
နေပြည်တော် ဧပြီ ၂၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီ ဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiao Hong ၏ ဖိတ်ကြား ချက်အရ ဧပြီ ၂၄ ရက်မှ ၂၉ ရက် အထိ မြန်မာ - တရုတ် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးဆောင် ရွက် နိုင်ရေး တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ် နိုင်ငံ ကွမ်ကျိုးမြို့သို့ ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး ထိုမှ တစ်ဆင့် တရုတ်နိုင်ငံ ပေကျင်းမြို့ သို့ ဆက်လက်ထွက်ခွာရာ ဧပြီ ၂၄ ရက် ညပိုင်းတွင် ရောက်ရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဌာန ဒုတိယဝန်ကြီး Mr. Xu Datong ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ကြီး ဦးတင်မောင်ဆွေ၊ စစ်သံမှူး ကြီး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်တို့က ကြိုဆိုခဲ့ကြသည်။
အဆိုပါ အလုပ်သဘောခရီးစဉ် အတွင်း ဧပြီ ၂၅ ရက် နံနက်ပိုင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်း ရဲတက္ကသိုလ်သို့ သွားရောက် လေ့လာခဲ့သည်။ (အောက်ပုံ)
ညနေပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်း ဝေ့အန်း ဟိုတယ် (Beijing Rui An Hotel) ၌ မြန်မာ - တရုတ် နှစ်နိုင်ငံဝန်ကြီး အဆင့် အစည်းအဝေးကို ကျင်းပ ရာ နှစ်နိုင်ငံလုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ် ဒေသနေပြည်သူများ ဘေးကင်း လုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ အမြစ်ပြတ်ပပျောက် ရေး၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး၊ တရားမဝင် မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေး၊ နိုင်ငံဖြတ်ကျော် မှုခင်းများကို ပူးပေါင်းတိုက်ဖျက် ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန် ရပ်တည် ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် ယွမ် ငါးသန်းတန်ဖိုးရှိ အကူအညီ ပေးအပ်ရေးစာလွှာကို နှစ်နိုင်ငံ ဝန်ကြီးများက လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။ (အပေါ်ပုံ)
ဆက်လက်၍ နိုင်ငံရပ်ခြားမှ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အရာရှိကြီးများအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက ချီးမြှင့်ပေးအပ်သော အမြင့်ဆုံးဆု တံဆိပ်ဖြစ်သည့် Golden Great Wall Commemorative Medal ဆုတံဆိပ်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီ ဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiao Hong က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်အား ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး က ဆုတံဆိပ်ကိုလက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။
ထို့အပြင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဆောင် သောအဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီ ဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiao Hong ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင် သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီး ဌာနဝန်ကြီးက တည်ခင်းဧည့်ခံ သော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်