နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မဟာသင်္ကြန်ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေးကာ အတူတကွ ဆင်နွှဲ

 

မန္တလေး   ဧပြီ  ၁၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့၌ မန္တလေးမြို့သူမြို့သားများနှင့် ဝန်ကြီးဌာနများ၏  အတာသင်္ကြန်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များနှင့် စတုဒိသာဧည့်ခံရေးမဏ္ဍပ်များသို့ သွားရောက်၍ ကြည့်ရှု အားပေးကာ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်   ဦးမျိုးအောင်နှင့်အဖွဲ့သည်   မန္တလေးကျုံးတောင်ဘက် ခြမ်းရှိ  မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ဝန်ကြီးဌာန၊ ဦးစီးဌာန များ၊ မြို့သူမြို့သားများ၏ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ တွင်   ယိမ်းအဖွဲ့များ၏   အကအလှများ၊  နိုင်ငံကျော်အနုပညာရှင် များ၏   မြူးမြူးကြွကြွသီဆိုဖျော်ဖြေမှုများကို   ကြည့်ရှုအားပေးခဲ့ကြ ပြီး   အနုပညာရှင်များ၏ မြူးမြူးကြွကြွ  သီဆိုမှုသံစဉ်များနှင့်အတူ အေးချမ်း ပျော်ရွှင်စွာ    ကခုန်အားပေးနေကြသည့်    မြို့သူမြို့သားများအား နှုတ်ဆက်အားပေးခဲ့ကြပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း ပြည်သူ များနှင့် အတူတကွဆင်နွှဲကာ အတာရေများ အပြန်အလှန်   ပက်ဖျန်း ကြသည်။

 


ယနေ့တွင်   ရေကစားမဏ္ဍပ်များ၊    ဖျော်ဖြေရေးမဏ္ဍပ်များနှင့် စတုဒိသာမဏ္ဍပ်များတွင် ရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြသည့် မန္တလေးမြို့သူ မြို့သားများ၊ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လာရောက်လည်ပတ် ကြသည့် အများပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်