
နေပြည်တော် အောက်တိုဘာ ၁၁
လက်ဝှေ့အားကစား အဆင့် အတန်း တိုးတက်မြင့်မားလာစေ ရန်နှင့် မျိုးဆက်သစ်လက်ဝှေ့ အားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉) ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား၊ အမျိုးသမီး) လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လက်ဝှေ့ရုံ၌ ကျင်းပသည်။
ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာ ဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အသင်းအုပ်ချုပ် သူနည်းပြများ၊ ပြိုင်ပွဲဝင်အားကစား သမားများ၊ ဝန်ကြီးဌာနမှ ဝန်ထမ်း မိသားစုများနှင့် လက်ဝှေ့ အားကစားဝါသနာရှင်များ တက် ရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့ပြိုင်ပွဲတွင် ဗိုလ်လုပွဲ အဖြစ် ဝိတ်တန်းအလိုက် အမျိုး သား (၄၈၊ ၅၁၊ ၅၇၊ ၆၃ ဒသမ ၅၊ ၇၁၊ ၈၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ် ခြောက်ပွဲနှင့် အမျိုးသမီး (၄၆၊ ၅၇၊ ၆၃) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ် သုံးပွဲ ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့် ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ အမျိုးသမီး (၄၆) ကီလို တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိ ခဲ့ကြသူများကို စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်စင်က လည်းကောင်း၊ အမျိုးသား (၄၈) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိခဲ့ကြသူများကို စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း က လည်းကောင်း၊ အမျိုးသား (၅၁) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိခဲ့ကြသူများကို တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က လည်း ကောင်း၊ အမျိုးသမီး (၅၇) ကီလို တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိ ခဲ့ကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကလည်းကောင်း၊ အမျိုးသား (၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိခဲ့ကြသူများကို နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကလည်း ကောင်း၊ အမျိုးသား (၆၃ ဒသမ ၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယ ဆုရရှိခဲ့ကြသူများကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကလည်းကောင်း၊ အမျိုးသမီး(၆၃) ကီလိုတန်းပြိုင်ပွဲတွင်ပထမ၊ဒုတိယ၊ တတိယနှင့် ပူးတွဲတတိယဆုရရှိခဲ့ ကြသူများကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက လည်းကောင်း ဆုတံဆိပ်နှင့်ငွေသား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့အတူ အမျိုးသား (၇၁)ကီလိုတန်းပြိုင်ပွဲတွင် ပထမရရှိ သည့် စတီးရှူး (ဧရာဝတီ)၊ ဒုတိယ ရရှိသည့် ရှိုင်းထက်ကိုကို(ကချင်)၊ တတိယရရှိသည့် မင်းဝေအောင် (မန္တလေး) နှင့် ပူးတွဲတတိယရရှိ သည့် ကျော်မျိုးဟန် (စစ်ကိုင်း) တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က လည်းကောင်း၊ အမျိုးသား (၈၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမရရှိ သည့် စောငွေမိုး (ကရင်)၊ ဒုတိယ ရရှိသည့် သက်ထွန်းဇော် (ကချင်)၊ တတိယရရှိသည့် ခွန်ဇွဲမောင် မောင် (ရှမ်း) နှင့် ပူးတွဲတတိယရရှိ သည့် ဝဏ္ဏစိုး (ရန်ကုန်) တို့ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက လည်းကောင်း၊ အမျိုးသား၊ အမျိုး သမီး အကောင်းဆုံးအားကစား သမားဆု ရရှိခဲ့သည့် ဂင်ရှင်းမောင် (ချင်း) နှင့် အေးအေးပြည့် (တနင်္သာရီ) တို့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေက လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ရွှေငါးခုနှင့် ကြေးတစ်ခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလား ရရှိခဲ့သည့် တနင်္သာရီတိုင်းဒေသ ကြီးအသင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က လည်းကောင်း၊ ရွှေသုံးခုဖြင့် အမျိုးသားတံခွန် စိုက်ဆုဖလားရရှိခဲ့သည့် ကရင် ပြည်နယ်အသင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက လည်း ကောင်း၊ ရွှေငါးခုနှင့် ကြေး လေးခုဖြင့် စုပေါင်းတံခွန်စိုက်ဆု ဖလားရရှိခဲ့သည့် တနင်္သာရီတိုင်း ဒေသကြီးအသင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူကလည်းကောင်း (အပေါ် ဝဲပုံ) တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်