
မြစ်ကြီးနား ဇန်နဝါရီ ၁၁
မြစ်ကြီးနားမြို့ မန်ခိန် ရပ်ကွက်၌ တည်ဆောက်ပြီးစီး သော တိုင်းရင်းသားရေးရာဝန်ကြီး ဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ရုံးသစ် အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အဆောက်အဦ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းနှင့် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ရုံးသစ်အဆောက် အဦကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည် ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန် တို့က ရုံးအသစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် ရုံးသစ်အဆောက် အဦအတွင်း ခင်းကျင်းပြသထား သည့် တိုင်းရင်းသားစာပေစာအုပ် စာစောင်များ၊ တိုင်းရင်းသားများ အခွင့်အရေးအတွက် ပြဋ္ဌာန်းထား သည့် ဥပဒေစာအုပ်များကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ရုံးဖွင့်ပွဲ အခမ်း အနား ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ပြည် ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်တို့က အမှာစကား ပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးက ရုံးသစ်ဖွင့်ပွဲအထိမ်း အမှတ်အလံများကို ဧည့်သည် တော်များထံ ပေးအပ်သည်။
နှုတ်ခွန်းဆက်စကားပြောကြား
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်း အတွင်း မနောအိမ်တော်၌ ပြည်နယ်အတွင်းရှိ ကချင် တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်း သားများနှင့် ဗမာတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့်တွေ့ဆုံရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ယင်းနောက် တိုင်းရင်းသား အဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ အတွက် ချီးမြှင့်ထောက်ပံ့ငွေများ နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ ကိုယ်စား မြန်မာနိုင်ငံ ကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလနူး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ကောက်သစ်စားပွဲတက်ရောက်
ထို့နောက် မဂျွယ်ခန်းမ၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအသင်းအဖွဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့်အတူ ကောက်သစ် စားပွဲ အခမ်းအနားသို့ တက် ရောက်ပြီး နေ့လယ်စာကို အတူ တကွ သုံးဆောင်ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးလေ့ကျင့် ရေး ဦးစီးဌာန၊ အမှတ် ၁ နှင့် ၂ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း (မြစ်ကြီးနား) မှ ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူများ နှင့် တွေ့ဆုံပွဲသို့ တက်ရောက် ကြသည်။
တွေ့ဆုံပွဲတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင် က ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနမှ ဖွင့်လှစ်သည့် သင်တန်းကျောင်း အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက ဖွံ့ဖြိုးရေး သင်တန်းကျောင်း (၂) ခု၏ သင်ကြားရေးလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထောက်ပံ့ပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် Jeng Phang နော်တောင်က လမ်းညွှန်အမှာစကား ပြောကြား ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ဝန်ထမ်း များနှင့် ကျောင်းသားကျောင်းသူ များအတွက် ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံများနှင့် စာရေး ကိရိယာများကို ထောက်ပံ့ပေးအပ် ကြသည်။
ရင်းရင်းနှီးနှီး အားပေး
ယင်းနောက် ကျောင်းဝင်း အတွင်း ကျောင်းသား ကျောင်းသူ များ၏ ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ရေး ပစ္စည်းများဖြင့် လေ့ကျင့်ခန်းဆောင်ရွက်နေမှု၊ စားရိပ်သာတွင် အစားအသောက် ကျွေးမွေးမှုအခြေအနေ၊ အိပ် ဆောင်များနှင့် ကျောင်းစာကြည့် တိုက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး ကျောင်းသား ကျောင်းသူများ အား ရင်းရင်းနှီးနှီး အားပေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်