နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော်  ဇွန်  ၁၀


မြန်မာ့ရိုးရာ   ခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာ   စေရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက် သစ်ရွက်ပုန်းသီး အားကစားသမား များ ပေါ်ထွက်လာစေရန် ရည်ရွယ် ကျင်းပသည့် ၂၀၂၂ခုနှစ်တိုင်းဒေသ ကြီးနှင့် ပြည်နယ်   ရိုးရာခြင်းလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်  နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ  (B)  ၌ ကျင်းပသည်။

 


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်များ ဖြစ်ကြသည့်    မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊  Jeng  Phang နော်တောင်၊     စောဒန်နီယယ်၊ ဒေါက်တာ    ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး များ၊  ဒုတိယဝန်ကြီးများ၊  ဌာန ဆိုင်ရာတာဝန်ရှိသူများ၊  မြန်မာ နိုင်ငံ  ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင်အသင်း များမှ   အုပ်ချုပ်သူ/  နည်းပြများ နှင့်      အားကစားသမားများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး  ဦးမင်းသိန်းဇံက  မြန်မာ့ ရိုးရာ  ခြင်းလုံးခတ်ကစားခြင်းကို ပြည်သူလူထုအတွင်း တစ်နှစ်ထက် တစ်နှစ် စိမ့်ဝင်တိုးတက်လာစေပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု   အမွေ အနှစ် တစ်ရပ်အဖြစ် ထိန်းသိမ်း မြှင့်တင်ရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်       ထက်မြက်လာစေရေး အတွက် ယခုကဲ့သို့ ပြိုင်ပွဲများကို ကျင်းပပေးခြင်း   ဖြစ်ကြောင်း၊ ခြင်းလုံးခတ်   ကစားခြင်းသည် မြန်မာ့ယဉ်ကျေးမှုကို   အခြေခံ သည့် ရိုးရာအားကစားနည်းဖြစ် ကြောင်း၊ ပြည်သူများ လက်လှမ်း မီပြီး    လွယ်ကူစွာ   ကစားနိုင် သော  အားကစားနည်းဖြစ်သည့် အပြင်        ကျန်းမာရေးအတွက်            များစွာ     အထောက်အကူပြု ကြောင်း၊ “အပေးအယူ ချစ်ကြည် ဖြူ ခြင်းမူ စာဂ မျှစိတ္တ”ဆိုသည့် ခြင်းလုံးအားကစား  ဆောင်ပုဒ် အတိုင်း ခြင်းလုံးအားကစားနည်း သည် ခြင်းဝိုင်းအတွင်း  ကစားသူ အချင်းချင်း အပေးအယူမျှတသည့် စိတ်၊  တစ်ဦးနှင့်တစ်ဦး  ချစ်ခင် ကြည်ဖြူသည့် စိတ်၊ တရားမျှတ သည့်စိတ်များ မွေးမြူဖော်ဆောင် ၍  ကစားရသည့်  အားကစားနည်း တစ်ခုလည်း        ဖြစ်ကြောင်း၊ နိုင်ငံတကာ  အားကစားပြိုင်ပွဲများ တွင်    မြန်မာ့ရိုးရာ     ခြင်းလုံး အားကစားနည်း   အောင်မြင်မှုရရှိ စေရန်အတွက်      အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားသမား များအနေဖြင့်  ဆတက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်း  ဆောင်ရွက်သွား ကြရန်လိုကြောင်း၊   ယခုပြိုင်ပွဲမှ တစ်ဆင့်    ချစ်ကြည်ပူးပေါင်းမှု ရရှိကာ   ပြည်ထောင်စုစိတ်ဓာတ် တိုးတက်မြင့်မားရေး၊ အမျိုးသား ရေးစိတ်ဓာတ် ရှင်သန်ထက်မြက် ရေး၊   ခြင်းလုံးအားကစား   ပိုမို ရှင်သန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထူးချွန်သော     ရိုးရာခြင်းလုံး အားကစားသမားများ  ပေါ်ပေါက် လာစေရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်   သွားကြရန် လိုကြောင်း ပြောကြားသည်။

 


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယ ဝန်ကြီးများနှင့်   တာဝန်ရှိသူများ သည်  အားကစားသမားများကို ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက် ကြပြီး ဝိုင်းဖွဲ့ခြင်းလုံးခတ်(အမျိုးသမီး) ပွဲစဉ်များအဖြစ် မကွေးတိုင်း ဒေသကြီးနှင့်  ပဲခူးတိုင်းဒေသကြီး အသင်း   ယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့်  မန္တလေးတိုင်းဒေသကြီး အသင်း   ယှဉ်ပြိုင်ကစားနေမှုကို လည်းကောင်း၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်မှ        သရုပ်ပြ ခြင်းလုံးခတ်     ကစားနေမှုကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

 


၂၀၂၂  ခုနှစ်    တိုင်းဒေသကြီး နှင့်ပြည်နယ်     ရိုးရာခြင်းလုံး ပြိုင်ပွဲကို ဇွန် ၁၀ ရက်မှ ၁၃ရက် အထိ  နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသွား မည်ဖြစ်ပြီး         ရိုးရာခြင်းလုံး အားကစားနည်းကို     စိတ်ပါ ဝင်စားသည့်   မည်သူမဆို  အခမဲ့ လာရောက်  ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။


သတင်းစဉ်