နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်

 

နေပြည်တော် နိုဝင်ဘာ ၁၅


၂၀၂၃  ခုနှစ်   ပြည်နယ်နှင့်   တိုင်း ဒေသကြီး အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း  (အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ   (A) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ       တက် ရောက်ကြည့်ရှုအားပေးကြသည်။  


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်များ ဖြစ်ကြသည့်   ဒေါ်ဒွဲဘူ၊   ပိုးရယ် အောင်သိန်း၊    ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး များ၊   ဒုတိယဝန်ကြီးများ၊   ဌာန ဆိုင်ရာ  တာဝန်ရှိသူများ၊  မြန်မာ နိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ၊ ပြိုင်ပွဲဝင်အသင်းများ မှ   အုပ်ချုပ်သူ၊   နည်းပြများနှင့် အားကစားသမားများ       တက် ရောက်ကြသည်။ 


အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ        ဥက္ကဋ္ဌ၊ အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း “အေရိုးဗစ်” အားကစားနည်းသည် အထောက် အကူပြုပစ္စည်း   ကိရိယာမလိုဘဲ တစ်ဦးချင်းရော   အဖွဲ့လိုက်ပါ ကျန်းမာရေးအတွက်   လေ့ကျင့် ကစားနိုင်သည့် အားကစားနည်း ဖြစ်ကြောင်း၊        တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့်   လေ့ကျင့် ကစားကြမည်ဆိုပါက   “တစ်မျိုး သားလုံး ကျန်းမာကြံ့ခိုင်ရေး” ကို အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး  ပါဝင်လှုပ်ရှား ကစားနိုင်သည့် လူထုအားကစားအသွင်ဖော်ဆောင်နိုင်မည်   ဖြစ် ကြောင်း၊  ပြည်နယ်နှင့်တိုင်းဒေသ ကြီး           ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း “အေရိုးဗစ်” ပြိုင်ပွဲ ဝင်အသင်းများသည်   မိမိတို့၏ အသင်း        အောင်မြင်မှုရရှိရေး အတွက်   အားကစားစိတ်ဓာတ် အပြည့်အဝဖြင့်     အစွမ်းကုန် အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင် ကြစေလိုကြောင်း၊   ပြိုင်ပွဲတွင် အကဲဖြတ်ပေးကြမည့် ဒိုင်လူကြီး များသည်လည်း   သတ်မှတ်ထား သည့်      ဥပဒေ၊    စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ    တရား မျှတ   မှန်ကန်စွာ   ဆုံးဖြတ် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် ပြိုင်ပွဲဝင်အားကစား သမားများက  အားကစားသစ္စာ ဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။ 
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး        ဦးမင်း သိန်းဇံနှင့် တာဝန်ရှိသူများသည်     ပြိုင်ပွဲဝင် အားကစားသမားများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြ ပြီး ပထမနေ့ပွဲစဉ်ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများကို  ကြည့်ရှုအားပေးကြ သည်။


အဆိုပါပြိုင်ပွဲကို       လူထု အားကစားလုပ်ငန်းများ ကျယ်ပြန့် စွာ ဆောင်ရွက်နိုင်ရန်၊ အားကစား လှုပ်ရှားမှုများတွင်       စုပေါင်း လှုပ်ရှားသော   အလေ့အကျင့် ကောင်းများ     ရရှိလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသော မျိုးဆက် သစ်လူငယ်များ ထွက်ပေါ်လာစေ ရန်    ရည်ရွယ်ကျင်းပခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲပွဲစဉ်များအဖြစ် ကိုးယောက်တွဲအကြီးတန်းပြိုင်ပွဲ၊ Fitness  Dance  ပြိုင်ပွဲ၊   သုံး ယောက်တွဲပြိုင်ပွဲနှင့်  တစ်ဦးချင်း ပြိုင်ပွဲများကို နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ် ပြီး   ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ     ပြိုင်ပွဲဝင်   အမျိုးသမီး အသင်း ၁၄ သင်းတို့   ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း              သိရ သည်။ 


သတင်းစဉ်