နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မဟာသင်္ကြန် အတာရေသဘင်ပွဲတော်တွင် ပါဝင်ဆင်နွှဲ

 

နေပြည်တော်   ဧပြီ   ၁၄  


မြန်မာသက္ကရာဇ်    ၁၃၈၄   ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာ ရေသဘင်ပွဲတော်တွင်   နယ်စပ် ရေးရာဝန်ကြီးဌာန   ဝန်ထမ်း မိသားစုများအနေဖြင့် ရိုးရာအစဉ် အလာမပျက် မြန်မာနှစ်သစ်တွင် စိတ်ခွန်အားသစ်များ ရရှိစေရန် နှင့် စိတ်အပန်းပြေပျော်ရွှင်စွာဖြင့် ရေကစားနိုင်ရန်အတွက် နယ်စပ် ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာ ရေသဘင်ပွဲတော်    ဖွင့်ပွဲအခမ်း အနားကို   ယမန်နေ့   အကြိုနေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး   ယနေ့ အကျနေ့  မွန်းလွဲ   ၃   နာရီတွင် နေပြည်တော်   ရုံးအမှတ်   (၄၂) ဝန်ကြီးဌာန   ရေကစားမဏ္ဍပ်၌ ပျော်ပွဲရွှင်ပွဲများနှင့်     စတုဒိသာ ကျွေးမွေးဧည့်ခံခြင်း   အစီအစဉ် များကို  ဆက်လက်ကျင်းပသည်။

 


အဆိုပါ မဟာသင်္ကြန် အတာ ရေသဘင် ပွဲတော်အကျနေ့တွင် အထူးဖိတ်ကြားထားသည့် နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယ ဝန်ကြီးချုပ်နှင့်    ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင် စန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာ ကျော်ထွန်း၊ ဒေါက်တာအောင်ကျော် မင်း၊   ဦးခွန်စံလွင်၊   ဦးရွှေကြိမ်း နှင့် ဦးရန်ကျော်၊ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသာဌေး၊  နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး၊   ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊   ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီးနှင့်    ဝန်ထမ်းမိသားစုများ တက်ရောက်၍ ပျော်ရွှင်စွာ  ပါဝင် ဆင်နွှဲကြသည်။

 


ရှေးဦးစွာ ပျော်ပွဲရွှင်ပွဲအခမ်း အနားသို့ တက်ရောက်လာကြသော ဒုတိယဝန်ကြီးချုပ်၊   နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် များ၊        နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ နှင့်  ပြည်ထောင်စုဝန်ကြီးများ အား နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ဌာနအကြီးအကဲများ၊   ဝန်ထမ်း များ၊   ဝန်ထမ်းမိသားစုများနှင့် ယိမ်းအဖွဲ့များက လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ  သောင်းသောင်း ဖြဖြကြိုဆိုကြသည်။  

 


ထို့နောက်     ဒုတိယဝန်ကြီး ချုပ်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ   ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး များသည်  ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများနှင့်  ယိမ်းအကအဖွဲ့ များအား    အမွှေးနံ့သာရည်များ ပက်ဖျန်း၍ အတူတကွ ပျော်ရွှင်စွာ ရေကစားကြပြီး ဝန်ထမ်းမိသားစု များနှင့်   အနုပညာရှင်များ၏ အလှအပများဖြင့်    ကပြသီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကာ (အပေါ်ပုံ)      ဂုဏ်ပြုချီးမြှင့်ငွေ များ  ပေးအပ်သည်။  ယင်းနောက် ဝန်ထမ်းမိသားစုများ၏    နိဗ္ဗာန် ဈေး (စတုဒိသာ) ကျွေးမွေးဧည့်ခံ နေမှုများကို  ကြည့်ရှုအားပေးပြီး ဝန်ထမ်းများနှင့်     အတူတကွ သုံးဆောင်ကြသည်။

 


နယ်စပ်ရေးရာ  ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ  အနေဖြင့် ဧပြီ ၁၃ ရက် အကြိုနေ့မှ စတင်၍ ဧပြီ ၁၆ ရက်  အတက်နေ့အထိ ဝန်ကြီးဌာနမဏ္ဍပ်၌ အဆို၊ အက များဖြင့်     စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါနေ့ရက်များတွင် ဝန်ကြီး ရုံး၊ ဦးစီးဌာနများမှ စတုဒိသာများ ကို အမယ်စုံလင်စွာဖြင့် ကျွေးမွေး ဧည့်ခံသွားမည်ဖြစ်ကြောင်း  သိရ သည်။            
         

သတင်းစဉ်