နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ကော်ဖီစက်ရုံသို့ သွားရောက်ကြည့်ရှု

 

နေပြည်တော်   မတ်  ၁၇


MSMEs လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးကို   နိုင်ငံတော်က  အားပေးဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ပိုးရယ်အောင်သိန်း၊  ခွန်စံလွင်၊ ရှမ်းပြည်နယ်         ဝန်ကြီးချုပ်  ဦးအောင်ဇော်အေး၊    ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့  တုံခမ်းရပ်ကွက်ရှိ  Coffee neo စက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးကြသည်။

 


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်   တာဝန်ရှိသူများသည် Coffee neo စက်ရုံအတွင်း ကော်ဖီသီးရွေးနေမှု၊ အခွံချွက်စက်ဖြင့် ကော်ဖီသီးများ အခွံချွတ် နေမှုနှင့် ကော်ဖီစေ့များ နေလှန်းထားရှိမှုတို့ကို ကြည့်ရှုကြသည်။

 


လှည့်လည်ကြည့်ရှု


ထို့ပြင် ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝသည့်     ရှမ်းပြည်နယ်ကို   ခရီးသွားများ   ပိုမိုတိုးတက်ဝင်ရောက်လာစေရေးနှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ဖော်ဆောင်နိုင်ရန်  ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဟိုပုံးမြို့နယ်  လုံခုတ်ကျေးရွာအုပ်စုအနီးရှိ ဟိုပုံးရေထွက်ကြီး    အပန်းဖြေနားနေစခန်းကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။                     

 

သတင်းစဉ်