နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော် နိုဝင်ဘာ ၃


၂၀၂၃ ခုနှစ်  ပြည်နယ်နှင့်  တိုင်း ဒေသကြီး(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်     နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ  အားကစားရုံ  (C)  ၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      အဖွဲ့ဝင် ဒေါ်ဒွဲဘူ၊    ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ မှုထန်၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊      နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊  နေပြည်တော်ကောင်စီ   အဖွဲ့ဝင်၊  ဌာနဆိုင်ရာ     တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ     ဘော်လီဘောအဖွဲ့ ချုပ်မှ  တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင် အသင်းများမှ  အုပ်ချုပ်သူ/နည်းပြ များ၊     အားကစားသမားများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစား ဝါသနာရှင်ပြည်သူများ    တက် ရောက် ကြည့်ရှုအားပေးကြသည်။


ဦးစွာ ပြည်နယ်နှင့် တိုင်းဒေသ ကြီး        ဘော်လီဘောပြိုင်ပွဲ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီး  အသင်း နှင့်   ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ    မန္တလေး တိုင်းဒေသကြီးအသင်းက ကချင် ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊      (အမျိုးသား) ဗိုလ်လုပွဲပွဲစဉ်အဖြစ် ပြည်ထောင်စု နယ်မြေ  နေပြည်တော်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့  ယှဉ်ပြိုင် ကစားကြရာ  ရှမ်းပြည်နယ်အသင်း က ပြည်ထောင်စုနယ်မြေ နေပြည် တော်အသင်းကို  သုံးပွဲ-တစ်ပွဲဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။


ထို့နောက်   ဆုချီးမြှင့်ခြင်း အခမ်းအနားကို        ဆက်လက် ကျင်းပရာ        ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီ  အဖွဲ့ဝင် ဦးမြင့်စိုးတို့က          ပြည်နယ်နှင့် တိုင်းဒေသကြီး         ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲတွင် အကောင်း ဆုံးစပေးဘောဆု၊  အကောင်းဆုံး ပင့်ထောင်ဆု၊        အကောင်းဆုံး ရိုက်ခုတ်ဆု၊          အကောင်းဆုံး ပိတ်ဆို့ဆု၊    အကောင်းဆုံးခုခံ ဆယ်မဆု၊  အကောင်းဆုံးဘော်လီ ဘော အားကစားသမားဆု ရရှိကြ သူများကို  ဂုဏ်ပြုဆုတံဆိပ်များ နှင့်    ဂုဏ်ပြုဆုငွေများ   ပေးအပ် ချီးမြှင့်ကြသည်။


ပေးအပ်ချီးမြှင့်


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီး   ဦးမင်းသိန်းဇံ၊   ဒုတိယ ဝန်ကြီး  ဦးအောင်ကျော်ထွန်းနှင့် ဦးမောင်မောင်ဝင်းတို့က ပြည်နယ် နှင့် တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲတွင် အကောင်း ဆုံး စပေးဘောဆု၊ အကောင်းဆုံး ပင့်ထောင်ဆု၊ အကောင်းဆုံး ရိုက် ခုတ်ဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊   အကောင်းဆုံး      ခုခံဆယ်မဆု၊ အကောင်းဆုံး       ဘော်လီဘော အားကစားသမားဆု        ရရှိကြသူ များကို  ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။ 


ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီး         ဦးဉာဏ်ထွန်းနှင့် ဒေါက်တာ     ချာလီသန်းတို့က ပြည်နယ်နှင့်     တိုင်းဒေသကြီး ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ တွင်      ပူးတွဲတတိယဆု  ရရှိကြ သည့်    ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့်  ရှမ်းပြည်နယ်အသင်း တို့ကို   တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေတို့ကို လည်းကောင်း၊ နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဦးရွှေကြိမ်းက ဒုတိယဆုရရှိသည့်          ကချင် ပြည်နယ်အသင်းကို   တစ်ဦးချင်း ဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေတို့ကို လည်းကောင်း၊     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဒေါ်ဒွဲဘူ (အပေါ်ပုံ) နှင့် ဒေါက်တာ မှုထန်တို့က  ပထမဆုရရှိသည့်    မန္တလေးတိုင်း ဒေသကြီးအသင်းကို   တစ်ဦးချင်း  ဆုတံဆိပ်၊   ဂုဏ်ပြု ဆုငွေနှင့် တံခွန်စိုက်ဆုဖလား တို့ ကိုလည်းကောင်း    ပေးအပ်ချီးမြှင့် ကြသည်။


ထို့နောက်      ပြည်ထောင်စု ဝန်ကြီး           ဦးကိုကိုလှိုင်နှင့် နေပြည်တော်ကောင်စီ    ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ပြည်နယ်နှင့် တိုင်းဒေသကြီး        ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲတွင်   ပူးတွဲ တတိယဆုရရှိကြသည့် မန္တလေး တိုင်းဒေသကြီးအသင်းနှင့် ကရင် ပြည်နယ်အသင်းကို တစ်ဦးချင်း ဆုတံဆိပ်နှင့်    ဂုဏ်ပြုဆုငွေတို့ကို လည်းကောင်း၊        နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      အဖွဲ့ဝင် ခွန်စံလွင်က         ဒုတိယဆုရရှိ သည့်            ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို  တစ်ဦး ချင်းဆုတံဆိပ်နှင့်  ဂုဏ်ပြုဆုငွေ တို့ကိုလည်းကောင်း၊   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့်   မန်းငြိမ်း မောင်တို့က   ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်းကို  တစ်ဦး ချင်းဆုတံဆိပ်၊  ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကို  လည်း ကောင်း ပေးအပ်ချီးမြှင့်ကြသည်။


ပါဝင်ယှဉ်ပြိုင် 


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ခွန်စံလွင်နှင့်   ဦးရွှေကြိမ်းတို့က ပြည်နယ်နှင့်         တိုင်းဒေသကြီး ဘော်လီဘော      (အမျိုးသား)ပြိုင်ပွဲတွင်   ပထမဆုရရှိသည့် ရှမ်းပြည်နယ်အသင်းကို ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကြသည်။


၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ဘော်လီဘော  အားကစားအဆင့် အတန်း ပိုမိုတိုးတက်မြင့်မားလာ စေရေး၊          အားကစားသမား အချင်းချင်း   ချစ်ကြည်ရင်းနှီးမှု  ခိုင်မာလာစေရေး၊   မျိုးဆက်သစ် အားကစားသမားများ  ပေါ်ထွက် လာစေရေးနှင့်         ဘော်လီဘော အားကစားနည်းကို        နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစား ကြစေရေးတို့အတွက်  ရည်ရွယ်၍ အားကစားနှင့်        လူငယ်ရေးရာ ဝန်ကြီးဌာန၊        အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်   မြန်မာ နိုင်ငံ  ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကာ အောက်တိုဘာ  ၂၅ ရက်မှ   နိုဝင်ဘာ   ၃  ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ   (C)၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ  ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း  ၁၃ သင်းတို့မှ အားကစားသမား စုစုပေါင်း ၄၁၈ ဦး   ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။                  

သတင်းစဉ်