နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၂ ခုနှစ်  ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲ တက်ရောက်    

         

 

နေပြည်တော်   မေ   ၃၀
၂၀၂၂   ခုနှစ်  ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉   နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။
အခမ်းအနားသို့    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊    Jeng  Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်း လုံးဆိုင်၊      စောဒန်နီယယ်၊ ဒေါက်တာ    ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ  ဦးသာဌေး၊      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ  ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီး များ    ဖြစ်ကြသော    ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်း သိန်းဇံ၊ ဦးရွှေလေး၊ ဦးစောထွန်း အောင်မြင့်နှင့်       ဒေါက်တာ ဌေးအောင်၊   ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးမျိုးလှိုင်နှင့် ဦးဇော်အေးမောင်တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီး        ဦးမင်းသိန်းဇံက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် ပြီး ဒေသအသီးသီးရှိ တိုင်းရင်းသား အချင်းချင်း  ချစ်ကြည်ရင်းနှီးမှု ရရှိကာ မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများ  ပေါ်ထွက် လာစေရန်၊       လူငယ်/လူရွယ် များ   လက်ဝှေ့အားကစားနည်း ကို  ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း  ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊   သတ္တိနှင့်   ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး      ထူးချွန် ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်      အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများကို ကျင်းပ ပေးရခြင်းဖြစ်ကြောင်း၊   ပြိုင်ပွဲ တွင်   တရားသော ယှဉ်ပြိုင်ခြင်း  ဖြင့် အနိုင်ရရှိအောင် အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် အသန့် ရှင်းဆုံး ကြိုးစား၍ ပါဝင်ယှဉ်ပြိုင် ကြရန်လိုကြောင်း၊    မိမိတို့၏ အရည်အချင်း၊  အစွမ်းအစများ ကို   အစွမ်းကုန်   ဖော်ထုတ်ပြသ ပြီး အားကစားသမားကောင်းများ ပီသစွာဖြင့်     သတ်မှတ်ထား သော  စည်းမျဉ်း၊    စည်းကမ်းများ ကို    လေးစားလိုက်နာကြစေလို ကြောင်း၊ မျိုးဆက်သစ် လူငယ် လက်ဝှေ့ အားကစားသမားကောင်း များဖြစ်လာအောင်     ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်း မှာကြားပြီး    လက်ဝှေ့ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ယင်းနောက်     ပြိုင်ပွဲဝင် အားကစားသမားများက    အား ကစားသစ္စာ   အဓိဋ္ဌာန်ရွတ်ဆို၍ နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးတို့က ပြိုင်ပွဲဝင် အားကစား သမားများကို လိုက်လံနှုတ်ဆက် သည်။
ကြည့်ရှုအားပေး
ထို့နောက် ပြိုင်ပွဲ ပွဲစဉ်အဖြစ် အမျိုးသား (၅၆)ကီလိုတန်း ပြိုင်ပွဲ တွင်   ကရင်ပြည်နယ်အသင်းမှ  စောအတစ်နှင့်    ရှမ်းပြည်နယ် အသင်းမှ ရှိုင်းငယ်တို့၏ ယှဉ်ပြိုင် ကစားနေမှုကို  လည်းကောင်း၊ အမျိုးသား  (၆၀)  ကီလိုတန်း ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်း မှ   နုတ်မာရ်နှင့်   ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ    စောဘွယ် ကလိုတို့၏ ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊    အမျိုးသမီး (၄၈)ကီလိုတန်းပြိုင်ပွဲတွင် မကွေး တိုင်းဒေသကြီး        အသင်းမှ သင်းသင်းခိုင်နှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းမှ အေးအေးပြည့် တို့၏ ယှဉ်ပြိုင်ကစားနေမှုတို့ကို လည်းကောင်း ကြည့်ရှုအားပေးကြ သည်။
အမှာစကားပြောကြား
ပြည်ထောင်စု  ဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင်    နေပြည် တော်အားကစား  လေ့ကျင့်ရေး စခန်း (Gold Camp)ရှိ (Multi-purpose Hall)၌     အားကစား နှင့်    လူငယ်ရေးရာဝန်ကြီးဌာန ၏  ဦးဆောင်မှုဖြင့်  မြန်မာနိုင်ငံ သေနတ်ပစ်အားကစား အဖွဲ့ချုပ် နှင့်     တပ်မတော်သေနတ်ပစ် ကော်မတီတို့   ပူးပေါင်းဖွင့်လှစ် သည့်      အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်     အားကစားနည်း သင်တန်းအမှတ်စဉ်    (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။     သတင်းစဉ်