
ရဲကျင့်ဝတ်အပါး (၇၀) အား တပ်ဖွဲ့ဝင်အားလုံး သိရှိလိုက်နာပြီး အစဉ်အလာ (၁၂) ရပ်တွင် ပါရှိသည့် လုံခြုံရေးကိစ္စရပ်များအား
နောင်တော်တပ်မတော်နှင့် လက်တွဲကာ ယခုကဲ့သို့ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားရမည်
နေပြည်တော် စက်တင်ဘာ ၆
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တာဝန်ယူထားသည့် နယ်စပ်ဒေသစခန်းအား ရက်အတန်ကြာ ပိတ်ဆို့ကာ သာလွန်အင်အားအများအပြားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် (ငါမသေ ငါ့စခန်းမကျစေရ) ဆိုသည့် ခိုင်မာသော သန္နိဋ္ဌာန်စိတ်ဖြင့် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြရသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးကျူးပါကြောင်း၊ ရဲတပ်ဖွဲ့မှ ကျင့်သုံးနေသည့် ရဲကျင့်ဝတ်အပါး (၇၀) အား တပ်ဖွဲ့ဝင်အားလုံး သိရှိလိုက်နာပြီး အစဉ်အလာ (၁၂) ရပ်တွင် ပါရှိသည့် လုံခြုံရေးကိစ္စရပ်များအား နောင်တော်တပ်မတော်နှင့် လက်တွဲကာ ယခုကဲ့သို့ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ပြောကြားခဲ့သည်။
ပြည်ထောင်စု ဝန်ကြီးသည် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးခန်းမနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ခန်းမများတွင် လည်းကောင်း၊ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်း တွင် မောင်တောဒေသရှိ မြို့သူကြီးနယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲနှင့် ကျီးကန်းပြင် နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်များတွင်လည်း ကောင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များအား တွေ့ဆုံ အားပေး အမှာစကားပြောကြား ရာတွင် ထိုသို့ ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
မသင်မနေရပညာရေးသတ်မှတ်
ထို့ပြင် ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားမှုများ၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်ခဲ့ရသည့် အကြောင်း ရင်းများအား ချပြရှင်းလင်းကာ မိသားစုအတွင်း ကလေးငယ်များ ပညာရည် မြင့်မားရေးအတွက် နိုင်ငံတော် အကြီးအကဲမှ သတ်မှတ်ပေးထားသည့် ပညာ ရေး အဆင့်အတန်းအထိ နိုင်ငံ တော်မှ အကုန်အကျခံကာ မသင် မနေရ ပညာရေးအဆင့် သတ်မှတ် ထားရှိမှုအခြေအနေနှင့် ကလေး ငယ်များ ပညာရည်တိုးတက် မြင့်မားပြီး ဘဝတက်လမ်း အထောက်အကူပြုမှုတွင် မိခင် များ၏ အခန်းကဏ္ဍသည် အလွန် မြင့်မားစွာပါရှိနေသည်ကို တွေ့မြင် ရမည်ဖြစ်ပြီး ဂုဏ်ယူရမည်ဖြစ် ကြောင်းနှင့် မိသားစုများအနေ ဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ယခု ထက် ပိုမိုတိုးတက်အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်သွား ကြရေးတို့ကို အသေးစိတ်မှာကြား ပြီး နေရာဒေသ တစ်ခုချင်းစီမှ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား ပွင့်လင်းစွာ ဆန္ဒဖော်ထုတ်တင်ပြ စေပြီး လိုအပ်ချက်များကို ဖြည့် ဆည်းပေးသည်။
ပန်းခင်းစီမံချက်
ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီးသည် စစ်တွေမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ တွင် ကိန်းဂဏန်းစာရင်းဇယား များ တိကျမှန်ကန်မှု လိုအပ်သည့် အခြေအနေများ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် ပေါင်းစပ်အားဖြည့် ဆောင်ရွက် ပေးနိုင်ရေး၊ နိုင်ငံတော်မှ ချမှတ် ထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ များဖြင့် စစ်ကြောင်းကြီး (၅) ကြောင်းလှုပ်ရှားမှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် မိသားစု များ ပညာရည်မြင့်မားရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ် မှာကြားသည်။
အလားတူ ပြည်ထောင်စု ဝန်ကြီးသည် ပြည်နယ်မီးသတ် ဦးစီးဌာနတွင် မီးသတ်ယာဉ်များ ကြံ့ခိုင်မှုကို စစ်ဆေးပြီး မီးသတ် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ အား တွေ့ဆုံမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် စစ်တွေအကျဉ်း ထောင်တွင် အကျဉ်းသားများ၏ နေထိုင်စားသောက်မှုများ၊ ချက် ပြုတ် ကျွေးမွေးနေမှုနှင့် ရေ၊ မီး၊ မိလ္လာရရှိမှု ကိစ္စရပ်များကို အဆောင် တစ်ဆောင်ချင်းစီ အသေးစိတ် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
အိမ်ထောင်စုလူဦးရေစာရင်း
စက်တင်ဘာ ၆ ရက် နံနက် ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် စစ်တွေခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးတွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) များအား E-ID Software Programme ဖြင့် Server အတွင်း သို့ ထည့်သွင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ အား သွားရောက်ကြည့်ရှု၍ ဌာန များ လုပ်ငန်းတာဝန်အလိုက် ပေါင်းစပ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး Server စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှု များကို အသေးစိတ်လေ့လာ ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် စစ်တွေမြို့ရှိ လုံခြုံ ရေး ရဲတပ်ဖွဲ့ခွဲ စားရိပ်သာ၌ တပ်ဖွဲ့ဝင်များနှင့်အတူ နေ့လယ် စာ စားသုံးပြီး စစ်ဆင်ရေး၊ လုံခြုံ ရေး၊ နယ်မြေအခြေအနေနှင့် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများ၏ လှုပ်ရှား ဆောင်ရွက်မှု အခြေအနေတို့ကို အသိပေးပြောကြားကာ တပ်ဖွဲ့ဝင် များ၏ အခက်အခဲများကို ဆန္ဒ ဖော်ထုတ်ပွဲပြုလုပ်ပေးပြီး တင်ပြ ချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်းပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မိသားစုဝင်များအား သွားရောက်တွေ့ဆုံပြီး နေအိမ် လိုင်းခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ မိသားစုဝင်များ ၏ အခက်အခဲ တင်ပြချက်များ အပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ ကာ မူကြိုကျောင်းအတွက် လိုအပ် သော ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
လမ်းဖောက်လုပ်မှုစစ်ဆေး
ယင်းနောက် တပ်ဖွဲ့ခွဲအတွင်း ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ သည့် တပ်တွင်းလမ်းဖောက်လုပ် နေမှုနှင့် ကွန်ကရစ်ခင်းကျင်းနေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်