းလိုက် ဗိုလ်လုပွဲစဉ် အဖြစ် ကချင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်း တို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ဦးအောင် ကျော်ဟိုးနှင့် ဦးကိုကိုလှိုင်တို့က ၄၂ ကီလိုတန်းအောက် အမျိုးသမီး တစ်ဦးချင်း ဂျူဒိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိ ကြသူများ၊ ၄၅ ကီလိုတန်း အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယ ဆုရရှိကြသူများနှင့် ၅၀ ကီလို တန်းအောက် အမျိုးသားပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် ပူးတွဲ တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆု ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်က ၅၅ ကီလိုတန်း အောက် အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ် နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းက အမျိုးသား၊ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ဧရာဝတီ တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသည့် ကချင်ပြည်နယ်အသင်း နှင့် ပူးတွဲတတိယဆုရရှိကြသည့် မန္တလေးတိုင်းဒေသကြီး အသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း တို့ကို ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသမီး အကောင်းဆုံး အားကစားသမား ဆုနှင့် အမျိုးသားအကောင်းဆုံး အားကစားသမားဆု ရရှိကြသူများ ကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပိုးရယ်အောင် သိန်းတို့က အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသည့် ကချင်ပြည်နယ် အသင်းနှင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့ကို တံခွန် စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ကြ သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူက စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသည့် ကချင်ပြည်နယ် အသင်းကို တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို မျိုးဆက်သစ် အားကစားသမား များ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဂျူဒိုအားကစား အဆင့် အတန်း တိုးတက်မြင့်မားလာစေ ရန် ရည်ရွယ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အမျိုးသား အသင်း ၁၅ သင်း၊ အမျိုးသမီး အသင်း ၁၅ သင်း စုစုပေါင်း ပြိုင်ပွဲ ဝင်အသင်း ၃၀ မှ အသင်းအုပ်ချုပ် သူ/နည်းပြ၊ အားကစားသမား အင်အား စုစုပေါင်း ၂၆၉ ဦးဖြင့် ပြိုင်ပွဲကာလ ဇွန် ၄ ရက်မှ ၇ ရက် အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သတင်းစဉ်