နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်  အောက်တိုဘာ ၁၂


၂၀၂၃    ခုနှစ်    ပြည်နယ်နှင့်တိုင်း ဒေသကြီး    ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်    ဆုချီးမြှင့်ပွဲအခမ်း အနားကို     ယနေ့မွန်းလွဲပိုင်း တွင်   နေပြည်တော်ရှိ   ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်    ဒေါ်ဒွဲဘူ၊   ပိုးရယ် အောင်သိန်း၊   ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊     ခွန်စံလွင်၊   ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊  မြန်မာ နိုင်ငံခြင်းလုံးအဖွဲ့ချုပ်  ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊     ပြိုင်ပွဲဝင် အားကစားသမားများ၊    အသင်း အုပ်ချုပ်သူနည်းပြများ၊ ဝန်ထမ်း မိသားစုများနှင့် ခြင်းလုံးဝါသနာ ရှင်ပြည်သူများ     တက်ရောက် ကြည့်ရှုအားပေးကြသည်။


ကြည့်ရှုအားပေး


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊   ပြည် ထောင်စုဝန်ကြီးများနှင့် ဧည့်သည် တော်များသည်   ၂၀၂၃   ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး  ရိုးရာ ခြင်းလုံး အမျိုးသားခြောက်ပေါက် တန်းပြိုင်ပွဲ       ဗိုလ်လုပွဲအဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး   အသင်း တို့၏    ယှဉ်ပြိုင်မှုကို    ကြည့်ရှု အားပေးကြသည်။ 


ဆုများပေးအပ်ချီးမြှင့်


ပြိုင်ပွဲအပြီးတွင်    ဆုချီးမြှင့် ခြင်းအခမ်းအနားကို   ဆက်လက် ကျင်းပရာ  မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်  နာယက   ဦးစိုးတင့်က တက်သစ်စ အမျိုးသမီးအားကစား သမားဆုရ      နေပြည်တော်မှ မခင်သန္တာအောင်နှင့်  တက်သစ်စ အမျိုးသားအားကစားသမားဆုရ ပဲခူးတိုင်းဒေသကြီးမှ မောင်ဇော် လင်းနိုင်တို့အား    ဆုတံဆိပ်နှင့် ငွေသားဆုများ    ပေးအပ်ချီးမြှင့် သည်။


ဆက်လက်၍        ဟိုတယ် နှင့်  ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က     အမျိုးသမီး လေးပေါက်တန်းပြိုင်ပွဲတွင် တတိ ယဆုရရှိသည့် ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို    လည်းကောင်း၊ နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဦးရွှေကြိမ်းက ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းကို      လည်း ကောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်  ခွန်စံလွင်က ပထမဆုရရှိသည့် မန္တလေးတိုင်း ဒေသကြီးအသင်းကို လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်  ဒေါ်ဒွဲဘူ က   ပထမဆုရရှိသည့်   မန္တလေးတိုင်းဒေသကြီး  အသင်း အား    တံခွန်စိုက်ဆုဖလားကို လည်းကောင်း၊    မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်     ဥက္ကဋ္ဌ  ဦးသက်လွင်က      အမျိုးသမီး အကောင်းဆုံး အားကစားသမား ဆုရ   ရန်ကုန်တိုင်းဒေသကြီးမှ မခိုင်သဇင်ဖြိုးနှင့်     အမျိုးသား အကောင်းဆုံး  အားကစားသမား ဆုရ      ရန်ကုန်တိုင်းဒေသကြီး မှ     မောင်ဇော်လင်းမောင်တို့ကို ဆုတံဆိပ်နှင့်     ငွေသားဆုများ ကိုလည်းကောင်း  ပေးအပ်ချီးမြှင့် ကြသည်။


ယင်းနောက်    အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်း ဇံက   အမျိုးသားခြောက်ပေါက် တန်းပြိုင်ပွဲတွင်    တတိယဆုရရှိ သည့်   ဧရာဝတီတိုင်းဒေသကြီး အသင်းကိုလည်းကောင်း၊  နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေကဒုတိယ ဆုရရှိသည့်  ရန်ကုန်တိုင်းဒေသ ကြီးအသင်းကို  လည်းကောင်း၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်    ဒေါက်တာမှုထန်က  ပထမဆုရရှိသည့်   မန္တလေးတိုင်း ဒေသကြီးအသင်းတို့ကို   လည်း ကောင်း  တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြ သည်။


ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက ပထမဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီး  အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်သည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


ဆုချီးမြှင့်ပွဲအပြီးတွင်     နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည်     ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။


၁၈၆  ဦး  ဝင်ရောက်ယှဉ်ပြိုင်


ပြည်နယ်နှင့် တိုင်းဒေသကြီး မြန်မာ့ရိုးရာ    ခြင်းလုံးပြိုင်ပွဲကို ကျင်းပခြင်းဖြင့်     “ခြင်းလုံးအစ မြန်မာက” ဆိုသည့်အတိုင်း ကမ္ဘာ သို့တိုင်အောင် ဖော်ဆောင်နိုင်ရေး၊ မြန်မာ့ရိုးရာ  ခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက် သစ်ရွက်ပုန်းသီး အားကစားသမား များ    ပေါ်ထွက်လာစေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေ အနှစ် တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင် ပြီး    မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်  လာစေရေးအတွက် ရည်ရွယ်၍   ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲသို့     အမျိုးသားအသင်း  ၁၂   သင်း၊  အမျိုးသမီးအသင်း ခြောက်သင်းမှ အားကစားသမား စုစုပေါင်း  ၁၈၆  ဦး   ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်