
နေပြည်တော် စက်တင်ဘာ ၃၀
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်း ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ“နမောတဿ” ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အခမ်း အနားတက်ရောက်လာကြသူများ က ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံ ပါဠိတက္ကသိုလ် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာ တော် သံဃာတော်အရှင်သူမြတ် များ ချီးမြှင့်အပ်သော ပရိတ်တရား တော်များကိုနာကြားကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အခမ်းအနားတက် ရောက်လာကြသူများက ဆရာ တော် သံဃာတော်အရှင်သူမြတ် တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ ရေစက် သွန်းချ အမျှဝေပြီး အနုမောဒနာ တရားနာကြား၍ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံး ကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနား ရုပ်သိမ်းပြီး ဆရာတော် သံဃာတော်များအား အရုဏ် ဆွမ်းဆက်ကပ် လှူဒါန်းကြ သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ အမှတ်(၃)မင်္ဂလာကန်တော်တွင် ကျင်းပ သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြ ပြီး မင်္ဂလာကန်တော်အတွင်းသို့ ငါးမြစ်ချင်းငါးမျိုးစိတ် ငါးသား ပေါက်ကောင်ရေ ၁၀၀၀၀ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်