နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီယယ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်    ဇူလိုင်    ၃


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁  ခုနှစ် တိုင်းဒေသကြီးနှင့်   ပြည်နယ်   အသက် (၂၁)  နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား  လေ့ကျင့်ရေးကွင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဦးစောဒန်နီယယ်နှင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့  တက်ရောက် ကြည့်ရှုအားပေးကြသည်။


ယှဉ်ပြိုင်ကစား


နံနက် ၇နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း (၃)၌  အုပ်စု(ဃ)၏   နောက်ဆုံးပွဲစဉ်ဖြစ်သော မန္တလေးတိုင်းဒေသကြီးအသင်း  နှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်း ဒေသကြီးအသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊   ညနေ ၃ နာရီခွဲ  တွင်  ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး  ကွင်း(၁)နှင့်  ကွင်း(၃)  တို့၌ အုပ်စု(ခ) နောက်ဆုံးပွဲစဉ်ဖြစ်သော မွန်ပြည်နယ်အသင်းနှင့် ကယား ပြည်နယ်အသင်းတို့    ယှဉ်ပြိုင်ကစားကြရာ   မွန်ပြည်နယ်အသင်းက  နှစ်ဂိုး၊  ဂိုးမရှိဖြင့်လည်းကောင်း၊   မကွေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်း ဒေသကြီးအသင်းက ခုနစ်ဂိုး နှစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိကြပြီး  ကွာတားဖိုင်နယ်ပွဲစဉ်သို့ မွန်ပြည်နယ်အသင်း၊ မကွေးတိုင်းဒေသကြီး အသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းတို့ တက်ရောက်သွားကြောင်း သိရှိရသည်။


ပြိုင်ပွဲ ပွဲစဉ်များကို ဇူလိုင် ၄ ရက်တွင် ရပ်နားပြီး ကွာတားဖိုင်နယ် ပွဲစဉ်များကို ဇူလိုင် ၅ရက် နံနက် ရနာရီခွဲနှင့် ညနေ ၃ နာရီခွဲတို့တွင် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်း(၁)နှင့် (၃)တို့၌ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သတင်း ရရှိသည်။                                                                

 သတင်းစဉ်